Home » » မြန်မာ့ပထမဆုံး မြန်မာဘာသာဖြင့် ကစားနိုင်မည့် အွန်လိုင်းဂိမ်းတစ်ခုကို မကြာမီ စတင်မည်။

မြန်မာ့ပထမဆုံး မြန်မာဘာသာဖြင့် ကစားနိုင်မည့် အွန်လိုင်းဂိမ်းတစ်ခုကို မကြာမီ စတင်မည်။

Written By Portable Boy on Wednesday, March 30, 2011 | 7:39:00 PM



Total Gameplay Studio ၏ နာမည်ကျော် ဂိမ်းတစ်ခုဖြစ်သော အင်္ဂလိပ်ဘာသာဖြင့်
ဖြန့်ချိထားသည့် The Mastermind Deluxe


မြန်မာ့ ပထမဆုံး မြန်မာဘာသာဖြင့် ကစားနိုင်မည့် Online Game တစ်ခုကို Total Gameplay Studio မှ မကြာမီ လပိုင်းအတွင်း စတင်ဖြန့်ချီ တော့မည်ဟု သတင်းရရှိသည်။ Facebook အကောင့် တစ်ခု ရှိရုံဖြင့် မည်သူမဆို အခမဲ့ ၀င်ရောက် ကစားနိုင်မည့် အဆိုပါ မြန်မာဘာသာသုံး အွန်လိုင်းဂိမ်းကို Mastermind Online Multiplayer Game ဟု အမည်ပေးထားပြီး ယခုအခါ ပြီးစီးလုပြီဟု ကြားသိရသည်။

၎င်း Mastermind ဂိမ်းတွင် အဓိက အားသာချက်များ အနေဖြင့် မြန်မာဘာသာဖြင့် ဆော့ကစားနိုင်ခြင်း၊ မည်သည့် အခကြေးငွေမျှ ပေးရန် မလိုခြင်း၊ ဆော့ဝဲလ် သီးသန့်မလိုဘဲ အင်တာနက် ဆက်သွယ်မှု ရှိရုံဖြင့် ဆော့ကစားနိုင်ခြင်း၊ အင်္ဂလိပ်ဘာသာနှင့်လည်း ဆော့ကစားနိုင်ခြင်း စသည့် ကောင်းမွန်မှုများ ပါရှိကြောင်း သိရသည်။

အဆိုပါ ဂိမ်းတွင် အင်္ဂလိပ်ဘာသာဖြင့် ဖြန့်ချိထားသည့် The Mastermind Deluxe ဂိမ်းကဲ့သို့ Gang Star တစ်ဦးကဲ့သို့ လှုပ်ရှားကြိုးစား၍ ကြီးပွားတိုးတက်အောင် ကစားရသော စွဲမက်ဖွယ် features များ ပါဝင်မည် ဖြစ်ပြီး အခြား ကမ္ဘာကျော် အွန်လိုင်းဂိမ်းများကဲ့သို့ ကစားသူများ အားလုံးနှင့် တပြေးညီ ဆော့ကစားနိုင်မည် ဟု ကြားသိရသည်။


Total Gameplay Studio ၏ logo နှင့် တည်ထောင်သူ ကိုမြင့်ကျော်သူ (မြန်မာပြည်၏ Game Developer လောကတွင် Pioneer တစ်ဦး အပါအ၀င်ဟု ဆိုနိုင်သူ)

Total Gameplay Studio သည် အမှတ် ၁၂-A ၊ ပြည်သာယာလမ်း၊ သင်္ကန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိသော ဂိမ်းထုတ်လုပ်ရေး ကုမ္ပဏီတစ်ခု ဖြစ်ပြီး ၄င်း၏ Game Poratl အင်တာနက် စာမျက်နှာမှာ http://www.totalgameplay.com ဖြစ်သည်။

Source by :MMDailyNews
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။