Home » » စင်ကာပူရှိနိုင်ငံခြားအလုပ်သမားအပေါ် ၀န်ကြီးချုပ်ဟောင် လီကွမ်းယူ၏ သဘောထား

စင်ကာပူရှိနိုင်ငံခြားအလုပ်သမားအပေါ် ၀န်ကြီးချုပ်ဟောင် လီကွမ်းယူ၏ သဘောထား

Written By မောင်စေတနာ on Wednesday, August 10, 2011 | 1:45:00 PM


လာမည့်ရွေးကောက်ပွဲတွင် ရေးပန်းစာနေသော အရည်အချင်းပြည့် နိုင်ငံခြားအလုပ်သမားများ အရေးနှင့် ပတ်သက်သည့်မေးခွန်းကို DSB ဘဏ် အကြီးအကဲ Piyush က မေးမြန်းခဲ့ရာ ၀န်ကြီးချုပ်ဟောင်းလီကွမ်းယူက နိုင်ငံခြားသာ အလုပ်သမားများ မပါရှိပဲ နိုင်ငံ့ လူဦးရေးအရ စင်ကာပူသည် ရပ်တည်နိုင်စွမ်း မရှိနိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ စင်ကာပူရှိ နိုင်ငံခြားအလုပ်သမား အရေးမှာ ရွေးကောက်ပွဲ မတိုင်မှီကပင် အလေးထားဆွေးနွေးရမည့် ကိစ္စအဖြစ် သူက ခံယူထားသည်။

“ စင်ကာပူနိုင်ငံသား တွေက နိုင်ငံခြား အလုပ်သမားတွေ နဲ့ယှဉ်ပြိုင်နေရတယ်လို့ တစ်ခါတစ်ခါ ခံစားနေရတယ် ဒါပေမဲ့ ဒီနိုင်ငံခြားက အရည်အချင်းပြည့်သူတွေကပဲ စင်ကာပူနိုင်ငံ သားတွေ ဖြစ်လာတာပါ၊ကျွန်တော် ခိုင်ခိုင်မာမာ ယုံကြည်တာတစ်ခုက လူအဖွဲ့အစည်းမှာ ပါရမီ စွမ်းရည်ပြည့်နေ ပါက ပိုကောင်းမွန်တဲ့ လူဘောင်တစ်ခုအဖြစ် ဖွံ့ဖြိုးလာတာ ပါပဲ ”ဟု ၄င်းက ဆိုပါသည်။

စင်ကာပူက ပင်ကို စွမ်းရည်ပြည့် လူအရင်းအမြစ်အား အမှီပြုထားပါက လူ၃သန်းနှင့်ညီမျှသော ထုတ်လုပ်မှု တန်ဖိုးကိုဖြည့် ဆည်းပေးနိုင်ကြောင်း ထောက်ပြခဲ့သည်။ “ အရှေ့တောင်အာရှ၊ အရှေ့မြောက် အာရှ၊ တရုတ် ၊အိန္ဒိယ စတဲ့ကမ္ဘာတစ်ဝှမ်းက အရည်အချင်းပြည်ဝသူတွေကိုစင်ကာပူက ဆွဲဆောင်ခဲ့ လို့ ပဲဖြစ်တယ်ဟု ပြောကြားခဲ့သည်။။ လက်ရှိကာလတွင် စင်ကာပူနိုင်ငံသား များက အလုပ်အကိုင်ရရှိရေးအတွက် နိုင်ငံခြားက ၀င်ရောက်လာသော ပါရမီစွမ်းရည်ပြည့် နိုင်ငံခြားသာအလုပ်သမားများနှင့် ယှဉ်ပြိုင်လိုစိတ်မရှိကြချေ ။

နိုင်ငံခြားအလုပ်သမားများနှင့် ဆက်နွယ်သောနိုင်ငံရေး ကိစ္စများကို ဖြေရှင်စွမ်းရည်နှင့် ပတ်သက်သောမေးခွန်း အား လီကွမ်းယူက “ခင်ဗျားတို့အနေနဲ့ ဒီအရေးကိစ္စကို စိတ်သက်သက်သာသာနဲ့ ရှိနေရပါမယ်။ ရွေးချယ်စရာတွေက … အရည်အသွေးပြည့် လုပ်သားအင်အားစုကို တင်သွင်းတာ လျှော့ချမယ်ဆိုရင် ဖွံ့ဖြိုးမှု နှုန်း နှေးကွေး မယ်။

ပင်ကို အရည်အချင်းပြည့် အလုပ်သမားကို တင်သွင်းပါက လျှင်မြန်တဲ့ဖွံ့ဖြိုးနှုန်း ရရှိပါမယ်။ နောက်တစ်ခုက ထိပ်တန်းအလုပ်အကိုင်နေရာတွေကိုနိုင်ငံခြားသားတွေ ရရှိသွားမှာ စိုးတဲ့ ခံစားချက် တို့ဖြစ်ပါတယ် ။ ဖွံဖြိုးမှု မရှိတော့ပါက သင်တို့ အလုပ်အကိုင်လဲ ရရှိတော့မှမဟုတ်ပါဘူး ”ဟု လီကွမ်းယူက ဖြေကြားခဲ့သည်။ သူကဆက်ပြီး သူတို့တွေ မရှိပါက စင်ကာပူမှာ အလုပ်အကိုင်လဲ မရှိတော့ပါဘူး။ ဒါကြောင့် ပင်ကို အရည်အချင်း ရှိသူတွေကို ကြိုဆိုရမှာဖြစ်ပါတယ် ” ဟု နိုင်ငံခြားသာ အလုပ်သမားများ ကိုရည်ညွန်းပြောကြားခဲ့သည်။

NST

Source by :https://linyonemagazine.wordpress.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။