Home » » သရုပ်ဆောင် အိန္ဒြာကျော်ဇင် သမီးလေး မွေးပြီ

သရုပ်ဆောင် အိန္ဒြာကျော်ဇင် သမီးလေး မွေးပြီ

Written By မောင်စေတနာ on Monday, October 17, 2011 | 3:40:00 PM



“သရုပ်ဆောင် ပြေတီဦးနှင့် အိနြာကျော်ဇင်တို့၏ သမီးဦးရတနာကို အောက်တိုဘာ ၁၄ နံနက် ၆ နာရီ ၈ မိနစ်တွင် ၀ိတိုရိယ ဆေးရုံ၌ ခွဲစိတ်မွေးဖွားခဲ့သည် — မိသားစုဝင်များက ချစ်စနိုးဖြင့် ဘေဘီအူဝဲ ဟု ခေါ်ဆိုကြသည်” ဟု True News ဂျာနယ် facebook တွင် အထက်ပါဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။


ယနေ့ Facebook တွင် ပေါ်လာသော အိန္ဒြာကျော်ဇင်၊ ပြေတီဦး နှင့် သမီးငယ်လေး။

ဇူလိုင်လက ပေါ်ပြူလာဂျာနယ်တွင် ဖော်ပြထားချက်အရ သမီးလေးမွေးမည်ဆိုသည်ကို ရန်ကုန်မြို့ ၀ိတိုရိယဆေးရုံတွင် စစ်ဆေးချက်အရ ကြိုတင်သိရှိထားပြီးဖြစ်သည်ဟု ဆိုသည်။“သမီးလေး ကို နာမည်ပေးရင်လည်း နှစ်ယောက်စလုံးပါတဲ့နာမည်ပဲ ပေးဖြစ်သွားမှာပါ” သရုပ်ဆောင် ပြေတီဦးက ပြောဆိုပြီး၊ “ဗေဒင်ဆရာတစ်ယောက် ဟောထားတာ ရှိတယ်။

အိန္ဒြာတီဦးဆိုတာ၊ အဲဒီနာမည်လေးလည်း လှတာပါပဲ။ ကောင်းပါတယ်။အဲဒီနာမည်လေးဆို နှစ်ယောက်စလုံး နာမည်လည်းပါတယ်၊ လှလည်းလှတယ်” ဟု သရုပ်ဆောင် အိန္ဒြာကျော်ဇင်က ပြောဆိုကြောင်း ပေါ်ပြူလာတွင် ရေးသားထားသည်။

Source by :http://www.mmbloggers-malay.co.cc/
Share this article :

2 comments:

Keira ju said...

မမအိန္ဒြာကျော်ဇင်က မိတ်ကပ်မလိမ်းဘဲ သဘာဝအတိုင်း ပိုလှနေတယ်နော်..မမကိုချစ်လို့ မမမွေးတဲ့သမီးလေးကိုလဲ ချစ်တယ်...

Keira ju said...

မမအူဝဲကိုချစ်လို့ မမမွေးတဲ့သမိးလေးကိုလဲ ချစ်တယ်

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။