Home » » မလေးရှားရောက် မြန်မာများ အားလုံးအတွက် Passport လျှောက်ထားခြင်း ကိစ္စများ အသေးစိပ်ဖတ်ရန်

မလေးရှားရောက် မြန်မာများ အားလုံးအတွက် Passport လျှောက်ထားခြင်း ကိစ္စများ အသေးစိပ်ဖတ်ရန်

Written By မောင်စေတနာ on Thursday, September 8, 2011 | 1:12:00 AM


မင်္ဂလာပါ .......

ကျွန်တော်တာ ၀န်ယူတင်ဆက်နေတဲ့ မလေးရှားရောက် အိုဗာစတေး သမားများအတွက် 6P စီမံချက် သတင်းများကို ကျွန်တော်ဆက်တိုက်တင်ပေးနေခဲ့ပါတယ် ။ ယခု ဆက်လက်ပြီး ထူးခြားသတင်း အနေနဲ့ 6P စီမံချက်ရဲ့ ဒုတိယအဆင့် နဲ့ တတိယအဆင့်ဖြစ်တဲ့ Legalization & Amnesty - မြန်မာလို ပါမစ်ပြန်လည် ချထားပေးခြင်းနှင့် ပြန်ပို့ရန် ဆုံးဖြတ်ခြင်း အဆင့် 2 ဆင့်ကို လာမယ့် 15.9.2011 မှာစတင်မှာဖြစ်ကြောင်းသိရပါတယ် ။

ပါမစ်လျှောက်ထားသူများအားလုံး အထူးသတိပြုရန်မှာ မိမိတို့ ယာယီပါမစ်ပေါ်ရှိ နာမည် ၊ မွေးနေ့ ၊ Passport နံ့ပတ် အစရှိတဲ့ အလုပ်သမားကိုယ်ရေးအချက် (Bio Data) များမှားယွင်းခြင်း ၊ သူဌေးပြောင်းလဲခြင်း ၊ ပါမစ် Sector များပြောင်းလဲခြင်းကို ထိုနေ့မတိုင်မီ အမြန်ဆောင်ရွက်ထားရန် အလွန်အရေးကြီးပါတယ် ထိုသို့ပြောင်းလဲရန် အတွက် မလေးရှား လူဝင်မှု့ကြီးကြပ်ရေးမှ ပြောင်းလဲရမည့် ပုံစံ ( Form ) များကို ထုတ်ပေးထားပြီဖြစ်ပါတယ် ။ မိမိတို့လက်ဗွေ နှိပ်ထားသော အေးဂျင်းများ ၊ ကုမဏီများ နှင့် လူဝင်မှု့ကြီးကြပ်ရေးဌာနများ စသဖြင့် မိမိတို့လက်ဗွေ နှိပ်တဲ့နေရာမှာ ကိုယ်တိုင်သွားရောက်ပြောင်းလဲ ရမှာဖြစ်ပါတယ် ခင်ဗျာ ။

သို့မှသာ Approval ရရှိပါက ပါမစ် နှင့် စာအုပ် အချက်အလက်များ မှန်ကန်မှု့ရှိမည်ဖြစ်ပါတယ် ။ မမှန်ကန်ပါက ပါမစ်ကပ်ရန် အခက်ခဲရှိနိုင်ပြီး ကြန့်ကြာ နိုင်ပါတယ် ။

Approval ( မလေးရှားအစိုးရမှ ပါမစ်ပေးမည့်အကြောင်း စာရွက်စာတန်း ) ရရှိပြီးမှသာ မြန်မာနိုင်ငံကူးလက်မှတ် ( Passport ) ရရှိမှာဖြစ်ပါတယ် ။ ထိုသို့ Approval ရရှိမှလည်း Levy ကြေး သွင်းခြင်းနှင့် ကျန်သော အဆင့်များကို ထုံးစံအတိုင်ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပါတယ် ။

ယခု ထပ်ပြီး မလေးရှား နိုင်ငံ မြန်မာ သံရုးမှ စာအုပ်ဖိုး ကုန်ကျငွေ အစုစု နှင့် လျှောက်ထားရမည့် လိုအပ်သော အချက်အလက်များ ၊ ဈေးနှုန်းများ နှင့် လျှောက်ထားရန် နေရာများကို ကြော်ငြာပြီဖြစ်ပါတယ် ။ ထိုကြော်ငြာစာတမ်းမှာ အောက်ပါအတိုင်းဖြစ်ပါတယ် ။


http://api.ning.com/files/exeWd9XH7efgL3iTvKC1nyFMhiffBZA82tSxG-3yFKIvpo-DpoigExh6iXIHvBS00ppsCvhkcXZhrKX6FCTflHZsgMAec5GZ/EmbassyNotice1.jpg


http://api.ning.com/files/asyaz26RQo8JZBZwde4Q0UJ-Truox7Kojt8ZQtUgRq*FZg9RzxZztRQp8S4t7DdQpKLp4iFfd6B8Muw5*cQIF6aibDb3XHrU/Embassynotice2.jpg


http://api.ning.com/files/BdqaKKjpPtyOPUCtzAnIAwMkS5EOW6ugd21DtsIy4jrLsLC9JWMJk615hUhRjjwpoerGVbhcFCArDNbGhsYDDmDdtx1BJzI3/Embassynotic3.jpg
သိုဖြစ်ပါ၍ ယာယီပါမစ် ပြုလုပ်စဉ် က ပါတ်စပို့မိတ္တူသာ ပေးထားသော သူများ မှတ်ပုံတင် ၊ သန်းခေါင်စာရင်း နှင့် ရပ်ကွက်ထောက်ခံစားများ ထပ်မံ ပြင်ဆင်ထားရန် အထူးအသိပေး အကြောင်းကြားရပါတယ် ။

မိမိတို့ လက်ဗွေ နှိပ်ထားသော ကုမ္မဏီ အေးဂျင်းများထံတွင်လည်း ပါတ်စပို့စာအုပ် များလျှောက်ထားနိုင်ပါတယ် ။ တစ်ချို့သောတရုတ် အေဂျင်စီများ စာအုပ်အတွက် 2000 တိတိ တောင်းတာမျိုးကျွန်တော်ကိုယ်တိုင်ကြုံခဲ့ဘူးပါတယ် ။ သို့ကြောင့် မိမိတို့မသိရှိပါက နီးစပ်ရာ မြန်မာများထံ (သို့) ကျွန်တော်တို့ထံ မေးမြန်းစုံစမ်းနိုင်ပါတယ် ။

အကယ်၍ စာအုပ်လျှောက်ရန် ဖောင်ပုံစံကို ရလိုပါက အောက်ပါဖောင်အား ကူးယူပြီး Print Out ထုတ်၍ အထက်ပါ ကြော်ငြာချက်ပါ အချက်အလက်များအတိုင်း ဖြည့်စွက်ပြီး စတင်လျှောက်ထားနိုင်ပါပြီခင်ဗျာ ။


http://api.ning.com/files/1okyJOVsvrPuv1-egHnLZzELXNw2-MxJYKlkwKI-kl7dL2qAdorCm2EAbQy7RXTznKlfXJW4SP24kKMyrvSv2SZ0MmPnjN9C/Embassyform.jpg

(အထက်ဖော်ပြပါ စာများကို မမြင်ရပါက ကော်ပီကူးပြီး မိမိ၏ စက်ထဲတွင်ဖတ်ပါရန်)

ဆက်လက်ပြီး နိုင်ငံတစ်ကာတွင်နေထိုင်သော မြန်မာနိုင်ငံသားများအတွက် အခွန် ကောက်ခံမှု့ကို ယခင် ၀င်ငွေ၏ 10 % တိတိကောက်ခံသော်လည်း ယခု 19.8.2011 မှစ၍ 18.2.2012 အထိ 6 လတာကာလအကြား မည်သူမဆို နိုင်ငံခြားဝင်ငွေ၏ 2 % ကိုသာ လျှော့ချကောက်ခံသွားမည်ဖြစ်ကြောင်း ကြော်ငြာချက်ထုတ်ပြန်လိုက်ပါတယ် ။

သို့ပါသောကြောင့် ဤ 6 လအတွင်း အခွန်ဆောင်လိုသောသူများအားလုံး ၊ ပါတ်စပို့သက်တမ်းတိုး ၊ စာအုပ်အသစ်လဲ ၊အခွန်ဆောင် စသဖြင့် မည်သူမဆို လျှော့ချ အခွန် 2 ရာခိုင်းနှုန်းဖြင့် အခွန်ဆောင်နိုင်ကြောင်း ၀မ်းမြောက်ဖွယ် သတင်းပေးရပါတယ် ။

ထိုဥပဒေသည် မည်သည့်နိုင်ငံတွင်မဆို နိုင်ငံတစ်ကာရောက်မြန်မာများသာမက ပြည်တွင်းရှိ နိုင်ငံခြားဝင်ငွေရရှိသော သူများပါအပါ အကျုံးဝင်ကြောင်း မသိရှိသေးသူများအတွက် သိရှိနိုင်ရန် သတင်းတင်ဆက်လိုက်ရပါတယ် ။

လေးစားလျှက်

KOMYO

Share this article :

1 comments:

Kzaw said...

Update သတင်းလေးဖတ်သွားတယ် ကိုနေရေ
ကျေးဇူးနော်။

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။