Home » » ဓါးပြတိုက်ခံရသော တက်စီမောင်းသူ ရဲစခန်းသို့ ကိုယ်လုံးတီး လမ်းလျှောက်ခဲ့ရ

ဓါးပြတိုက်ခံရသော တက်စီမောင်းသူ ရဲစခန်းသို့ ကိုယ်လုံးတီး လမ်းလျှောက်ခဲ့ရ

Written By မောင်စေတနာ on Tuesday, March 29, 2011 | 4:56:00 AM

setapak

(ဆယ်တာပတ်၊ ကွာလာလမ်ပူ) ဓါးပြတိုက်ခံရသော တက်စီမောင်းသူတစ်ဦးမှာ ဆယ်တာပတ် ရဲစခန်းသို့ ရောက်ရန် တစ်ကီလိုမီတာနီးပါးမျှ ကိုယ်လုံးတီး လျှောက်ခဲ့ရသည်ဟု ဆိုသည်။ အမှုမှာ ဖေဖေါ်ဝါရီ ၃ရက်နေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး (၃၁)နှစ်အရွယ် တက်စီမောင်းသူအား ၄င်း ဝမ်ဆာမာဂျု ဘူတာရုံတွင် ခေါ်တင်လာသော ခရီးသည်တစ်ဦးက ဓါးပြပြန်တိုက်ခဲ့ခြင်း ဖြစ်သည်။

တက်စီသမား၏ အဆိုအရ ဓါးပြတိုက်သွား သူမှာ အသက် ၂၈၊ သို့မဟုတ် ၂၉ ပါတ်ဝန်းကျင်ခန့် ဖြစ်ပြီး ဆယ်တာပတ် သို့ သွားလိုကြောင်း ပြောခဲ့သည်ဟု သိရသည်။ ဆယ်တာပတ်သို့ အရောက်တွင် ခရီးသည်က ဓါးဆွဲထုတ်ပြီး ယာဉ်မောင်းသူ၏ လည်ပင်းကို ဓါးနှင့်တေ့ချိန် သဖြင့် ပါသမျှငွေအားလုံး ထုတ်ပေးခဲ့သည်။

ထို့နောက် ဓါးပြတိုက်သူက တကိုယ်လုံးချွတ်ပေးရန် ပြောရာ ပထမတွင် ယာဉ်မောင်းသူက ငြင်းဆန်နေသော်လည်း ဓါးဖြင့်ထိုးမည်ဟုဆိုသဖြင့် အားလုံးချွတ်ပေးကာ ကားကိုပါ ထားခဲ့ရကြောင်း ဆန်တူးလ်အပိုင် ဒုရဲမှူးက ပြောသည်။

ပင်လုံသစ္စာ

Source by :http://www.lannthit.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။