Home » » အိုဗာစတေး သမားများ မြန်မာသံရုံးတွင် ပတ်စပို့ လျှောက်ထားနိုင်ပြီ

အိုဗာစတေး သမားများ မြန်မာသံရုံးတွင် ပတ်စပို့ လျှောက်ထားနိုင်ပြီ

Written By မောင်စေတနာ on Monday, October 17, 2011 | 6:30:00 AM



အိုဗာစတေးသမားများအား မလေးရှား အစိုးရမှ တရားဝင် နေထိုင်ခွင့်ပြုခဲ့သော 6P စီမံ ချက်တွင် လက်ဗွေနှိပ် မှတ်ပုံတင်ခြင်း ပထမ အဆင့် ပြီးဆုံးပြီးနောက် ဒုတိယအဆင့်အဖြစ် မြန်မာသံရုံးတွင် ပတ်စပို့ လျှောက်ထားရမည်ဖြစ် သည်။

မလေးရှားအစိုးရမှ နေထိုင်ခွင့် ထောက် ခံချက် ရပြီးမှသာ ပတ်စပို့စာအုပ် လျှောက်ထား ရမည်ဟု ယခင်က သိရှိထားသော်လည်း တရား ၀င်နေထိုင်ခွင့် ပါမစ်များ ပေးရန်မှာ ပတ်စပို့စ် စာအုပ်သည် အဓိကအဆင့် ဖြစ်နေသောကြောင့် ပိတ်စပို့စာအုပ် ဦးစွာထုတ်ပေးရန် မလေးရှား အစိုးရက နိုင်ငံအလိုက် သံရုံးများအား တောင်းဆို မှု ပြုခဲ့သည်။

စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် မြန်မာသံရုံး၏ အကြောင်းကြားချက်အရ လက်ဗွေ နှိပ်ကာ မှတ်ပုံတင်ထားပြီးဖြစ်သော အိုဗာစတေး သမားများအားလုံး စာရွက်စာတမ်းပြည့်စုံပါက ပတ်စပို့စာအုပ် ထုတ်နိုင်ပြီဖြစ်ကြောင်း သိရှိရ သည်။

လိုအပ်သည့် စာရွက်စာတမ်းများမှာ (၁) မှတ်ပုံတင်မိတ္တူ၊ (၂) အိမ်ထောင်စုစာရင်း မိတ္တူ၊ (၃) ရပ်ကွက်ထောက်ခံစာ၊ (၄) ရဲစခန်း ထောက်ခံစာ နှင့် (၄) နောက်ခံအဖြူရောင်ဖြင့် ပတ်စပို့အရွယ် ကာလာဓာတ်ပုံ (၄) ပုံ တို့ဖြစ် သည်။

ပတ်စပို့စာအုပ် ကုန်ကျစရိတ်နှင့်ပတ် သက်၍ နှစ်ပေါင်းမည်မျှကြာအောင် နေထိုင်ခဲ့ သည်ဖြစ်စေ အခွန်ပေးဆောင်စရာမလိုဘဲ စာအုပ် ဖိုး ရင်းဂစ် ၃၅၀ ခန့်သာ ကောက်ခံသွားမည်ဟု လွန်ခဲ့သည့် နှစ်လခန့်က မြန်မာသံရုံးမှ မီဒီယာ များသို့ ထုတ်ပြန်ကြေငြာခဲ့သော်လည်း ယခုအခါ နှစ်အလိုက် သတ်မှတ်ကာ ကောက်ခံသွားမည်ဟု သိရသည်။

ကောက်ခံမှုနှုန်းများမှာ ၃ နှစ်အောက် နေထိုင်ခဲ့သူများအတွက် ရင်းဂစ် ၄၈၀၊ ၃ နှစ်မှ ၅ နှစ်ကြား နေထိုင်ခဲ့သူများအတွက် ရင်းဂစ် ၆၄၀၊ ၅ နှစ်နှင့်အထက် နေထိုင်ခဲ့သူများအတွက် ရင်းဂစ် ၉၆၀ တို့ ဖြစ်ကြောင်း သိရှိရသည်။

စာအုပ်လျှောက်ထားရာ၌ မြန်မာအေး ဂျင့်များနှင့် ဆောင်ရွက်ထားပါက မိမိတို့လက်ဗွေ နှိပ်ထားသော မြန်မာကိုယ်စားလှယ်များမှတဆင့် စာအုပ်လျှောက်ထားရန်နှင့် အပြင်သူဌေးများဖြင့် ဆောင်ရွက်ထားပါက မိမိတို့ကိုယ်တိုင် မြန်မာ သံရုံးတွင် သွားရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။

လေပြည် (သတင်းကွန်ယက်)

Source by :http://newsnetworkmedia.blogspot.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။