Home » » 'ခန္ဓာကိုယ်တစ်ခုကို ဖက်ရှင်ဆင်သလို ကိုယ်ရေးတဲ့သီချင်းက ပြေပြစ်ရမယ်။ လှပသိမ်မွေ့ရမယ်'၊ ဟဲလေးနှင့် တွေ့ဆုံခြင်း

'ခန္ဓာကိုယ်တစ်ခုကို ဖက်ရှင်ဆင်သလို ကိုယ်ရေးတဲ့သီချင်းက ပြေပြစ်ရမယ်။ လှပသိမ်မွေ့ရမယ်'၊ ဟဲလေးနှင့် တွေ့ဆုံခြင်း

Written By မောင်စေတနာ on Thursday, March 31, 2011 | 4:47:00 AM

e3524











'ရောင်စုံဘောလုံး အများကြီးရှိပါသည်'ဆိုတဲ့ကလေးတစ်ယောက်ရဲ့ ခံစားမှုတွေကိုထည့်သွင်းလို့ ရိုးရှင်းစွာရေးဖွဲ့တတ်တဲ့ ဟဲလေးနဲ့ ဒီတစ်ပတ်မှာ ဆုံဆည်းဖြစ်ခဲ့ပါတယ်။

သူ့ရဲ့ဂီတခရီးလမ်းကတော့ ၂၀၀၀ ၀န်းကျင်နှစ်များရဲ့ လူငယ်အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ Teens အဖွဲ့ မှာ ပါဝင်ခဲ့ရာကနေ စခဲ့တာပဲဖြစ်ပါတယ်။ ၁၀ စုနှစ်တစ်နှစ်ကျော်ကြာမြင့်လာတဲ့အခါမှာတော့ ထိုစဉ်ကအဖွဲ့များလည်း တစတစ မှေးမှိန်ကာ အနုပညာစာမျက်နှာထက်ကေ၀၀ါးသွားပေမယ့်လည်း ဟဲလေးဆိုတဲ့ အဆိုတော်လေးကတော့ ကိုယ်ပိုင်သံစဉ် တေးသီချင်းတွေကို ရေးသားရင်း၊ သီဆိုရင်း၊ ရှိုးပွဲတွေကြား ပျော်မြူးရင်းအနုပညာအရှိန် ကောင်းစွာ တောက်ပနေသူဖြစ်ပါတယ်။

ဒါကြောင့် ဒီတစ်ပတ်မှာ သူ့ရဲ့မကြာခင်ကထွက်ရှိတဲ့ ၀ါရင့်သမ္ဘာရင့်တေးစီးရီးကနေ ဟဲလေးရဲ့လှုပ်ရှားမှုအကြောင်းကို ယခုလို မီးမောင်းထိုးဖော်ပြတဲ့အခါ ....

မေး - ၀ါရင့်သမ္ဘာရင့် တစ်ကိုယ်တော်စီးရီး အပေါ် ပရိသတ်တွေရဲ့ တုံ့ပြန်မှုကဘယ်လို ရှိလဲ။

ဖြေ- ကျွန်တော် ထွက်ခဲ့ပြီးသမျှတွေထဲမှာတော့ ဒီခွေကအနုပညာအရရော၊ ပရိသတ်လက်ခံမှုအနေအထား အရရောကောင်းပါတယ်။

မေး - ပရိသတ်က ဘယ်လိုသီချင်းပုံစံတွေနဲ့ ကိုဟဲလေးကို ပိုပြီးလက်ခံတယ်လို့မြင်လဲ။

ဖြေ - အဲဒီမှာနှစ်မျိုးရှိတယ်။ သူတို့ က ဟဲလေးဆိုရင် ဖန်စီသီချင်းတွေ ဆိုတယ်။ ပျော်စရာလေးတွေဆိုတယ်လို့ မြင်သလို တစ်ပိုင်းမှာလည်း Soft ပုံစံလေးတွေ ဖန်တီးတာလဲ ရှိတယ်။

မေး - ကိုဟဲလေးက သီချင်းတွေကို တင်ပြတဲ့အခါမှာ ဘယ်လိုပုံစံမျိုးနဲ့ ကိုယ်တင်ပြချင်တဲ့ Message ဆီကိုချဉ်းကပ်လဲ။

ဖြေ - ကျွန်တော်ကတော့ သီချင်းရေးရင် ကိုယ်တင်ပြချင်တဲ့အကြောင်း အရာကို စာသားအရပဲ တင်ပြတယ်။ ဒဿနတွေဘာတွေလည်း မတင်ပြတတ်ပါဘူး။ အချစ်အကြောင်းတွေ ပဲရေးဖြစ်တာ များတယ်။ ခန္ဓာကိုယ် တစ်ခုကို ဖက်ရှင်ဆင်သလို ကိုယ်ရေးတဲ့ သီချင်းက ပြေပြစ်ရမယ်။ လှပ သိမ်မွေ့ရမယ်။ စကားလုံး၊ ကာရံတင်ပြပုံ အချိတ်အဆက်မိအောင်ပဲ တင်ပြပါတယ်။

မေး - တချို့သီချင်းတွေမှာဆို ဘန်းစကားလေးတွေ ထည့်သုံးတာ တွေ့ရတယ်နော်။

ဖြေ - ဒါကလည်း ကိုယ်နဲ့ဆိုမယ့် အဆိုတော်ရဲ့အနေအထားနဲ့ ကိုယ်ဆိုမယ့် သီချင်းပုံစံအရ လူငယ်ဆန် ဆန်သရော်မယ့် ပုံလေးဆိုရင်တော့ ဒါလေးတွေထည့်ဖြစ်ပါတယ်။

မေး - ကိုယ်ပိုင်သံစဉ် သီချင်းတွေက တစ်ခါတလေ ဘောင်တစ်ခုထဲမှာ တစ်ဝဲလည်လည် ဖြစ်တတ်တာမျိုးတွေ ရှိတတ်တဲ့အတွက် မထပ်အောင် ဘယ်လိုမျိုးဖန်တီးလေ့ရှိလဲ။

ဖြေ - မထပ်အောင်တော့ ကြိုးစားတယ်။ တူတဲ့ဟာလေးတွေတော့ ရှိပါတယ်။ ပုံစံကွဲလေးဖြစ်အောင်တော့ လုပ်ပါတယ်။ ခွေအနေနဲ့ဆိုရင်တော့ အားလုံးကို ညီမျှအောင်ကြည့်ပြီး လုပ်တယ်။ လေးနေတာဖြစ်နေရင် မထည့်တာမျိုး ပုံစံထပ်နေရင် ရှောင်တာမျိုးတွေ လုပ်တယ်။

မေး - အဲဒီလိုမျိုးဖယ်ထားတဲ့ သီချင်းတွေကိုရော ပြန်သုံးတဲ့အခါမျိုးရောရှိလား။ အဲဒီအခါမှာ ဘယ်အပိုင်းကို အဓိကပြန်ပြုပြင်လဲ။

ဖြေ - ရှိတယ်။ ကိုယ်ပိုင်သံစဉ်ဆို တော့ တစ်နှစ်၊ တစ်နှစ်ခွဲလောက် အထိက သိပ်ပြီးနောက်ကျတာမျိုးမရှိ ပါဘူး။ ကိုယ်ရေးတာကလည်း ဖန်စီ တွေ၊ အချစ်အကြောင်း နူးနူးညံ့ညံ့ လေးတွေဆိုတော့ အရမ်းကြီးပြောင်း တာမျိုးမရှိဘူး။

မေး - ကိုဟဲလေးလူငယ်ဘ၀က အစ်ကို့သီချင်းကို ကိုငှက်(ထူးအိမ်သင်)ဆိုခဲ့တယ်လို့ သိရပါတယ်။အဲဒီအကြောင်းနဲ့ပတ်သက်ပြီး ပြောပါဦး။

ဖြေ - ဟုတ်ပါတယ်။ မျက်စိမှိတ် ချစ်နေမယ် သီချင်းကိုဆိုတာပါ။ မမို့နဲ့ ကိုငှက်(ထူးအိမ်သင်)ဆိုခဲ့တဲ့ သီချင်းပါ။ မမို့က ကိုငှက်ကိုပြတော့ ကိုငှက်ကလည်းဆိုမယ်လို့ ပြောတဲ့အခါမှာ တကယ်ဝမ်းသာတယ်။ ကိုငှက် လိုမျိုး အနုပညာရှင်တစ်ယောက် သီချင်းကို သူတို့စိတ်ထဲက တကယ့်ဆိုချင်တဲ့ဆန္ဒရှိမှ ဆိုတဲ့လူမျိုးလည်း ဖြစ်တယ်။ ကိုယ်တကယ် လေးစားရတဲ့ ပုဂ္ဂိုလ်လည်းဖြစ်တဲ့အပြင် အဲဒီ အချိန်က ကိုယ်မှာသီချင်းရေးတယ် ဆိုပေမယ့် အစပဲရှိသေးတယ်။ အင်အားဆိုတာလည်း ရှိတာမဟုတ်ဘူး။ ကိုငှက်လိုလူမျိုးကဆိုမယ်ဆိုတော့ တကယ့်ကို အင်အားတွေ ရှိလာတယ်။

မေး - ဒီနှစ်သင်္ကြန်ခွေ ဘယ်နှခွေဆိုဖြစ်လဲ။

ဖြေ - သုံးခွေလောက် ဆိုဖြစ်တယ်။

April Queen ထဲကသီချင်းကို ကြိုက်တယ်။ ကျွန်တော်က သင်္ကြန် သီချင်းကို သင်္ကြန်အငွေ့အသက် လေးပါရမယ်။ ကျန်တဲ့အချိန်တွေလည်း ဆိုရတာကောင်းတာကို ပိုပြီးကြိုက်တယ်။

မေး Life Style အပြောင်းအလဲတွေကလည်း ကိုဟဲလေးရဲ့ အနုပညာအပေါ် ဘယ်လိုမျိုး သက်ရောက်စေခဲ့လဲ။

ဖြေ - သက်ရောက်မှုရှိပါတယ်။ အိမ်ထောင်ကျသွားတဲ့အခါမှာ မြင်လာတဲ့ အကြောင်းတွေအပေါ် မူတည်ပြီး အိမ်ထောင်ကျကာ စတုန်းကဆို မိန်းမကိုရိပ်သာပို့တာမျိုး၊ ကလေး ဆိုလည်း ကလေးအဖေကြီးစတဲ့ အရင်မမြင်ဖြစ်တဲ့ ရှုထောင့်တွေ ခံစားမိတယ်။

မေး-ခုနောက်ပိုင်း ယောကျာ်းလေးအများစု က ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆို ဖြစ်လာတယ်။ အစ်ကိုလည်း ကိုယ့်သီချင်းကိုယ်ရေးခဲ့ရင်း လမ်းကြောင်းဖောက်ခဲ့တဲ့ အဆိုတော်တစ်ယောက် အနေနဲ့ ဘာပြောချင်လဲ။

ဖြေ - ရေးနိုင်ခြင်း၊ မရေးနိုင်ခြင်း ဆိုတာတော့ မပြောလိုပါဘူး။ ရေးတတ်ရမယ်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်လုပ်တဲ့အလုပ်ကို ကောင်းအောင်လုပ်နေရင် ပြီးတာပါပဲ။

မေး - ဒီနှစ်ပိုင်းမှာ ဘယ်လိုမျိုး ကိုဟဲလေးရဲ့ အနုပညာအသစ်တွေကို မြင်တွေ့နိုင်သလဲ။

ဖြေ - ကျွန်တော် ၀ါရင့်သမ္ဘာရင့် ကို မီနိုင်မယ့် နောက်ခွေစီစဉ်နေပါတယ်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။