Home » » စကိတ်ရေယာဉ် အမှု အတွက် မြန်မာ အလုပ်သမား လျှောက်လဲချက်ပေး

စကိတ်ရေယာဉ် အမှု အတွက် မြန်မာ အလုပ်သမား လျှောက်လဲချက်ပေး

Written By မောင်စေတနာ on Wednesday, March 23, 2011 | 5:07:00 AM

ရွှေမန်းသူ။ ။ တရုတ်နိုင်ငံသား အမျိုးသမီးတဦးအား လျှပ်ရေယာဉ်ဖြင့် တိုက်မိသည့် အမှုအတွက် မြန်မာနိုင်ငံသား စက်ရုံအလုပ်သမားတယောက်မှ တရားရုံးတွင် လျှောက်လဲချက်ပေးခဲ့ပါသည်။ စီရင်ချက်ချမည့် ရက်ကိုတော့ ရွှေ့ဆိုင်းထားပါသည်။

ရွှေသောင်ပြင် အနားယူ စခန်း (Golden Sands Resort) နောက်ဘက် ဘတူး ဖာရင်ဂီ (Batu Ferringhi) ကမ်းခြေမှာ ဖေဖော်ဝါရီလ ၅ ရက်နေ့က မနက် ကိုးနာရီ တွင် အခင်းဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရသွားသော ဇူးလီ (Zhu Li) အသက် ၄၇နှစ် မှ တရားခံ နေလင်း၊ အသက် ၃၂ နှစ် အား မဆင်မခြင် မောင်းနှင်မှုကြောင့် အသက် အန္တာရာယ် ဖြစ်စေနိုင်သော ပုဒ်မနှင့် တရားစွဲဆိုခဲ့ပါသည်။

ပြစ်မှု ထင်ရှားခဲ့လျှင် ရာဇ၀တ်ပြစ်မှု အပိုင်း ၃၃၈ အရ ထောင်ဒဏ် ၂ နှစ်ထိ သို့မဟုတ် အမြင့်ဆုံး ဒဏ်ကြေး မလေးရှား ရင်းဂစ်၂၀၀၀ သို့မဟုတ် ပြစ်မှု နှစ်ခုစလုံး ကျခံရပါမည်။


အခင်းဖြစ်ပွားရာ အကြောင်းချင်းရာများကို တရားသူကြီး နော် အီနီ ယူစွတ် (Noor Aini Yusof) မှ မေးမြန်းပြီးနောက် ဒဏ်ရာရသူ၏ ဆေးမှတ်တမ်းမှာ အဆင်သင့်မဖြစ်သေးကြောင်း လက်ထောက် စစ်ဆေးရေး အရာရှိ နာဖာဟားနား ဟတ်စ်ဟင်း (Nur Farhana Hashim) က ပြန်လည် ဖြေကြားခဲ့ပါတယ်။

နာဖာဟားနားမှ ရင်းဂစ် ၅၀၀၀ နှင့် တရားခံအား အာမခံ ပေးမည်ဖြစ်ကြောင်း အဆိုတင်သွင်းပါသည်။နေလင်း၏ ပါတ်စ်ပို့စ် ဘယ်မှာလဲ လို့ တရားသူကြီး နော် အီးနီ မှ မေးမြန်းသောအခါ အလုပ်ရှင်မှ သိမ်းဆည်းထားကြောင်း ဖြေကြားခဲ့ပါတယ်။

တရားသူကြီး နော်အီးနီမှ ၀မ်း မလေးရှား အာမခံ ရင်းဂစ် လေးထောင်နှင့် တရားခံအား အာမခံ ပေးလိုက်ပြီး နေလင်း ပါတ်စ်ပို့စ်အား ရုံးတော်သို့ ယူဆောင်လာရန် အမိန့်ချမှတ်လိုက်ပါသည်။ ဇူး (Zhu)၏ ဆေမှတ်တမ်း စောင့်ဆိုင်းရန်လိုအပ်သဖြင့် ရုံးချိန်းအား မတ်လ ၁၀ ရက်နေ့ သတ်မှတ်လိုက်သည်။

ဇူး ဟာ ဘတူး ဖာရင်ဂီ (Batu Ferringhi) ကမ်းခြေမှာ လမ်းလျှောက်နေစဉ် မြန်မာ နှစ်ယောက် မောင်းလာသော လျှပ်ပြေးယာဉ်နှင့် တိုက်မိသွားခဲ့ခြင်း ဖြစ်ပြီး ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရခဲ့ပါတယ်။

Source by :http://www.thuriyanews.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။