Home » » ကိုရီးယား ပရိဘောဂ ကုန်စည်ပြပွဲတွင် မြန်မာလုပ်ငန်းရှင်များ အနေဖြင့် ကျွန်း၊ ပျဉ်းကတိုးနှင့် သစ်မာပရိဘောဂ ပစ္စည်းများကို အဓိကပြသသွားမည်ဟု သိရ

ကိုရီးယား ပရိဘောဂ ကုန်စည်ပြပွဲတွင် မြန်မာလုပ်ငန်းရှင်များ အနေဖြင့် ကျွန်း၊ ပျဉ်းကတိုးနှင့် သစ်မာပရိဘောဂ ပစ္စည်းများကို အဓိကပြသသွားမည်ဟု သိရ

Written By မောင်စေတနာ on Sunday, July 31, 2011 | 8:08:00 PM



ကိုရီးယားနိုင်ငံ KINTEX (Korea International Exhibition Center) တွင် သြဂုတ်လ ၂၄ ရက် နေ့မှ ၂၈ ရက်နေ့အထိ ၈ ရက်ကြာ ကျင်းပပြုလုပ်မည့် ပရိဘောဂကုန်စည် ပြပွဲသို့ တက်ရောက်မည့် မြန်မာလုပ်ငန်းရှင်များ အနေဖြင့် ကျွန်း၊ ပျဉ်း ကတိုးနှင့်သစ်မာ ပရိဘောဂများကို အဓိကပြသသွားမည်ဟု သတင်း ရရှိသည်။

အဆိုပါကုန်စည်ပြပွဲကို ပြုလုပ်ခြင်းသည် အာဆီယံနိုင်ငံများမှ ပရိဘောဂပစ္စည်းများအား ကိုရီးယားဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရန် နှင့် ကိုရီးယားနိုင်ငံမှ ၀ယ်လက်များ နှင့် အာဆီယံနိုင်ငံများမှ ကုမ္ပဏီများ အကြား စီးပွားရေးဆိုင်ရာ အဆက်အသွယ်ကောင်းများ ရရှိနိုင်ရန် ရည်ရွယ်ကြောင်း သိရှိရသည်။

“ကုမ္ပဏီအနေနဲ့ ကျွန်း၊ ပျဉ်းကတိုးနဲ့ သစ်မာတွေနဲ့လုပ်တဲ့ ပရိဘောဂပစ္စည်းတွေကို လုပ်တာဆိုတော့ ဒါတွေကိုပဲ ယူသွားပြီးပြသဖြစ်မှာပါ။ ကျွန်မတို့ကုမ္ပဏီအနေနဲ့ ပြည်ပဈေးကွက်ရှိပါတယ်။ ကိုရီးယားနိုင်ငံကိုတော့ အခုမှပထမဆုံး အတွေ့အကြုံ အနေနဲ့ သွားရောက်ပြသဖြစ်မှာပါ” လင်းဝင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး ကပြောပါသည်။ “ပြပွဲကို ကျွန်းနဲ့လုပ်တဲ့ ပရိဘောဂပစ္စည်းတွေယူသွား ဖြစ်မှာပါ”ဟု Asia Wood ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ပြပွဲသို့တက်ရောက်ရန် မြန်မာနိုင်ငံအပြင် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ စင်ကာ ပူနှင့် ဗီယက်နမ်နိုင်ငံတို့မှကုမ္ပဏီ နှစ်ခုစီအား ရွေးချယ်ခဲ့ခြင်းကြောင့် စုစုပေါင်းကုမ္ပဏီ ၁၆ ခုပါဝင်မည် ဖြစ်ကြောင်း ပြပွဲကျင်းပသည့် အာဆီယံ-ကိုရီးယားစင်တာမှ သိရသည်။

ပြပွဲတွင် အိမ်အသုံးအဆောင် ပရိဘောဂများ၊ ရုံးသုံးပရိဘောဂ၊ အိမ်တွင်းအလှဆင်ပစ္စည်း၊ မီးဖိုချောင် နှင့် ရေချိုးခန်းသုံးပစ္စည်း၊ ခန်းဆီး လိုက်ကာနှင့်ကော်ဇောများပါဝင်ပြသ နိုင်ရန်စီစဉ်ထားပြီး တက်ရောက်မည့် လုပ်ငန်းရှင်များအနေဖြင့် ကိုရီးယားနိုင်ငံ၏ ဈေးကွက်အခြေအနေ နှင့် နိုင်ငံတကာတွင် ခေတ်စားနေသော ပရိဘောဂနှင့် အိမ်အသုံးအဆောင်ပစ္စည်း ဒီဇိုင်းများကို လေ့လာခွင့် ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

Source by :http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။