Home » » 'ကျွန်တော်လိုချင်တဲ့ ပန်းတိုင်ရောက်အောင် သွားနိုင်ဖို့ အခုမှ ခြေလှမ်းစရုံ ရှိပါသေးတယ်’ ၊အောင်ရဲလင်းနှင့် တွေ့ဆုံခြင်း

'ကျွန်တော်လိုချင်တဲ့ ပန်းတိုင်ရောက်အောင် သွားနိုင်ဖို့ အခုမှ ခြေလှမ်းစရုံ ရှိပါသေးတယ်’ ၊အောင်ရဲလင်းနှင့် တွေ့ဆုံခြင်း

Written By မောင်စေတနာ on Sunday, April 3, 2011 | 1:30:00 PM

လွန်ခဲ့တဲ့ ၇ နe4110ှစ်ဝန်းကျင် ကာလကစပြီး ပရိသတ်ရှေ့ကို ရောက်ရှိလာခဲ့တဲ့ အနုပညာရှင်တစ်ဦးပါ။ ရုပ်ရည်၊ ခန္ဓာကိုယ်အချိုးအစားက သရုပ်ဆောင် မင်းသားတစ်ယောက်အဖြစ် သတ်မှတ်နိုင်တဲ့ ပိုင်ဆိုင်မှု တွေရှိထားသူပေါ့။ သူ့ရဲ့ အနုပညာခရီးအစပိုင်းမှာ လိုအပ်ချက်တချို့ ရှိနေခဲ့ပေမယ့် မဟာထွန်း ထုတ်လုပ်ရေးနဲ့ လက်တွဲခဲ့ပြီးနောက်မှာတော့ ဒါရိုက်တာကြည်ဖြူသျှင်ရဲ့ အနုပညာစွမ်းရည်၊ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် သူ့ရဲ့ အနုပညာပိုင်းဆိုင်ရာ တိုးတက်မှု စွမ်းရည်ကို ပရိသတ်တွေက တစ်စထက်တစ်စ ပိုမိုအသိအမှတ်ပြု ခဲ့ရပါတယ်။

ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးတဲ့ ဇာတ်ကားတွေနဲ့ သရုပ်ဆောင် အောင်ရဲလင်းအဖြစ် ပရိသတ်တွေရှုမြင်လာပြီး နောက်ပိုင်းမှာတော့ အောင်ရဲလင်းနဲ့ ဇာတ်ကားတွေဖန်တီးဖို့ ထုတ်လုပ်ရေးအများစုက စိတ်ဝင်စားလာခဲ့ပါတယ်။

ဒါကြောင့် အောင်ရဲလင်းရဲ့ လျှောက်လှမ်းနေတဲ့ အနုပညာခရီး၊ ယုံကြည်မှုနဲ့ အနာဂတ် မျှော်လင့်ချက်တွေကို တွေ့ဆုံစဉ် တစ်ခဏအတွင်း တွေ့ဆုံမေးမြန်းဖြစ်ခဲ့ တာတွေကတော့ . . .

မေး - ကားရိုက်တွေ အရမ်းစိပ်နေတယ်နော်။

ဖြေ - ကားရိုက်ပုံမှန်ရှိနေပါတယ်။ အခုလက်ရှိ မကြည်ဖြူသျှင်နဲ့ ရိုက်နေတယ်။ ဒါပြီးရင် ခရေဖြူနဲ့ ရိုက်ဖို့ ရှိပါတယ်။

မေး - ထုတ်လုပ်ရေးတွေ စိတ်ဝင်စားမှုရှိနေတော့ လက်ရှိ ထုတ်လုပ်ရေး ဘယ်နှခုနဲ့ လက်တွဲနေလဲ။

ဖြေ - လက်ရှိမှာတော့ မဟာထွန်း၊ ခရေဖြူ၊ အောင်တိုင်းကျော် ထုတ်လုပ်ရေးတွေနဲ့ လက်တွဲလုပ်ဆောင် နေပါတယ်။

မေး - ထုတ်လုပ်ရေးတစ်ခုကို ဇာတ်ကား ဘယ်နှကား ရိုက်ပေးမယ်ဆိုပြီး သတ်မှတ်ထားတာမျိုးရှိလား။

ဖြေ - အခုလောလောဆယ်မှာတော့ ခရေဖြူထုတ်လုပ်ရေးကို ငါးကား၊ အောင်တိုင်းကျော် ထုတ်လုပ်ရေးကို ငါးကား သတ်မှတ်ပြီး လက်ခံရိုက် ကူးနေပါတယ်။

မေး -ထုတ်လုပ်ရေးတွေရဲ့ စိတ်ဝင်စားမှုရှိလာတာ ဘာကြောင့်လို့ ထင်လဲ . . . .

ဖြေ- အခုလို ထုတ်လုပ်ရေးတွေရဲ့ စိတ်ဝင်စားမှု ပိုလာတယ်ဆိုတာ ကျွန်တော့်ရဲ့ကြိုးစားမှု၊ မကြည်ဖြူရဲ့ အနုပညာ စွမ်းဆောင်ချက်နဲ့ လက်တွဲသင်ပြခေါ်ယူမှု ကောင်းတွေရခဲ့တာကြောင့်လို့ ပြောရမှာပါ။

မေး - မဟာထွန်းအပြင် တခြားထုတ်လုပ်ရေးတွေနဲ့ လက်တွဲတဲ့အခါ ဒါရိုက်တာ စုံအောင်တွေ့ရတော့ အောင်ရဲလင်းရဲ့အနုပညာပိုင်းဆိုင်ရာ တိုးတက်မှုက ဘယ်လိုရှိလဲ။

ဖြေ - ထုတ်လုပ်ရေးတစ်ခုနဲ့ တစ်ခု၊ ဒါရိုက်တာ တစ်ဦးနဲ့တစ်ဦး အတွေးအခေါ်နဲ့ ရွေးချယ်ဖန်တီးမှုပုံစံတွေက မတူပါဘူး။ မဟာထွန်းမှာ အစ်မ (ဒါရိုက်တာကြည်ဖြူသျှင်)ရဲ့ Idea ကတစ်မျိုးရှိပြီး ကောင်းသလို တခြား ဒါရိုက်တာတွေကလည်း သူ့ Idea နဲ့ သူကောင်းကြပါတယ်။ အဲဒီတော့ ကျွန်တော့်အနေနဲ့လည်း ဒါရိုက်တာ တွေဆီက ပညာပေါင်းစုံရတာပေါ့။ ပရိသတ်ကလည်း ဒါရိုက်တာမျိုးစုံ ရဲ့စိတ်ကူးတွေနဲ့ ဖန်တီးထားတဲ့ သရုပ်ဆောင်မှုတွေနဲ့ ကျွန်တော့်ကို တွေ့မြင်နိုင်တာပေါ့။

မေး - အဲဒီထုတ်လုပ်ရေး သုံးခုအပြင်တခြား တိုက်တွေနဲ့ လည်း လက်တွဲသွားဖို့ အစီအစဉ်ရှိ လား။

ဖြေ - အခု လောလောဆယ်မှာတော့ အဲဒီသုံးတိုက်နဲ့ပဲ အဓိက လက်တွဲဖြစ်မှာပါ။ ကျန်တဲ့တိုက်တွေက ကမ်း လှမ်းလာရင် ဒီဗီဒီနဲ့ ကားကြီးတွေ ဆိုရင်ဇာတ်လမ်းကို ကြည့်ပြီးရွေးချယ် ရိုက်ဖြစ်မှာပါ။

မေး - ကိုယ့်ကို လက်ခံအားပေးသူ ပိုမိုလာတာနဲ့ အမျှ ကိုယ့်ဘက်က ပြန်လည်ဖြည့်ဆည်းရတဲ့ အရာတွေက ဘာတွေဖြစ်မလဲ။

ဖြေ - ပိုပြီးကြိုးစားရတာပါ။ ပိုပြီး အာရုံစိုက်ရသလို လေးလေးနက်နက် ထားပြီး ဇာတ်ကွက်တစ်ခုနဲ့ တစ်ခု မပေါ့သွားအောင် သေချာလုပ်နေရ တာက လက်ရှိ ကျွန်တော်လုပ်ရမယ့် အလုပ်ပါ။

မေး - အနုပညာသက်တမ်း ခုနစ်နှစ်ဝန်းကျင်မှာ ရရိလာတဲ့ အနေအထားကိုကျေနပ်လား။

ဖြေ- ကျွန်တော်ရပ်တည်နေတဲ့ လက် ရှိအနေအထားက ကျွန်တော်လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ အများကြီးလိုပါ သေးတယ်။ ကျွန်တော်လိုချင်တဲ့ ပန်းတိုင်ရောက်အောင် သွားနိုင်ဖို့အခုမှ ခြေလှမ်းစရုံ ရှိပါသေးတယ်။ အများ ကြီးကြိုးစား လျှောက်လှမ်းသွားဖို့ လို ပါသေးတယ်။

မေး - အနုပညာအပေါ်ထားတဲ့ ခံယူချက်က ဆိုရင်ရော . . .။

ဖြေ - ကျွန်တော် မင်းသား မဖြစ်ချင်ပါဘူး။ သရုပ်ဆောင်ကောင်းပဲ ဖြစ်ချင်တာပါ။ မင်းသားဆိုထာထက် ဇာတ်ရုပ်ပီပြင်တဲ့ သရုပ်ဆောင် ကောင်းပဲပိုဖြစ်ချင်ပါတယ်။ အဲဒါ ကျွန်တော့်ရဲ့ခံယူချက်ပါ။

မေး - အောင်ရဲလင်းသွားချင်တဲ့ အနုပညာ ပန်းတိုင်ကို အရောက်သွားနိုင်ဖို့ ဘာတွေလိုအပ်မလဲ။

ဖြေ - အဓိကကတော့ ကြိုးစားမှု ရယ်၊ ဇွဲရှိမှုနဲ့သည်းခံနိုင်မှု၊ လုံးလ ၀ရိယ၊ ကံနဲ့ပရိသတ်ရဲ့ အားပေးမှု အားလုံး လိုအပ်ပါတယ်။

မေး - ရုပ်ရှင်ကားကြီး ရိုက်ကူးမှုအတွက် ကမ်းလှမ်းမှုကရော ဘယ်လိုရှိလဲ။ ဘယ်တော့လောက် ရုပ်ရှင်ပိတ်ကားထက်မှာ တွေ့ရမှာလဲ။

ဖြေ - ရုပ်ရှင်ကားကြီး ရိုက်ဖို့ ကမ်းလှမ်းမှုတော့ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ပထမဆုံး ရုပ်ရှင်ကား ကြီးဖြစ်တဲ့အတွက် ကျွန်တော် ဇာတ်ကို သေချာရွေးနေရပါတယ်။ ပထမဆုံးကားဆိုတော့ အကောင်း ဆုံးဖြစ်အောင်ပဲ ရိုက်ချင်ပါတယ်။

မေး - ၂၀၀၄ ခုနှစ်က အောင်ရဲလင်းနဲ့ ၂၀၁၁ အောင်ရဲလင်းကြားမှာ ဘာတွေ ပြောင်းလဲသွားပြီလဲ။

ဖြေ- ကျွန်တော့်ရဲ့ခံယူချက်နဲ့ ကြိုးစားအားထုတ်မှုကတော့ အတူတူ ပါပဲ။ ကွာသွားတာကတော့ အရင် ကထက် အခုပိုပြီး အလုပ်လုပ်နေရ တာပေါ့။

မေး - အောင်ရဲလင်းရဲ့ အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ပရိသတ်ကို ပြောချင်တာရှိမလား။

ဖြေ - ကျွန်တော် အများကြီး ကြိုးစား နေပါတယ်လို့။ ပရိသတ်အားပေးမှု နဲ့ အားပေးရကျိုးနပ်အောင် သရုပ် ဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ ကြိုးစားသွားပါမယ်လို့ ပြောချင်ပါတယ်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။