Home » » အဓမ္မပြုကျင့်ခံရသော အမျိုးသမီးငယ် အသက်စိုးရိမ်ရ

အဓမ္မပြုကျင့်ခံရသော အမျိုးသမီးငယ် အသက်စိုးရိမ်ရ

Written By မောင်စေတနာ on Wednesday, March 30, 2011 | 5:24:00 AM

Rapecase

apecase

SEREMBAN: ဖေဖေါ်ဝါရီလ ၄ ရက်နေ့ နံနက်စောစောတွင် "လုကု" ကားမီးပွိုင့်အနီးလမ်းမပေါ်တွင် သတိလစ်မေ့မျောနေသော အမျိုးသမီးမှာ ဆေးရုံတွင် အသက်စိုးရိမ်ဖွယ်ရာအခြေအနေကို ရင်ဆိုင်နေရသည်။

အမျိုးသမီးငယ်သည် အသက် ၂၀ ကျော်ကာစ အရွယ်ဖြစ်ပြီး လူအုပ်စုလိုက်က အဓမ္မပြုကျင့်ပြီးနောက် ရိုက်နှက်ကာ လမ်းမပေါ်တွင် ပစ်ထားခဲ့သည်။ လူများက သူမကို တွေ့ရှိချိန်တွင် တီရှပ်အင်္ကျီနှင့် ဘောင်းဘီတိုသာ ပါရှိပြီး ခြေဗလာဖြင့် ဖြစ်သည်။

မလေးရှားရာဇဝတ်မှု ထောက်လှမ်းရေးအဖွဲ့မှ အရာရှိ "ဟက်မဒန်းမာဂျစ်” က အမျိုးသမီးငယ်မှာ ဦးခေါင်းခွံအက်သွားကြောင်းနှင့် လက်နှင့် ဒူးခေါင်းများတွင် ပွန်းပဲ့ဒါဏ်ရာများတွေ့ရကြောင်း၊ သူမကို မည်သူမည်ဝါမှန်း အတိအကျ မသိရသေးသော်လည်း မလေးတရုတ်ဖြစ်သည်ဟု ခန့်မှန်းရကြောင်းနှင့် အဓမ္မပြုကျင့်သူမှာ တစ်ဦးထက်များကြောင်း ဒါဏ်ရာများအရ သိရသည်ဟု ဆိုသည်။ ဖေဖေါ်ဝါရီလ ၇ရက်နေ့လူပျောက် တိုင်ကြားမှုများအထိ သူမနှင့် ပါတ်သက်သော တိုင်ကြားမှုကို မတွေ့ရသေးကြောင်း ဆိုသည်။

အဆိုပါအမျိုးသမီးငယ်နှင့် ပါတ်သက်၍ သတင်းပေးလိုပါက ထောက်လှမ်းရေး ”ဖာဒီလာဝတီဘော်ဟန်” အား ဖုန်း ၀၆-၆၄၇၂၂၂၂ သို့မဟုတ် နီးစပ်ရာရဲစခန်းသို့ တိုင်ကြားနိုင်ကြောင်း ပြောသည်။

ပင်လုံသစ္စာ

Source by :http://www.lannthit.com/
Share this article :

1 comments:

မိုးယံ said...

ဒီလိုခေတ်ကြီးရောက်နေတာတောင် ...ဒီလိုမျိုးတွေ ကြားရတာ စိတ်မသက်သာ။ အိုး...စိတ်ညစ်စရာ

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။