
အဲဒီ နယ်မြေတွေမှာ တပ်ဆင်ထားတဲ့ ကင်မရာတွေနဲ့ ခြေရာခံ ခွေးတွေကို အသုံးပြုပြီးတော့ အာဏာပိုင် တွေဟာ အဲဒီထဲက (၂၃) ဦး ကို ပြန်လည် ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ထိန်းသိမ်းရေး စခန်းမှာ ရှိတဲ့ အဆောက်အဦးတခုကို မီးရှို့ပြီးတဲ့အပြင် အနားမှာ ရှိတဲ့ ဂိတ်ပေါက် တစ်ခုကို လူအုပ်နဲ့ ဝင်ဆောင့်ပြီးတော့ ထွက်ပြေး လွတ်မြောက်သွားတာပါလို့ Negri Sembilan ပြည်နယ် လက်ထောက် ရဲအကြီးအကဲဖြစ်သူ Datuk Abdul Manan Mohd Hassan က ပြောကြားခဲ့ပါတယ်။
“မီးက ဘယ်လို စတင် လောင်ကျွမ်းခဲ့တယ်ဆိုတာ စစ်ဆေးဖို့အတွက် အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့တခုကို ဖွဲ့စည်းထားပြီးပါပြီ။ သူတို့ဟာ ထိန်းသိမ်းရေး စခန်း နောက်မှာရှိတဲ့ ဆီအုန်းတောကို ဖြတ်ပြီး ထွက်ပြေး လွတ်မြောက် သွားကြတာပါ” သူက သတင်းထောက်တွေကို ဒီကနေ့မှာပဲ အခင်းဖြစ်ပွားတဲ့နေရာမှာ ပြောကြား ခဲ့ပါတယ်။
သူတို့ဟာ အာဏာပိုင် အဖွဲ့အစည်းတွေကို ရှောင်တိမ်းနိုင်ဖို့ အတွက် နေ့အချိန်မှာ မလွယ်တဲ့အတွက် ညမှောင်တဲ့အချိန် တောတွေထဲမှာသာ ခိုအောင်းနိုင်ပေမယ့် သူတို့အတွက် လမ်းကြုံကား ရနိုင်ဖို့အတွက်တော့ အရမ်း ခက်ခဲလှပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ လမ်းပိတ် စစ်ဆေးမှုတွေ၊ နောက် ကင်းလှည့် ရဲကားတွေ၊ ပြီးတော့ အဲဒီအနီးတဝိုက်မှာ တပ်ဆင်ထားတဲ့ ကင်မရာတွေကြောင့် သူတို့ဟာ လွတ်မြောက်မှုကနေ ပြန်ပြီးတော့ ဖမ်းဆီးခံလာရမှာပါပဲလို့ သူက ယုံကြည်နေပါတယ်။
လွတ်မြောက်သွားတဲ့ သူတွေထဲမှာ မြန်မာလူမျိုးတွေ အများဆုံးဖြစ်ပြီးတော့ ဘင်္ဂလားဒေ့ရှ်၊ နီပေါလ်၊ အီရန်၊ ဗီယမ်နမ်၊ ထိုင်း လူမျိုးတွေလည်း ပါတယ်လို့ Abdul Manan က ပြောပါတယ်။
“သူတို့အနေနဲ့ ထိန်းသိမ်းရေးစခန်းမှာ နေရထိုင်ရတဲ့ အခြေအနေတွေကို မနှစ်မြိုတာရယ်၊ နောက် အစားအသောက်နဲ့ ကြာရှည် ထိန်းသိမ်းခံနေရတာတွေကြောင့် ခုလို ထွက်ပြေးကြတာလို့ စုံစမ်း သိရှိရပါတယ်။
“သူတို့ထဲက အများဆုံးဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ တတိယနိုင်ငံကို ပြောင်းရွှေ့ အခြေချဖို့ အတွက် စောင့်ဆိုင်းရင်း စောင့်ဆိုင်းရင်းနဲ့ ကြာလာတဲ့အတွက် သည်းခံနိုင်စွမ်း မရှိတော့တဲ့ နောက်မှာ ခုလိုမျိုးတွေ ဖြစ်လာတာပါ” လို့ Abdul Manan က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
“တချို့သူတွေဆိုရင် ထိန်းသိမ်းရေးစခန်းမှာ (၁၂) လ ကြာအောင်ထိ ထိန်းသိမ်း ခံနေရတာတွေ ရှိပါတယ်” လို့လည်း သူက ဆိုပါတယ်။
အခင်းဖြစ်ပွားချိန်မှာ ထိန်းသိမ်းရေးစခန်း၌ ထိန်းသိမ်းခံထားရသူ အမျိုးသား ၃၄၈ ဦး နဲ့ အမျိုးသမီး (၁၉၂) ဦး ရှိပြီး၊ အမျိုးသမီး တစ်ဦးတစ်ယောက်မျှ ထွက်ပြေး လွတ်မြောက်မှုထဲမှာ မပါရှိဘူးလို့ သိရပါတယ်။
မီးသတ်ကား လေးစီးနဲ့ မီးတောက်ကို ငြိမ်းသတ်နိုင်ခဲ့ပြီး အသေအပျောက် မရှိဘူးလို့ သတင်း ရရှိပါတယ်။
Source by : http://aarnewsid.wordpress.com/
0 comments:
Post a Comment