Home » » မလေးရှား တက္ကသိုလ်မှာ အသက်မွေးဝမ်းကျောင်း ပညာကို အခြေခံအဆင့်နဲ့ တက်ရောက်နိုင်

မလေးရှား တက္ကသိုလ်မှာ အသက်မွေးဝမ်းကျောင်း ပညာကို အခြေခံအဆင့်နဲ့ တက်ရောက်နိုင်

Written By မောင်စေတနာ on Monday, August 1, 2011 | 12:06:00 PM



ကျွမ်းကျင်မှုအတတ်ပညာတစ်ခုခုနဲ့ အသက်မွေးဝမ်းကျောင်းပြုလိုသူ၊ အခြေခံပညာအဆင့် ရှိ သူတွေ သြဂုတ်လအတွင်း ဖွင့်လှစ်မယ့် သင်တန်းကို မလေးရှားနိုင်ငံ Segi Colleage Sarawak ကျောင်းခွဲတွေမှာ တက်ရောက်နိုင်တယ်လို့ သိရတယ်။

ဖွင့်လှစ်မယ့် သင်တန်းက Automotive Technician, Motor Vehicle Technician နဲ့ Printing ပိုင်ဆိုင်ရာ DTP Artist, Graphic Designer အပါအဝင် Front Office ပိုင်းဆိုင်ရာ Front Office Assistant/Supervisor သင်တန်းတွေ အတွက် ကျောင်းသားတွေ ခေါ်နေ တာ ဖြစ်ပါတယ်။

သည်သင်တန်းတွေကို အသက် (၁၈) နှစ်မှ (၄၅) နှစ်ကြား ပညာအရည်အချင်း ကိုးတန်းအောင်မြင်ပြီး သူတွေနဲ့အထက် လျှောက်ထားနိုင်ပြီး ခုနှစ်တန်းအောင်ဆိုရင် သက်ဆိုင်ရာ ဘာသာရပ်တွေမှာ လုပ်ငန်း အတွေ့အကြုံ သုံးနှစ်ရှိသူတွေ တက်ရောက်နိုင်တယ်လို့ သိရတယ်။

လုပ်ငန်းအတွေ့အကြုံရှိပေမယ့် နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ် မရှိသေးသူတွေ၊ အခြေခံပညာ အထက်တန်း မအောင်မြင်သေးသူတွေ၊ ကျွမ်းကျင်မှု လက်မှတ်နဲ့ လုပ်ငန်းခွင် ဝင်ရောက်လို သူတွေ၊ အတတ်ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုလိုသူတွေနဲ့ သင့်လျော်တယ်လို့ ဆိုပါတယ်။

စာတွေ့ သင်ယူပြီးရင် လုပ်ငန်းခွင် လက်တွေ့ သုံးလမှ ခြောက်လထိ ဆင်းရမှာပါ။ သင်တန်းပြီး ရင် နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ် နှစ်ခု ရရှိမယ်လို့ ဆိုပါတယ်။ အသေးစိတ် သိလိုပါက Jenko-Rexpo ကုမ္ပဏီ ၊ ဖုန်း ၀၉ ၅၀၆ ၂၈၉၁၊ ၀၉ ၄၃၀ ၂၈၇၆၀ ကို ဆက်သွယ်နိုင်ပါတယ်။

Source by :http://aarnewsid.wordpress.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။