Home » » ဘလော့သက်တမ်း ၂ နှစ်ပြည့် အမှတ်တရ အစီအစဉ် - 9.9.2011

ဘလော့သက်တမ်း ၂ နှစ်ပြည့် အမှတ်တရ အစီအစဉ် - 9.9.2011

Written By မောင်စေတနာ on Friday, September 9, 2011 | 7:49:00 PM



မင်္ဂလာပါ ...

အခုဆို ကျွန်တော်ရဲ့ ဆိုက်လေးဟာ အခုဆို 9.9.2011 နေ့ရက်လေးမှာ ၂ နှစ်ပြည့်သော နေ့လေး ဖြစ်ပါတယ်။ ၂ နှစ်ပြည့်သက်တမ်း လေးမှာ ဒီဆိုက်လေးနဲ့ ပက်သက်ပြီး ကျွန်တော့်ကို ထူးထူးခြားခြား အဖက်ဖက်က ကူညီပေးတဲ့ သူတွေအားလုံးကို အထူးပဲ ကျေးဇူးတင်မိပါကြောင်း ပထမဆုံး ပြောကြားပါရပါစေ ခင်ဗျာ ...

ဘလော့ ၂ နှစ်ပြည့်လေးဟာ ကျွန်တော့်အတွက် အမှတ်တရလေးနဲ့ ဖြစ်တဲ့အတွက် ၂ နှစ်ဆိုတဲ့ အချိန်လေးအတွင်းမှာ လူအများအတွက် တတ်နိုင်သလောက်လေး တစ်ထောင့်တစ်နေရာလေးက ကူညီပေးရတဲ့ အတွက် ကျွန်တော်ပီတိဖြစ်မိပါတယ်။

ကျွန်တော်ရည်ရွှယ်ချက်က ကျွန်တော် အသက်ရှင်နေသရွှေ့ ကျွန်တော် တတ်နိုင်သလောက်လေး လူအများအတွက် ကူညီပေးမယ်လို့ ကျွန်တော့်စိတ်ထဲ ခံယူချက်ထားပြီး လုပ်ဆောင်လျှက် ရှိနေပါတယ်။

ကျွန်တော်ရဲ့ ဝက်ဆိုက်လေးနဲ့ ပက်သက်ပြီး အဖက်ဖက်က ကူညီပေးသူများကတော့ မမ အိမ်လွမ်းသူ မိသားစု (ဒိန်းမတ်) နိုင်ငံမှ 2011 အတွက် တစ်နှစ်တာ ဒိုမိန်း လှူထားပါတယ်။ မမ မလေးလေး မိသားစု (မလေးရှား) မှ 2013 အတွက် တစ်နှစ်တာ ဒိုမိန်း လှူထားပါတယ်။



ဝက်ဆိုက်နဲ့ ပက်သက်ပြီး ကျွန်တော်မသိတာတွေ သင်ပြပေးတဲ့ ကိုဝဏ္ဏထွန်း ဘယ်တော့မှ မအားတတ်တဲ့ ဆရာ ကိုလတ် ဆရာထက် တပည့်က တော်တယ်ပြောတတ်တဲ့ ကိုစံလင်းထွန်း တို့ကို အထူး ကျေးဇူးတင်မိပါတယ်။

ဆက်လက်ပြီး ကျွန်တော့်ကို ဘာလော့ကာ ဆိုတဲ့ နာမည်လေးရလာအောင် အဖက်ဖက်က သူငယ်ချင်းများ မိတ်ဆွေများ စာဖတ်ပရိတ်သတ်များ အားလုံးကို အထူး ကျေးဇူးတင်ပါတယ်ခင်ဗျား။

ဘလော့တစ်ခုအောင်မြင်ဖို့ဆိုတာ ကိုယ့်ရဲ့ဝက်ဆိုက်မှာ စာရေးနေယုံနဲ့ ပုံမှန်ပိုစ့်တင်နေတာနဲ့ လူအများ သိလာ တာမဟုတ်ပါဘူး ... ဘာလော့ကာများရဲ့ ဝက်ဆိုက်တွေကို အရင်သွားလေ့လာရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် သိလာပီဆိုရင် ခင်လာပြီဆိုရင် မိမိရဲ့ဝက်ဆိုက်ကို လင့်လိပ်စာ ချိတ်ပေးထားတတ်ပါတယ်။

ဒီလိုနဲ့ တဖြည်းဖြည်း နေရာရလာတာပါ။ ဒါကြောင့် မိမိရဲ့ဝက်ဆိုက်လေး အောင်မြင်ဖို့အတွက် သူများအိမ်ကို အလည်သွားတတ်အောင် လုပ်ကြပါ။ကျွန်တော့်က အောင်မြင်နေပြီလားလို့ မေးလာရင်တော့ မအောင်မြင်သေးပါဘူး ဆက်လက်ကြိုးစား နေတုန်းပဲလို့ ဖြေပါရစေ။


ဦးဦး မောင်စွယ်ကျမ်းရဲ့ လက်ဆောင်လေးပါ။

ဒီနေ့ အကြောင်းလေး နားထောင်မလား .... ပြောပြမယ်။ ဒီလထဲ တော်တော်လေး အလုပ်တွေ ရှပ်နေတာ ကိုယ့်ရဲ့ဘာလော့လေး ၂ နှစ်ပြည့်လေးမှာ ည ၉ နာရီမှ ပိုစ့်ရေးတင်ရပါတယ်။ ဒီနေ့ မနက် ၆ နာရီထိုးတာနဲ့ အိမ်ရာက ထပြီး အင်တာဗျုးအတွက် ကားနဲ့ မြို့ထဲကို သွားရပါတယ်။

လူတွေက တော်တော်များနေတော့ ညနေ 5 နာရီလောက်မှ ကျွန်တော်အလှည့်ရောက်တယ်။ ဒါနဲ့ အင်တာဗျူးပီးတော့ ကျွန်တော်ရဲ့ အကိုရဲ့ အလုပ်အတွက် ပစ္စည်းတွေ ကေအယ်မှာ ဝင်ယူပြီး အိမ်ပြန်လာတယ်။ အိမ်ရောက်တော့ အွန်လိုင်းတက်ဖို့လုပ်တော့ သားရဲ့ လပ်တော့လေးက ပျက်နေတာနဲ့ အခု အင်တာနက်ဆိုင်မှာ ပြေးပြီး ဘာလော့ ၂ နှစ်ပြည့်နေ့လေးအတွက် ပိုစ့်လာတင်ရတယ်။ အင်တာနက်ဆိုင်က မလေးဆိုင်ဆိုတော့ မြန်မာစာ မြင်ရဖို့ ဇော်ဂျီဖောင့်ထည့်ရပါတယ်။ မြန်မာ စာရိုက်ဖို့အတွက် ဇော်ဂျီ ကီးဘုတ်ထည့်ရပါတယ်။တစ်နေ့တစ်နေ့ တော်တော် အလုပ်တွေ ရှပ်လာပါတယ်။ အခုတောင် သား ချောင်းဆိုးနေတာ အပြင်ပဲ လျှောက်သွားနေရလို့ပါ။ အခု သားတောင် ဘာမှ မစားရသေးဘူးဂျာ ... သားလည်း ဗိုက်ဆာနေပီ :P

ဒါက ဒီနေ့တစ်နေ့ရဲ့ မှတ်တမ်းလေး ဖြစ်ပါတယ်။ ကဲ ... စကားများနေတာနဲ့ တစ်ခုခု ကျွေးရဦးမယ်။ အလည်ရောက်လာကြသော စာဖတ်သူ မိတ်ဆွေများ သူငယ်ချင်း အတွက် ဘာလော့ ၂ နှစ်ပြည့်နေ့လေးမှာ အစားအသောက်များနဲ့ ဧည့်ခံ ပါရစေ အစားအသောက်များကို စိတ်ကြိုက် အမုန်းဆွဲသွားကြနော် ...












































































































ဦးဦး မောင်စွယ်ကျမ်းရဲ့ လက်ဆောင်လေးပါ။






အထူး တောင်းပန်အပ်ပါသည်။ ၂ နှစ်ပြည့် အမှတ်တရ ပိုစ့်လေးအတွက် အခက်အခဲ များစွာ မအားတဲ့ အချိန်ကြားကနေ အင်တာနက်ဆိုင်မှာ ပိုစ့်တင်ရပါသောကြောင့် တစ်ခုခု အဆင်မပြေတာတို့ အမှားပါခဲ့ရင် ကျွန်တော်ရဲ့ အခက်အခဲကို နားလည်ပေးကြပါလို့ တောင်းပန်လျှက် ....



စာဖတ်ပရိတ်သတ်များအတွက် ဆက်လက် ကြိုးစားနေမဲ့

နေဇော်လင်း
9.9.2011
10:30 Pm

Share this article :

8 comments:

Anonymous said...

ကိုနေရေ...စားပီးဗိုက်လေးနေလို့ ဘာမှမပြောတော့ဘူး
ဟိဟိ..ဘလော့သက်တမ်း2နှစ်ပြည့်မှစလို့ နောင်နှစ်ပေါင်းများစွာတိုင်အောင်..ဆက်လက်ရေးသားနိုင်ပါစေလို့ ..ဆုတောင်းပေးပါတယ်နော်...ကျနော် လည်း 9.9.2011 မှ ဒိုမိန်းဝယ်လိုက်တာနောက်နှစ်ဆိုအတူတူ ကျင်းပမယ်နော်ကျနော်က1နှစ်ပြည့်ကိုနေက3နှစ်ပြည့်ပေါ့
ခင်မင်လေးစားလျှက်..မောင်(စွယ်စုံကျမ်း)

ကိုဇော် said...

ဒိုမိန်း လက်ဆောင်ပေးတယ် လုပ်ပါ နေဇော်လင်းရာ။
လှူတယ် လှူတယ် နဲ့ မင်းဟာက နားထောင်ရတာ မကောင်းလိုက်တာ။ မင်းက သာသနာပြုနေလို့လား။

နှစ်နှစ်ပြည့်မှ နှစ်ပေါင်းများစွာ ဆက်လက် ဘလော့ဂင်းနိုင်ပါစေ။

Kzaw said...

ကိုနေရေ...ကျနော်က ဘာဘလော့မှမရေးတက်တော့ အိမ်လည်သူပေါ့..မြင်ရပေမဲ့စားလို့မရတဲ့ဘာကာကြီး ကေအယ်လာရင်တော့လိုက်ကျွေးနော် ဗိုက်မပြည့်သေးလို့ :P .... ကဲ (၂)နှစ်ပြည့်လေးမှတိုင်နောင်နှစ်ပေါင်းများစွာတိုင်အောင်ကျန်းမာပျော်ရွှင်စွာနဲ့ဘလော့လေးတွေတည်တံ့ပါစေလို့ဆုတောင်းလိုက်ပါတယ်ဗျာ။ ခင်မင်လေးစားလျှက်...(ခိုင်ဇော်)

Angelhlaing(May everybody be happy and healthy! said...

ဗိုက်ဆာနေတာနဲ့အတော်ပဲ အလှူဒကာရှိတုန်းလေး အားပေးသွားတယ် :P:P မောင်လေးရေ နှစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ဘလော့ဂင်းနိုင်ပါစေလို့ ဆန္ဒပြုဆုတောင်းရင်း....
အစဉ်အမြဲ အားပေးလျှက်....ပါလို့..

KMC@ချင်းလေး said...

congeratulation ပါညီနေဇော်လင်းရေ..။ နှစ်နှစ်သက်တမ်းအတွင်းဘယ်လောက်ပင်ပန်းခဲ့တယ်ဆိုတာနားလည်မပါတယ်.။ပိုပြီးလည်း လေးစားမိလာပါတယ်ညီ..။စကားမဆက်မနေ့ကညီဖုံး ဆက်တာသိတာနဲ့ချက်ချင်းဖုံးပြန်ဆက်တယ်နော်..။ မနက်ကတစ်ခါ၊ညနေဖက်သုံးခါ...။ညီ့ဖက်ကပြန်မကိုင်ဘူးလေ..။ အရေးတကြီးများလားဆိုပြီစိတ်ပူနေမိသေးတယ်နော်..။ တကယ်ပါ..။ဘာလို့လွဲနေရတာလဲမသိပါဘူးဗျာ.:(

ခေး(kalaymalay) said...

blog လေး ၂ နှစ်ပြည့်မှ ဆက်လက်အောင်မြင်နေပါစေ အကိုရေ.... ဆုတောင်းပေးခဲ့ပါတယ်။

မောင်စေတနာ said...

ဟုတ်တယ်လေ ... လက်ဆောင်ပြောရအောင် ညီလေးက
ကိုယ်ပိုင်စာတွေ သိပ်မှ မရေးတာ အများအတွက် အကျိုးရှိအောင်
ဒီဆိုက်ကို ပရဟိတ လုပ်နေတာ ....

ဒါကြောင့်လည်း မလေးရောက် မြန်မာတွေရဲ့ လုပ်ငန်း
ကိစ္စများကို အဖက်ဖက်က ကြော်ငြာလေးတွေ အခမဲ့ တင်ပေးနေပါတယ်။
သူများက လှူထားတယ်ဆိုတော့ ကိုယ့်ရဲ့ ကိစ္စထက် အများအတွက်
အကျိုးရှိတာကို လုပ်ဆောင်ပေးနေပါတယ်။

အားလုံး အခမဲ့ပါပဲ ...ညီလေး စီးပွားရေး လုပ်နေတာမှ
မဟုတ်တာ လူအများအတွက် လုပ်နေတယ်ဆိုတော့ လှူတယ်ဆိုတဲ့
စကားကို သုံးလိုက်တာပါ။ ဒါက ညီလေးအယူအဆပါ။
အစ်ကိုတို့ ပညာရှိ ပညာတတ် ဘွဲ့တွေအလီလီ ရထားတယ်
မဟုတ်တော့ အယူအဆ လေးတွေ လွဲမှားနိုင်ပါတယ်
အသိမကြွယ်သေးတဲ့ အတွက် နားလည် ခွင့်လွတ်ပေးစေလိုပါတယ်။
ခင်ဗျား ...

လေးစားလျှက်

Anonymous said...

ကျနော်နာမည်မိုးသစ်ပါ...အကို့ကိုသိတာသိပ်မကြာသေးပါဘူး...အသိအကိုတစ်ယောက်ကသတင်းနားထောင်ရင်းသိလာတဲ့ဆိုဒ်လိပ်စာပေးတာနဲ့ရောက်ဖြစ်သွားတာပါ..အကို ရေးတဲ့postsလေးတွေဝင်ဝင်ဖတ်ဖြစ်ပါတယ်... ၂နှစ်ပြည့်မှအလင်းနှစ်များစွာတည်တံ့ဝေမျှနိုင်ပါစေလို့ဆုတောင်းလျှက်!!!!!!!!!!!!

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။