Home » » အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာ U-23 နှင့် စင်္ကာပူ U-23 တို့၏ခြေစမ်းပွဲ

အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာ U-23 နှင့် စင်္ကာပူ U-23 တို့၏ခြေစမ်းပွဲ

Written By မောင်စေတနာ on Friday, July 29, 2011 | 4:40:00 AM

http://mutdfan.com/news_images/IMG_1227.JPG
အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာ U-23 နှင့် စင်္ကာပူ U-23 တို့၏ခြေစမ်းပွဲ

ယနေ့ညနေစင်္ကာပူနိုင်ငံ ဒေသစံတော်ချိန် 19:30 တွင် စင်္ကာပူ U23 အသင်းနှင့် မြန်မာ U-23 အသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲကစားခဲ့ကြသည်။ ခြေစမ်းပွဲဖြစ်သော်လည်း စင်္ကာပူရောက် မြန်မာပရိသတ် များတခဲနက်လာရောက်အားပေးခဲ့ကြသည်ကိုတွေ့ရှိရသည်။

မြန်မာ အသင်းမှ အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ကစားခဲ့ပြီး အိမ်ရှင် စင်္ကာပူအသင်းမှာ အနီရောင် ၀တ်စုံကို ၀တ်ဆင်ကစားခဲ့သည်။ ပြိုင်ပွဲစတင်သည်နှင့် မြန်မာအသင်းမှ စပေးဘောရခဲ့ပြီး အချိတ်အဆက်မိမိ လျင်မြန်စွာ စတင်ထိုးဖောက် ကစားခဲ့ရာ စင်္ကာပူအသင်းမှ အတင်းလိုက်လံဖျက်ထုတကစားခဲ့ ကြသဖြင့် မြန်မာအသင်းမှာ တစ်ဘက်အသင်းနောက်တန်းကို မကျော်နိုင်ပဲ ဖြစ်နေခဲ့ရသည်။ မြန်မာအသင်းမှာ အပေးအယူအချိတ်အဆက်မိမိဖြင့် ကြိုးစားခဲ့ပြီး စင်္ကာပူအသင်းမှာ တိုက်စစ်မှူး တစ်ယောက်တည်း အထောင်ထားကာ အဝေးဖြတ်တင်ဘောများဖြင့် ကစားသွားခဲ့သည်။ ပွဲချိန် ၁၄ မိနစ်တွင် စင်္ကာပူအသင်းမှမြန်မာဂိုးဧရိယာ ဘယ်ဘက်နားတွင် ပြစ်ဒဏ်ဘောကန်ခွင့်ရရှိခဲ့သည်။

အဆိုပါ ပြစ်ဒဏ်ဘောအား စင်္ကာပူအသင်း မှ ကျောနံပါတ် ၂ က ကန်တင်ရာ ရှေ့တန်းမှ ခေါင်းတိုက်ခွင့်ရခဲ့ပြီး မြန်မာ ဂိုးသမားမှ နှစ်ဆင့် ကာကွယ်ကာ ထောင့်ကန်ဘောပေးလိုက်ရသည်။ ပွဲချိန် ၁၆ မိနစ်တွင် မြန်မာ့နောက်တန်းဧ၊် လူကျွံထောင်ချောက်အား စင်င်္ကာပူ အထောင်တိုက်စစ်မှူး ကျောနံပါတ် ၉ မှ လွတ်ထွက်သွားပြီး အပိုင်ကန်သွင်းခဲ့သော်လည်း ဘေးထွက်သွားခဲ့သဖြင့် မြန်မာတို့ သက်သာရာရခဲ့သည်။ စင်္ကာပူ အထောင်တိုက်စစ်မှူးမှာ ယနေ့ပွဲတွင် မြန်မာ နောက်တန်းအားကောင်းစွာ အနှောင့်အယှက်
ပေးနိုင်ခဲ့သည်။

ပွဲချိန် ၁၈ မိနစ်တွင် မြန်မာလူကျွံထောင်ချောက်မှ အဆိုပါတိုက်စစ်မှူးမှပင် ဖြတ်ကျော်ပြီး မြန်မာနောက်တန်းနှင့် ယှဉ်အပြေးတွင် ဒဏ်ရာရရှိသွားခဲ့သဖြင့် လူစားလဲခဲ့ရသည်။ ပွဲချိန် ၂၅ မိနစ်တွင် မြန်မာ ကျောနံပါတ် ၈ အားလူချကစားရ်ျ စင်္ကာပူမှ ကျောနံပါတ် ၁၀ ကစားသမား အ၀ါကဒ်အပြခံခဲ့ရသည်။ ၂၈ မိနစ်တွင် မြန်မာ ကွင်းဘက်တစ်ဝက်လောက်မှ စင်္ကာပူတို့ ပြစ်ဒဏ်ဘောကန်သွင်းခွင့်ရခဲ့သော်လည်း ဂိုးလွန်သွားခဲ့သည်။ ပွဲချိန် ၃၀ မိနစ်မှာ မြန်မာ ဘယ်တောင်ပံမှ ကျောနံပါတ်ခြောက် မှ ဆွဲပြေးရာ စင်္ကာပူနောက်တန်း အသည်းအသန် ဖျက်ထုတ်ခဲ့ရပြီး မြန်မာတို့ ထောင့်ကန်ဘော ရရှိခဲ့သည်။ အဆိုပါ ဘယ်ထောင့်ကန်ဘောမှ တဆင့် မြန်မာတို့ အပိုင်ကန်သွင်းခွင့်ရခဲ့သော်လည်း ဘေးချော်က်ခဲ့သဖြင့် မြန်မာတို့ ဦးဆောင်ဂီုးရဖို့ အခွင့်အရေး ဆုံးရှံခဲ့ရသည်။ ပွဲချိန် ၃၅ မိနစ်တွင် မြန်မာကျောနံပါတ် ၆ အား အဖျက်ကြမ်းသဖြင့် စင်္ကာပူ ဂိုးဧရိယာအစပ်နားတွင် မြန်မာတို့ ပြစ်ဒင်္ဏဘော ရရှိခဲ့သည်။

ထိုပြစ်ဒဏ်ဘောအား မြန်မာ ကျောနံပါတ် ၇ မှကန်သွင်းရာ ဂိုးဘားအပေါ်မှ ကပ်ထွက်သွားခဲ့ပြန်သည်။ ပွဲချိန် ၄၄ မိနစတွင် မြန်မာ နောက်ခံလူဧ။် လူပေးမှားမှုမှတဆင့် စင်္ကာပူတို့ ကန်သွင်းရာ ထောင့်ကန်ဘောဖြစ်ခဲ့ရသည်။ အဆိုပါထောင့်ကန်ဘောအား ကန်တင်ရာ မြန်မာဂိုးသမားမှ နှစ်ဆင့် ပုတ်ထုတ်ကာ အသည်းအသန်ကာကွယ်ခဲ့ရပြန်သည်။ ပထမပိုင်းတွင် နှစ်သင်းစလုံး လျင်မြန်စွာထိုးဖောက်ကစားခဲ့ကြသော်လည်း ဂိုးရရန် မဖန်တီးနိုင်ခဲ့ကြပေ။
ပွဲချိန် ဒုတိယပိုင်းတွင် စင်္ကာပူအသင်းမှ စပေးဘောဖြင့်စတင်ကစားခဲ့ရသည်။ ပွဲချိန် ၄၆ မိနစ်တွင် မြန်မာ ကျောနံပါတ် ၆ ဘယ်တောင်ပံမှ အမှတ်မထင်ကန်သွင်းရာ အပေါ်ဂိုးဘားနှင့် ထိပြီးပြန်ထွက်ခဲ့သည့်အတွက် မြန်မာတို့ တစ်ဂိုးနစ်နာခဲ့ရပြန်သည်။ ပွဲချိန် ၄၉ မိနစ်တွင် မြန်မာကွင်းတစ်ဝက်ကျော်ကျော် လောက်တွင် မြန်မာ ကျောနံပါတ် အဖျက်ကြမ်းသဖြင့် အ၀ါကဒ်အပြခံရကာ ပြစ်ဒဏဘောပေးခဲ့ရသည်။

အဆိုပါ ပြစ်ဒဏ်ဘောအား မြန်မာဂီုးဧရိယာအတွင်း စင်္ကာပူရှေ့တန်းနှင့် မြန်မာနောက်တန်းယှဉ်လုကြရာမှ စင်္ကာပူတို့ ပင်နယ်တီကန်သွင်းခွင့်ရရာ စင်္ကာပူကျောနံပါတ် ၂ မှကန်သွင်းပြီး ဦးဆောင်ဂိုးရယူနိုင်ခဲ့သည်။ ပွဲချိန် ၅၄ မိနစ်တွင် စင်္ကာပူအသင်းမှကျောနံပါတ် ၁၃ လူချကစားသဖြင့် အ၀ါကတ် ပြခံခဲ့ရသည်။ ပွဲချိန် ၆၃ မိနစ်တွင် မြန်မာနောက်တန်းအမှားမှတဆင့် စင်္ကာပူတို့ အပိုင်ကန်သွင်းခဲ့ရာ ဂိုးသမား ကာကွယ်နိုင်ခဲ့သည်။ ၆၆ မိနစ်တွင် မြန်မာတိုက်စစ်မှူး နံပါတ် ၉ ဒဏ်ရာရရှိသွားသဖြင့် လူစားလဲခဲ့ရသည်။ ၆၇ မိနစ်တွင် စင်္ကာပူအသင်းမှ ကျောနံပါတ် ၁၀ ကစားသမား အဖျက်ကြမ်းသဖြင့် အနီကဒ်ထိသွားခဲ့သည်။ တစ်ယောက်အသာရသွားခဲ့သောမြန်မာအသင်း တရစပ်ထိုးဖောက် တိုက်စစ်ဆင်ခဲ့သော်လည်း လူကျွံထောင်ချောက်ကို မကျော်နိုင်ခဲ့ပေ။

၇၃ မိနစ်တွင် မြန်မာအသင်းမှ ကျောနံပါတ် ၁၉ အပိုင်ကန်သွင်းခဲ့သော်လည်း စည်းကြပ်ဒိုင်မှ လူကျွံဘောသတ်မှတ်ခဲ့သောကြောင့် မြန်မာတို့ ချေပဂီုးမရ၇ှိခဲ့ပေ။ ၇၆ မိနစ်တွင်မြန်မာတို့ ထောင့်ကန်ဘောမှတဆင့် ကန်သွင်းခွင့်ရခဲ့သော်လည်း အသုံးမချနိုင်ခဲ့ပေ။ ပွဲချိန် ၈၃ မိနစ်တွင် မြန်မာကစားသမား ကျောနံပါတ် ၁၉မှ တကိုယ်တော်ထိုးဖောက်ကန်သွင်းခဲ့သော်လည်း ဂီုးသမား ပုတ်ထုတ်ကာကွယ်နိုင်သွားခဲ့ပြန်သည်။ ပွဲချိန် ၈၉ မိနစ်တွင် စင်္ကာပူ အသင်း မှ ကျောနံပါတ် ၁၉ ၊ မြန်မာ နောက်တန်းအား ကျော်ဖြတ်ကာ ဂီုးသမားနှင့် နှစ်ယောက်ချင်း အပိုင်ကန်သွင်းခဲ့သော်လည်း မြန်မာဂီုးသမားဖမ်းမိနိုင်ခဲ့ရ်ျ မြန်မာတို့ ဒုတိယဂိုးမပေးခဲ့ရပေ။

အချိန်ပို လေးမိနစ်အတွင်း စင်္ကာပူ ကစားသမား အဖျက်ကြမ်းရ်ျ အ၀ါကဒ်အပြခံရရာ ၊ မြန်မာဘောလုံးသမားတိှု့ ချက်ချင်း ကန်တင်ခဲ့သည့်အတွက် .ဒို်င်လူကြီးမှ နှစ်ခါပြန်ကန် ခိုင်းခဲ့သဖြင့် မြန်မာနည်းပြ အဖွဲ့စောဒကတက်ခဲ့ကြသည်။ အချိန်ပိုလေးမိနစ်အတွင်းအကြိတ်အနယ် ယှဉ်ပြိုင်ရင်း မည်သည့်အသင်းကမှ ဂိုးမသွင်းနိုင်ခဲ့သဖြင့် ပွဲအပြီးတွင် စင်္ကာပူလူငယ် U-23 အသင်းမှ တစ်ဂိုး- ဂိုးမရှိဖြင့်အနိုင်ရရှိသွားခဲ့သည်။

Source by :http://mutdfan.com/
Share this article :

7 comments:

Anonymous said...

နိုင်များနိုင်သွားတာလားလို့ နောက်ဆုံးတော့လည်း ရှုံးတာပါပဲ...

Unknown said...

fightingမြန်မာU23

Unknown said...

fighting U23

Unknown said...

fightingU23

Unknown said...

fightingU23

Unknown said...

fightingU23

Unknown said...

fightingU23

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။