Home » » အကယ်ဒမီဗန်းကိုင် ခြောက်ဦးနှင့်တွေ့ဆုံခြင်း

အကယ်ဒမီဗန်းကိုင် ခြောက်ဦးနှင့်တွေ့ဆုံခြင်း

Written By မောင်စေတနာ on Sunday, January 23, 2011 | 10:41:00 AM

အကယ်ဒမီဗန်းကိုင် ခြောက်ဦးနှင့်တွေ့ဆုံခြင်း
ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု(အကယ်ဒမီ)ပွဲတွင် အကယ်ဒမီဗန်းကိုင်များအဖြစ် ပါဝင်ဆောင်ရွက်မည့် သရုပ်ဆောင် မော်ဒယ်လ် စံရတီမိုးမြင့်၊ မေဖြူဖြူ၊ မိုးမြင့်သဇင်၊ နှင်းပွင့်ဧကရီ၊ ပိုးပိုး၊ လှိုင်သဇင်တို့ ခြောက်ဦးနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သမျှအား တင်ပြပေးဖြစ်ပါသည်။

e3431be3431de3431c

စံရတီမိုးမြင့်

စံရတီက မော်ဒယ်လ်သင်တန်း စတက်ဖြစ်ရာကနေ ဒီလောကထဲ ရောက်လာခဲ့တာပါ။ အရင်ကတည်းကလည်း အကယ်ဒမီဗန်းကိုင်ဖြစ်ခဲ့တဲ့ အစ်မတွေကိုကြည့်ပြီး အရမ်းအားကျခဲ့တာလေ။ အရွေးခံရတယ်လို့ သိရတော့ ပြောမပြတတ်အောင် ၀မ်းသာမိပါတယ်။ အကယ်ဒမီ ဗန်းကိုင်ဆိုတာ အကယ်ဒမီဆုရရှိမယ့် အစ်ကိုတွေ အစ်မတွေအတွက် တစ်တပ်တစ်အား ပါဝင်ကူညီခွင့်ရတာဖြစ်လို့ စိတ်လှုပ်ရှားမိပါတယ်။



အမည်ရင်း သဲသဲအောင်မြင့်

မွေးသက္ကရာဇ် ၃ .၆ .၁၉၉၄

ပညာအရည်အချင်း တက္ကသိုလ်ဝင်တန်းအောင်

အနုပညာလောကစတင် ၂၀၁၀

ရိုက်ကူးပြီးကြော်ငြာ Chito ဟက်နီးခေါင်းလျှော်ရည် သံလွင်ဆီ

ရိုက်ကူးပြီး billboard Chito


မိုးမြင့်သဇင်

မိုးက မော်ဒယ်လ်တစ်ယောက်အဖြစ် လှုပ်ရှားဖြစ်နေတာတော့ ကြာပါပြီ။ အခု အကယ်ဒမီဗန်းကိုင်အတွက် လျှောက်လို့ရတယ်ဆိုတာ ကြားတာနဲ့ သွားလျှောက်ဖြစ်လိုက်တာ။ အရွေးခံရမယ်လို့တော့ မျှော်လင့်မထားပါဘူး။ အခု အရွေးခံရတယ်ဆိုပြီး အကြောင်းကြားလာတော့ ပြောမပြတတ်အောင် ၀မ်းသာမိတယ်။ အကယ်ဒမီပွဲဆိုတာမျိုးက ရုပ်ရှင်အနုပညာရှင် အားလုံးအတွက် အရေးကြီးတဲ့ပွဲတစ်ပွဲဖြစ်သလို ရုပ်ရှင်ကိုချစ်တဲ့ပရိသတ် အားလုံးလည်း စိတ်ဝင်စားတဲ့ပွဲ ဖြစ်နေတာကြောင့် မိုးအနေနဲ့ ဂုဏ်လည်းယူပါတယ်။

အမည်ရင်း မိုးမြင့်သဇင်

မိဘအမည် ဦးထွန်းဆင့် + ဒေါ်စန်းစန်းအေး

ပညာအရည်အချင်း ဒုတိယနှစ်(မြန်မာစာ)

မွေးသက္ကရာဇ် ၂၇-၉-၁၉၈၉

ရရှိခဲ့ဖူးသောဆုများ Miss Sky Hall, Miss Photogenic (Miss Nge Saung), Miss Colourful

ရိုက်ကူးပြီးကြော်ငြာ Sky Hall, Mikko Coffee

ပိုးပိုး(ခ)မော်ဖူးမောင်

ပိုးက မော်ဒယ်လ်သင်တန်းရယ်လို့တော့ သီးခြားမတက်ဖြစ်ပါဘူး။ အဓိကတော့ ဓာတ်ပုံမော်ဒယ်လ်အနေနဲ့ပဲ လှုပ်ရှားဖြစ်တာ။ အကယ်ဒမီဗန်းကိုင် အတွက်လျှောက်လို့ ရတယ်ကြားတော့ လျှောက်ကြည့်ဖြစ်သွားတာ။ တကယ်တမ်းအရွေးခံရတယ်ဆိုတာ သိရတော့ အရမ်းလည်းပျော်တယ်။ အားလုံးပျော် ကြတဲ့ ဒီပွဲမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါဝင်ပေးဖို့ ဆုံးဖြတ်ထားပါတယ်။

အမည်ရင်း ပွင့်ကေခိုင်

မိဘအမည် ဦးဝင်းမောင်မောင်+ဒေါ်သီတာသွင်

ပညာအရည်အချင်း ပထမနှစ်(မြန်မာစာ)

မွေးသက္ကရာဇ် ၃-၅-၁၉၉၁

ရရှိခဲ့ဖူးသောဆုများ Miss Photogenic, Best Smile, Popular (စိုင်းဘုန်းထူးဓာတ်ပုံပြိုင်ပွဲ)

ရိုက်ကူးပြီးကြော်ငြာ ပုပ္ပားတောင်၊ စိန်ပြည်စိုးဒဏ်ကြေလိမ်းဆေး၊ ရွှေဖုန်းကဒ်(အင်တာနက်)

e3431e

e3431ae3431f

မေဖြူဖြူ

မေဖြူက သီချင်းဆိုတာရော၊ သရုပ်ဆောင်တာရောအပြင် ဂျာနယ်၊ မဂ္ဂဇင်းတွေမှာလည်း ဓာတ်ပုံမော်ဒယ်လ်အဖြစ် အဓိက လှုပ်ရှားနေတာပါ။ အကယ်ဒမီဗန်းကိုင်အဖြစ် အရွေးခံရတယ်လို့ ဖုန်းဆက်လာတော့ အံ့သြ၀မ်းသာဖြစ်မိပါတယ်။ အခုလို ကြီးကျယ်ခမ်းနားတဲ့ ပွဲတစ်ပွဲမှာ ပါဝင်ခွင့်ရမယ်ဆိုတော့ ပျော်လည်းပျော်သလို ဂုဏ်လည်းယူပါတယ်။

အမည်ရင်း မေဖြူဖြူ

မိဘအမည် ဦးဝင်းနိုင်-ဒေါ်ခင်အေးဝင်းညို

ပညာအရည်အချင်း 2nd Year (YUFL)(Eng)

မွေးသက္ကရာဇ် ၁၈-၅-၁၉၉၃

အနုပညာလှုပ်ရှားမှု 'ဂီတရူးလေးများ'နှင့် 'အနားမှာနေပါ'တေးစီးရီးတို့တွင် ပါဝင်သီဆို

'ဆေးပေါင်းခတဲ့ မီးရောင်စုံည' ရုပ်သံဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်

နှင်းပွင့်ဧကရီ

နှင်းပွင့်က Miss People ပြိုင်ပွဲကနေတစ်ဆင့် Miss ပြိုင်ပွဲတွေ အများကြီး ၀င်ပြိုင်ခဲ့ဖူးပါတယ်။ ရွေးချယ်ခံရတယ် ဆိုတာသိရတော့ အရမ်းဝမ်းသာနေမိတယ်။ အနုပညာလောကထဲမှာ လျှောက်လှမ်းနိုင်ဖို့ အခွင့်အရေး တစ်ရပ်ရတယ်လို့လည်း ထင်မိပါတယ်။

အမည်ရင်း နှင်းပွင့်ဧကရီ

မွေးသက္ကရာဇ် ၂၉ .၁၀ .၁၉၈၈

မိဘအမည် ဦးမောင်ကြီး-ဒေါ်လှကြွယ်ကြွယ်

ပညာအရည်အချင်း BCSC(Software)

အနုပညာလောကစတင် ၂၀၁၀

ရရှိခဲ့ပြီးသည့်ဆုများ 2nd runner up(Miss People) ၊ Miss Denis Martin 3rd runner up(Miss Christmas) ,Miss Photogenic, Miss Popular

လှိုင်သဇင်

လှိုင်က အန်တီဆင့် (မေသန်းနု) ရဲ့တူမတစ်ဝမ်းကွဲပါ။ အရွေးခံရတယ်လို့ကြားတော့ မယုံနိုင်အောင်ဘဲ ၀မ်းသာမိတယ်။ လိုအပ်တာတွေကြိုပြီး တိုက်ဖို့အတွက် ဇန်န၀ါရီ လ ၁၉ ရက်နေ့ကတည်းက နေပြည်တော်သွားရမှာပါ။

မွေးသက္ကရာဇ် ၁ .၅ .၁၉၈၇

မိဘအမည် ဦးမင်းနောင်-ဒေါ်လဲ့လဲ့ဝင်း

ပညာအရည်အချင်း B.Sc(Chemistry)

ရိုက်ကူးပြီးကြော်ငြာ/ဇာတ်ကား Bio Plusကြော်ငြာ၊ ရှစ်ကား

http://www.news-eleven.com/

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။