Home » » ထိုင်းအလုပ်သမား ဥပဒေ တင်းကြပ်လာပါက တရားမ၀င် အလုပ်သမား ပိုမိုများလာနိုင်

ထိုင်းအလုပ်သမား ဥပဒေ တင်းကြပ်လာပါက တရားမ၀င် အလုပ်သမား ပိုမိုများလာနိုင်

Written By မောင်စေတနာ on Thursday, July 28, 2011 | 11:50:00 AM

http://www.ghre.org/mm/shared_media/images/20110725a.jpg
ထိုင်းနိုင်ငံ အတွင်းမှ ရွှေ့ပြောင်းမြန်မာ ငါးဖမ်းအလုပ်သမားများ (Photo:FED)

ထိုင်းအလုပ်သမား ဥပဒေပြ ဌာန်းချက်များ ပိုမိုတင်းကြပ်လာပါက တရားမ၀င် အလုပ်သမား ပိုမိုများပြားလာနိုင်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ထောက်ပြ ပြောဆိုလိုက်သည်။

မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားများအား အလုပ်ရှင် ပြောင်းရွှေ့လုပ်ကိုင်ပါက သက်ဆိုင်ရာ အာဏာပိုင်သို့ အကြောင်းကြားပြီးမှ ပြောင်းရွှေ့ကြရန် ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်နေ့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် သတိပေး နှိုးဆော်ထားသည်။

“အလုပ်ဆိုတာ နေရာတိုင်းမှာ အဆင်မပြေနိုင်တာကြောင့် မြန်မာ အလုပ်သမားတွေကတော့ ပြောင်းမှာပဲ။ ဒီလို ပြောင်းရွှေ့တာတွေကို တင်းကြပ်တဲ့ ဥပဒေတွေ ထပ်မံပြဌာန်းလိုက်ရင် တရားဝင် အလုပ်သမားတွေက တရားမ၀င် အလုပ်သမားတွေ ဖြစ်သွားကြမယ်။ အစိုးရက အလုပ်ရှင်နဲ့ အလုပ်သမားတွေကို ထိန်းချုပ်နေတဲ့ နေရာမှာ ပိုမို ခက်ခဲ သွားလိမ့်မယ်လို့ ထင်ပါတယ်” ဟု ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(FED)မှ လက်ထောက် ဒါရိုက်တာ ဒေါ်ပိုပိုက ပြောသည်။

အစိုးရ အနေဖြင့် ရွှေ့ပြောင်းအလုပ်သမား တရားဝင် ဖြစ်ရေးအတွက် နည်းလမ်းပေါင်းစုံ သုံးသည့်အခါ အလုပ်ရှင် အတွက်ရော အလုပ်သမားတွေ အတွက်ပါ မျှတသည့် ဥပဒေ ပြဌာန်းသင့်ကြောင်းလည်း သူမက ထောက်ပြသည်။

မှတ်ပုံတင်ထားသည့် အလုပ်သမားများ အလုပ်ပြောင်းရွှေ့ လုပ်ကိုင်ကြသဖြင့် လုပ်သားရှားပါးမှု ကြုံတွေ့နေရကြောင်း ထိုင်းငါးဖမ်း လုပ်ငန်းရှင်များက တင်ပြခဲ့သည်။ ထို့ကြောင့် ယခုကဲ့သို့ နှိုးဆော်ရကြောင်း အလုပ်သမား ၀န်ကြီးဌာန အတွင်းရေးမှူး Somkiat Chayasriwong က ဘန်ကောက်ပိုစ်သို့ ပြောဆိုထားသည်။

နိုင်ငံခြားသား အလုပ်သမားများ စီမံခန့်ခွဲရေး ဒါရိုက်တာ အနူရတ်က်ထွတစ်ရတ်က “ဥပဒေ အသစ် မဟုတ်ပါဘူး။ ကျနော်တို့ ဥပဒေအဟောင်းကို မလိုက်နာကြတဲ့အတွက် ဖြေရှင်းချက် ထုတ်လိုက်တာပါ။ အလုပ်သမားတွေက အလုပ်ပြောင်းသွားတာကို ကျနော်တို့က မသိဘူး။ သူဌေးတွေက လူသစ်တွေ ဘတ်(အလုပ်သမား လက်မှတ်) အသစ်တွေ လုပ်ကြတယ်။ ဖြေရှင်းပေးပါလို့ ပြောလာကြလို့လေ’’ဟု FED သို့ ရှင်းပြပြောဆိုသည်။

http://www.ghre.org/mm/shared_media/images/20110725b.jpg
အလုပ်သမားများ အလုပ်ပြောင်းရွှေ့ လုပ်ကိုင်လိုပါက သူဌေးခွင့်ပြုခြင်း၊ အလုပ်ရှင် သေဆုံးခြင်းနှင့် လုပ်ငန်း ဒေ၀ါလီခံခြင်းတို့ ဖြစ်ရမည်။ သို့မဟုတ် လုပ်အားခမပေးခြင်း၊ နှိပ်စက် ညှင်းပမ်းခြင်းတို့ ရှိပါက အစိုးရထံသို့ အကြောင်းကြားပြီးမှ တရားဝင် ပြောင်းရွှေ့ခွင့်ပြုကြောင်း ထိုင်းအလုပ်သမား ဥပဒေတွင် ပြဌာန်းထားသည်။

Source by :http://www.ghre.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။