Home » » ကွင်းလယ်လူ အကွီလာနီအား ဖီအိုရင်တီးနားသို့ အဌားဖြင့် သွားရောက် ကစားရန် သဘောတူညီလိုက်သည့် လီဗာပူးလ်

ကွင်းလယ်လူ အကွီလာနီအား ဖီအိုရင်တီးနားသို့ အဌားဖြင့် သွားရောက် ကစားရန် သဘောတူညီလိုက်သည့် လီဗာပူးလ်

Written By မောင်စေတနာ on Thursday, July 28, 2011 | 4:47:00 AM

http://mutdfan.com/news_images/albertoaquilani_1350577a.jpg
ကွင်းလယ်လူ အကွီလာနီအား ဖီအိုရင်တီးနားသို့ အဌားဖြင့် သွားရောက် ကစားရန် သဘောတူညီလိုက်သည့် လီဗာပူးလ်

လီဗာပူးလ်အသင်းသည် ပေါင်(၁၇)သန်းတန် အဲလ်ဘတ်တို အကွီလာနီအား ဖီအိုရင်တီးနားအသင်းသို့ တစ်နှစ်အဌားဖြင့် သွားရောက် ကစားရန် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်းသိရသည်။

အဆိုပါ အီတလီ ကွင်းလယ်လူ(၂၇-နှစ်)သည် ယမန်နှစ် ဘောလုံးရာသီကလည်း ဂျူဗင်တပ်အသင်းတွင် အဌားဖြင့် သွားရောက် ကစားခဲ့ပြီး ဖြစ်သည်။

ကစားသမား၏ အေးဂျင့် ဖရန်ကို ဇာဘာဂလီယာက `ကလပ်ကတော့ သဘောတူညီလိုက်ပါပြီ ဒါပေမယ့် အဲလ်ဘတ်တိုနဲ့ ဖီအိုရင်တီးနားတို့ကတော့ သဘောတူညီချက် မရရှိသေးပါဘူး။´ ဟုပြောခဲ့သည်။ လီဗာပူးလ် အသင်းသည် ပေါ်တိုအသင်းမှ ဗဟိုနောက်ခံလူ အဲလ်ဗာရိုပီအဲယာအား ခေါ်ယူရန်အသင်းရှိ ကစားသမားများအား ရောင်းချရန် လိုအပ်နေကြောင်း သိရသည်။

လီဗာပူးလ်အသင်းသည် Pachuca အသင်းမှ မက္ကဆီကို ဆယ်ကျော်သက် တိုက်စစ်မှူး မာကို့စ် ဗျူနိုအား ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ခေါ်ယူခဲ့ပြီးဖြစ်သည်။

အဆိုပါ ယူ-၁၇ ကမ္ဘာ့ဖလား ဆုရှင်က `လီဗာပူးလ် ဂျာစီ ၀တ်ဆင် ရမှာ ဖြစ်တဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။´

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။