Home » » မသမာသော အေဂျင်စီများကို နာမည်ပျက် စာရင်းသွင်းရန် မလေးရှားသံရုံး စီစဉ်နေ

မသမာသော အေဂျင်စီများကို နာမည်ပျက် စာရင်းသွင်းရန် မလေးရှားသံရုံး စီစဉ်နေ

Written By မောင်စေတနာ on Friday, September 2, 2011 | 4:42:00 AM



မသမာသောနည်းလမ်းများ အသုံးပြု၍ ဗီဇာလျှောက်ထားခြင်း နှင့် အခြား အလွဲသုံးစားမှုများ ပြုလုပ်ပါက ကုမ္ပဏီနာမည်သာမက ဝန်ထမ်းအားလုံးကိုပါ နာမည်ပျက် စာရင်းသွင်းကာ တရားဝင် ထုတ်ဖော် ကြေညာရန် မလေးရှားသံရုံးမှ စီစဉ်နေကြောင်း ကျောက်တံတား မြို့နယ်ရှိ အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် မလေးရှားသံရုံး၌ Black List သတ်မှတ်ထားသော ကုမ္ပဏီ ၃ခုရှိနေပြီး တရားဝင်ထုတ်ဖော် ကြေညာရန် ပြင်ဆင်နေကြောင်း ၄င်းကပြောသည်။

"အရင်ကလည်း ဒီလို Black Listလုပ်ထားတဲ့ ကုမ္ပဏီတွေ သံရုံးမှာပဲ အသိပေး ကပ်ထားတတ်တယ်။ အခုက မရတော့ဘူး။ မရိုးမဖြောင့် လုပ်တဲ့ကုမ္ပဏီဆိုရင် MD ကအစရှိသမျှ ဝန်ထမ်းအားလုံးကို အမည်ပျက် စာရင်းသွင်းမယ်။ သံရုံးမှာလည်း ကပ်ထားမယ်။ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနနဲ့ သက်ဆိုင်ရာ ဌာနတွေကိုလည်း အကြောင်းကြားမယ်။ အဲဒါအပြင် မလေးရှား အစိုးရနဲ့ အေဂျင်စီ တွေကိုလည်း စာရင်းပို့မယ်လို့ ပြောတယ်။ ဘာမှ ဆက်လုပ်ခွင့် မရှိတော့ဘူးပေါ့”

ဟု ၄င်းကဆိုသည်။

မလေးရှားသံရုံး အနေဖြင့် ၂ဝ၁၁ ခု၊ သြဂုတ်လ ၂၆ ရက်တွင် လိုင်စင်ရ အေဂျင်စီများအား ဖိတ်ကြား၍ အပြောင်းအလဲ လုပ်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းရာ၌ ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြည်တွင်းရှိ မလေးရှား အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ အချို့မှာ ၂ဝ၁၁ ခု၊ မတ်လအတွင်း KDM အတုများဖြင့် ဗီဇာရယူကာ မလေးရှားသို့ လုပ်သား စေလွှတ်သည့် အမှုများ ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်း မလေးရှား သံရုံးအနေဖြင့် စည်းမျဉ်းများ ပြောင်းလဲ ဆောင်ရွက်ခဲ့ရာ ယခုအခါ ပိုမို တင်းကြပ်လာခြင်း ဖြစ်ကြောင်း ၄င်းကဆိုသည်။

၎င်းအပြင် သံရုံးရှိ ဝန်ထမ်းဦးရေကို တိုးမြှင့်သွားမည်ဖြစ်ပြီး အေဂျင်စီများ၏ မသမာမှုများနှင့် အခက်အခဲ များကို မည်သူမဆိုတိုင်ကြားနိုင်ကာ သံရုံးနှင့်ပတ်သက်၍ သိလိုသည် များကိုလည်း တိုက်ရိုက် တွေ့ဆုံ မေးမြန်းနိုင်ကြောင်း သိရသည်။

"သူတို့က အခု ဗီဇာလျှောက်တဲ့ အခါမှာလည်း မမှန်မကန် လုပ်စားလာကြတော့ အားလုံးကို စနစ်တကျ စိစစ်ကိုင်တွယ်သွားဖို့ အစီအစဉ် ချလာတယ်။ နောက်တစ်ခုက လာဘ်ပေးလာဘ်ယူ မှုတွေကိုလည်း ခွင့်မပြုဘူး။ လာဘ်ထိုးတာတွေ၊ လက်ဆောင် ပစ္စည်း ပေးတာတွေကိုလည်း လုံးဝမလုပ်ဖို့ တားမြစ်ထားပါတယ်”

ဟု ရှင်းလင်းပွဲ တက်ရောက်ခဲ့သော အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

၎င်းအပြင် အေဂျင်စီများနှင့် အပတ်စဉ် တွေ့ဆုံရန် စီစဉ်ထားပြီး မလေးရှား သံရုံးအနေဖြင့် လက်ခံ ရရှိသည့် တိုင်ကြားမှုများကို စီအိုင်ဒီ အဖွဲ့နှင့် ပုံမှန်တွေ့ဆုံကာ စစ်ဆေး အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။


Source by :Popular News
http://lannthit2007.blogspot.com/
Share this article :

7 comments:

မဒမ်ကိုး said...

အင်း တခါတလေလဲ အဲလိုလုပ်ပေးဦးမှပဲ
အကိုရေ
ခံရတဲ့သူတွေလဲသနားစရာ..

ခင်မင်လေးစားလျှက်
မဒိုးကန်.

ညီညီ said...

ကိုနေ.........
ပတ်စပို(စ်) စာအုပ် သက်တမ်းတိုးနှုန်းတွေ ကျတယ်ဆိုတာဟုတ်လားဗျာ.......
ပြီးတော့ အလုပ်သမားအသစ်ခေါ်ရင်လည်း
RM 25 နှင့် 28 ကျပ်ပေးရမယ်ဆိုတဲ့ သီတင်းတွေကရော တကယ်အတည် ဟုတ်လား..... ကျွန်တော်သူငယ်ချင်းတွေအားလုံးက သိချင်နေကြပါတယ်....အဲ့ဒီသတင်းလေးရရင် အမြန်တင်ပေးပါနော်...ကျေးဇူးတင်ပါတယ် အကို..........

ညီညီ said...

ကိုနေ........
အလည်ေ၇ာက်ခဲ့ပါတယ်.......
ပတ်စပို(စ်) သက်တမ်းတိုးတာ အ၇င်ကထက်ထက် ဈေးတွေကျတယ်ဆိုတာဟုတ်လား.... နောက်ပြီး မြန်မာအလုပ်သမားအသစ်ခေါ်ရင်လည်း bsaic pay RM 25 နဲ့ 28 အတွင်း ပေးရမယ်ဆိုတာရောဟုတ်လား....ကျွန်တော်သူငယ်ချင်းတွေက သိချင်နေကြတယ်.....ဒီသတင်းတွေခိုင်လုံရင် အမြန်တင်ပေးပါ အစ်ကို..အားကိုးပါတယ်...

nyinyi said...

အကို......
ပတ်စပို(စ်) သက်တမ်းတိုးကြေးတွေ လျှော့ချတယ်ဆိုတာဟုတ်လား..နောက်ပြီး အခုအလုပ်သမားအသစ်ခေါ်ရင် basic rate ကို
၂၅ ကျပ်နဲ့ ၂၈ ကျပ်အတွင်းပေးရမယ်ဆိုတာရော ဟုတ်လား...
အဲ့ဒီသတင်းလေးရရင် ပြည့်ပြည့်စုံစုံ သိချင်နေကြတယ်..ကျွန်တော်သူငယ်ချင်းတွေက....အားကိုးပါတယ်အကို..တင်ပေးပါဦး

nyinyi said...

အကို.........
ခုမလေးမှာ ပြောသံကြားနေတာ ပတ်စပို့(စ်)
သက်တမ်းတိုးကြေးတွေ လျှော့တယ်ဆိုတာနဲ့
အလုပ်သမားအသစ်ခေါ်ရင် basic rate ကို ၂၅နဲ့ ၂၈ အတွင်းပေးရမယ်ဆိုတာ ဟုတ်လား
ကျေးဇူးပြုပြီး အဲ့ဒီသတင်းလေး သိချင်ပါတယ်အကို..... ကျွန်တော်အကိုနဲ့လည်းစကားတွေပြောချင်ပါတယ်.... သူငယ်ချင်းတွေကလည်း အကို့ကို မေးပေးပါတဲ့..ကျွန်တော်အကောင့်လေးထားခဲ့ပါတယ်...အစ်ကို့ကိုဆက်သွယ်ချင်လို့ပါ chitnyi2win@gmail.com..

nyinyi said...

အကို...
အခုမလေးမှာ ကြားနေရတာ ပတ်စပို့(စ်) သက်တမ်းတိုးကြေးတွေ လျှော့တယ်ဆိုတာနဲ့
အလုပ်သမားအသစ်ခေါ်ရင်လည်း basic ကို ၂၅နဲ့ ၂၈ ကြားထဲ ပေးရမယ်ဆိုတာ ဟုတ်လား...အဲ့ဒီသတင်းလေးသိချင်ပါတယ်အကို..သူငယ်ချင်းတွေကလည်းသိချင်နေကြတယ်....အစ်ကိုနဲ့လည်းစကားပြောချင်ပါတယ်..ကျွန်တော်အကောင့်လေး ထားခဲ့ပါတယ်..ကျေးဇူးပါ..ကျွန်တော်က မောင့်သူငယ်ချင်းပါ..chitnyi2win@gmail.com

nyinyi said...

အကို...
အခုမလေးမှာ ကြားနေရတာ ပတ်စပို့(စ်) သက်တမ်းတိုးကြေးတွေ လျှော့တယ်ဆိုတာနဲ့
အလုပ်သမားအသစ်ခေါ်ရင်လည်း basic ကို ၂၅နဲ့ ၂၈ ကြားထဲ ပေးရမယ်ဆိုတာ ဟုတ်လား...အဲ့ဒီသတင်းလေးသိချင်ပါတယ်အကို..သူငယ်ချင်းတွေကလည်းသိချင်နေကြတယ်....အစ်ကိုနဲ့လည်းစကားပြောချင်ပါတယ်..ကျွန်တော်အကောင့်လေး ထားခဲ့ပါတယ်..ကျေးဇူးပါ..ကျွန်တော်က မောင့်သူငယ်ချင်းပါ..chitnyi2win@gmail.com

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။