Home » » မဟာဗုဒ္ဓ၀င်ဖွားတော်မူခန်းနှင့်သဒ္ဓါသုမနဇာတ်တော် ကြီးဖျော်ဖြေပွဲကိုအမျိုးသားဇာတ်ရုံတွင် တင်ဆက်ခဲ့

မဟာဗုဒ္ဓ၀င်ဖွားတော်မူခန်းနှင့်သဒ္ဓါသုမနဇာတ်တော် ကြီးဖျော်ဖြေပွဲကိုအမျိုးသားဇာတ်ရုံတွင် တင်ဆက်ခဲ့

Written By မောင်စေတနာ on Monday, January 3, 2011 | 4:37:00 PM

e6141
အမျိုးသားဇာတ်ရုံတွင် ဒီဇင်ဘာလ ၃၀ ရက်နေ့က ဇာတ်တော်ကြီး ဖျော်ဖြေပွဲအား တွေ့ရစဉ်

မြန်မာ့ရိုးရာသဘင် အနုပညာ တင်ဆက်မှုတွင် တိမ်မြုပ်ပျောက်ကွယ်လုနီး ဖြစ်နေသည့် မဟာဗုဒ္ဓ၀င် ဖွားတော်မူခန်း ဇာတ်တော်တင်ဆက်မှုနှင့် သဒ္ဓါသုမန ဇာတ်တော်ကြီး ဖျော်ဖြေပွဲကို ရန်ကုန်မြို့အမျိုးသား ဇာတ်ရုံကြီးတွင် ဒီဇင်ဘာလ ၂၉ ရက်နေ့နှင့် ဒီဇင်ဘာလ ၃၀ ရက်နေ့ များတွင် တင်ဆက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

အဆိုပါဖျော်ဖြေပွဲကို ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန မှ စီစဉ်တင်ဆက်ခြင်း ဖြစ်ကြောင်း သိရသည်။ မဟာဗုဒ္ဓ၀င်ဖွားတော်မူခန်းနှင့် သဒ္ဓါသုမန ဇာတ်တော်ကြီး ဖျော်ဖြေပွဲတွင် အနုပညာဦးစီးဌာန မှ ရွှေတံဆိပ်ဆုရှင် မင်းသား ဥာဏ်ဝင်းနှင့် သူရ၀င်း၊ မင်းသမီးမြင့်မြင့်ကြည်၊ ခိုင်သဇင်သင်း တို့နှင့်အတူ ၀ါရင့်သဘင်အနုပညာရှင် များစွာပါဝင်တင်ဆက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။



"ကျွန်တော်တို့အနေနဲ့ ဒီဖျော်ဖြေပွဲကို ရန်ပုံငွေရရှိရေးထက် ကျွန်တော်တို့ ဇာတ်သဘင်လောက တော်တော်များများမှာ မဟာဗုဒ္ဓ၀င်ဇာတ်တော်ကြီးတွေနဲ့ ဇာတ်အတ္ထုပ္ပတ္တိတွေက တိမ်မြုပ်နေပါပြီ။ ဇာတ်တော်ကြီး တွေကို တင်ဆက်နိုင်တဲ့ မင်းသားတွေလည်း ရှားသွားပါပြီ။ ဇာတ်တော်ကြီးတွေ တင်ဆက်တဲ့အခါ ဇာတ်စာ ဇာတ်စကား၊ ဆို၊ ငို၊ ပြောက ပညာပါသလို ခက်လည်း ခက်တဲ့အတွက်ပါ။ ဒါကိုအဓိကထားပြီး ပြည်သူတွေက မြန်မာ့အမွေအနှစ်ကို သိအောင်လုပ်တဲ့ ရည်ရွယ်ချက်ပါ"ဟု တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့ပါသည်။

http://www.news-eleven.com/
Share this article :

1 comments:

Beauty Studio USA Branded Store said...

ကြည့်ချင်လိုက်တာဗျာ။ ဒါမျိုးပြဇာတ်တွေဆို စိတ်ဝင်စားတယ်။

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။