Home » » ထိုင်းနိုင်ငံ မိဖုရားကြီး၏ မွေးနေ့အကြို ကျေးရွာသန့်ရှင်းရေး လုပ်အားပေး

ထိုင်းနိုင်ငံ မိဖုရားကြီး၏ မွေးနေ့အကြို ကျေးရွာသန့်ရှင်းရေး လုပ်အားပေး

Written By မောင်စေတနာ on Thursday, August 11, 2011 | 5:30:00 AM



ထိုင်းဘုရင် မင်းမြတ်၏ မိဖုရားကြီး Somdet Phra Nang Chao Sirikit Phra Borommarachininat ၏ သက်တော် (၇၉)နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊ ခစ်ခတ်တိုက်နယ် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)က ရပ်ကွက် သန့်ရှင်းရေးကို ဆောင်ရွက်ခဲ့သည်။

ယခုလ (၁၂)ရက်နေ့တွင် ကျရောက်မည့် မိဖုရားကြီး၏ မွေးနေ့တော်အား ဂုဏ်ပြုသောအားဖြင့် ယနေ့တွင် ပြုလုပ်သည့် ဖန်ငခရိုင် တစ်ခုလုံး ရပ်ရွာ သန့်ရှင်းရေး လုပ်ငန်းစဉ်တွင် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(FED)က ပူးပေါင်း ပါဝင်ခဲ့ခြင်း ဖြစ်သည်။

FEDမှ လက်ထောက် ဒါရိုက်တာ ဒေါ်ပိုပိုက “ကျမတို့အပါအ၀င် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို အလုပ်လုပ်ကိုင် နေထိုင်ခွင့် ပြုထားတဲ့ ထိုင်းနိုင်ငံရဲ့ အထွဋ္ဋ်အမြတ်ထားတဲ့ ဘုရင်နဲ့ ဘုရင်မတို့ အသက်ရှည်ဖို့၊ နောက်တခုက ထိုင်းလူမျိုးတွေနဲ့ တစ်ဦးနဲ့ တစ်ဦး နားလည်မှု ရဖို့ ဘုရင်ကြီး မွေးနေ့တို့၊ မိဖုရားကြီး မွေးနေ့တို့တွေမှာ ဒီလိုရပ်ကျိုး ရွာကျိုးတွေကို ပူးပေါင်း လုပ်ဆောင်ကြတာပါ’’ဟု ပြောသည်။



မိဖုရားကြီး မွေးနေ့တွင် စတိတ်ရှိုးနှင့် ပျော်ပွဲ ရွှင်ပွဲများကိုလည်း ရွှေ့ပြောင်းအလုပ် သမားများနှင့်အတူ FEDက ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

FED မှ ဖွင့်လှစ်ထားသော လူငယ့်သိပ္ပံကျောင်းမှ ဒုတိယနှစ် ကျောင်းသူ မချစ်စုလှိုင်က “လမ်းမကြီးဘေးမှာ ကျနေတဲ့ အမှိုက်တွေနဲ့ မြက်ပင်တွေကို သန့်သန့်ရှင်းရှင်း ဖြစ်အောင် လုပ်နေကြပါတယ်။ နေပူနေပေမယ့် သမီးတို့ ပျော်နေတယ်”ဟု ပြောသည်။


လမ်းမကြီးတလျောက် လမ်းဘေးဝဲယာ သန့်ရှင်းရေးကို ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)မှ ၀န်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ အင်အား (၈၀)ကျော်ခန့်က လုပ်ဆောင်ခဲ့ပြီး ဒေသခံ ထိုင်းလူမျိုးများက ရပ်ကွက်များ၏ အတွင်းပိုင်းများကို လုပ်ဆောင်ခဲ့ကြသည်။


ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)သည် ဒေသခံ ထိုင်းလူထုများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး အစီအစဉ်ကို အကောင်အထည် ဖော်လျက်ရှိရာ အားကစားပွဲများ၊ ကျန်းမာရေး ဆိုင်ရာကိစ္စများ၊ ရိုးရာယဉ်ကျေးမှု ပွဲတော်များ၊ သဘာဝ ပတ်ဝန်ကျင် ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများကို ဒေသခံ လူထုများနှင့် ပူးပေါင်းပြီး မကြာခဏ ဆောင်ရွက်လျက်ရှိသည်။


Source by :http://www.ghre.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။