Home » » စင်ကာပူရှိ S Pass နှင့် EP ကိုင်ဆောင်ကြသောမြန်မာနှင့် အခြားနိုင်ငံသား ကျွမ်းကျင်လုပ်သားများ၏ အခြေခံလစာ နှုန်းထားများ တိုးမြှင့်မည်။

စင်ကာပူရှိ S Pass နှင့် EP ကိုင်ဆောင်ကြသောမြန်မာနှင့် အခြားနိုင်ငံသား ကျွမ်းကျင်လုပ်သားများ၏ အခြေခံလစာ နှုန်းထားများ တိုးမြှင့်မည်။

Written By မောင်စေတနာ on Wednesday, March 23, 2011 | 5:41:00 PM

စင်ကာပူ၌ နေထိုင်ခွင့်လက်မှတ် S Pass ၊ EP အမျိုးမျိုးဖြင့် အလုပ်လုပ်ကိုင်နေကြသော မြန်မာနှင့် အခြားသော နိုင်ငံခြားသား ကျွမ်းကျင်လုပ်သားများနှင့် ပြည်တွင်းလုပ်သားများ၏ အခြေခံလစာ နှုန်းထားများအား ၂၀၁၁ ခုနှစ် ဇူလိုင်လမှ စတင်ကာ ပြောင်းလဲတိုးမြှင့်မည် ဖြစ်ကြောင်း စင်ကာပူ အလုပ်သမားရေးရာဝန် ကြီးဌာန (MinistryofManpower-MOM) ၏ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။

မကြာသေးမီက နိုင်ငံခြားသား အလုပ်သမားများ ခန့်အပ်ထားသည့် စင်ကာပူရှိကုမ္ပဏီများက အလုပ်သမားတစ်ဦးချင်းစီ အတွက်ပေးဆောင်ရသည့် အခွန်နှုန်းထား Levy ကြေးအား သတ်မှတ်တိုးမြှင့်ခဲ့ပြီး ယခုအခါ နိုင်ငံခြားသား အလုပ်သမားများ၏ အခြေခံရရှိသော လစာအားတိုးမြှင့် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

"အခုလို အခြေခံလစာတွေ တိုးမြှင့်လိုက်ခြင်းဟာ စင်ကာပူမှာကျွမ်းကျင် အလုပ်သမားတွေ ခန့်အပ်တဲ့နေရာမှာ တွန်းအားပေးမှုတစ်ခု ဖြစ်လာမယ့် သဘောပါ။ လက်ရှိကုမ္ပဏီကြီးတွေက ဒီစည်းမျဉ်းအတိုင်း လိုက်နာ ကျင့်သုံးကြလိမ့်မယ်။ ကုမ္ပဏီအသေးစားတွေမှာတော့ ဒီစည်းမျဉ်းအတိုင်း လိုက်နာကျင့်သုံးမှု နည်းဦးမှာပဲ။ အထူးသဖြင့် မြန်မာတွေလုပ်တဲ့ ကုမ္ပဏီအများစုကလည်း SME တွေမှာပဲ"ဟု အိုင်တီဝန်ဆောင်မှု ကုမ္ပဏီမှ S Pass ဖြင့် နေထိုင်သူ မြန်မာလူငယ်က ဆိုပါသည်။

ပြည်တွင်း အလုပ်သမားများ၏ အခြေခံလစာအား လက်ရှိစင်ကာပူ ဒေါ်လာ ၆၅၀ မှ ၈၅၀ သို့လည်းကောင်း၊ S Pass ကိုင်ဆောင်သူများ အတွက် မူလ စင်ကာပူဒေါ်လာ ၁၈၀၀မှ၂၀၀၀သို့လည်းကောင်း၊ EP ကိုင်ဆောင်ထားသူ များထဲမှ Q 1 အမျိုးအစားဆိုပါက လက်ရှိစင်ကာပူ ဒေါ်လာ ၂၅၀၀မှ ၂၈၀၀ သို့လည်းကောင်း၊ P2 အမျိုးအစားဆိုပါက လက်ရှိ စင်ကာပူဒေါ်လာ ၃၅၀၀ မှ ၄၀၀၀ သို့ လည်းကောင်း၊ P1 အမျိုးအစားများဆိုပါက ဒေါ်လာ ၇၀၀၀ မှ ၈၀၀၀ ထိလည်းကောင်း တိုးမြှင့် သတ်မှတ်လိုက်ခြင်း ဖြစ်ပါသည်။

လက်ရှိစင်ကာပူ၌ S Pass နှင့် EP ကိုင်ဆောင်ထားသော မြန်မာဦးရေ အများအပြားရှိနေပြီး ပြည်တွင်း အလုပ်သမား အခြေခံလစာ တိုးမြှင့်မှုများတွင်လည်း အမြဲတမ်းနေထိုင်ခွင့် ရရှိပြီးသော မြန်မာများလည်း ပါဝင် မည်ဖြစ်သည်။

Source by :http://www.news-eleven.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။