Home » , » My Happy Birthday!

My Happy Birthday!

Written By မောင်စေတနာ on Tuesday, December 7, 2010 | 9:36:00 AM

Photobucket

Happy Birthday!
7.12.2010
ဒီနေ့လေးဟာ ကျွန်တော်ရဲ့အသက် ၂၃ နှစ်ပြည့်မွေး နေ့လေး
ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ မွေးနေ့လေးမှာ ကျွန်တော့်ကို လူလောက
ကို ပို့ပေးခဲ့သော ကျေးဇူးဆပ်လို့ မကုန်နိုင်သော ကျေးဇူးရှင် အဖေနဲ့
အမေ ကို ရည်မှန်းရင်း ကန်တော့လိုက်ပါတယ်။

ကျွန်တော့်ကို ငယ်ငယ်လေးကတည်းက စုပြုစောင့်ရှောက်ပေးခဲ့သော
ကျွန်တော်ရဲ့ အဖေနဲ့အမေ ကျွန်တော်ရဲ့ဘဝတစ် လျှောက်ဖြတ်သန်း
လာခဲ့သော အချိန်တွင် ပညာသင်ကြားပေးခဲ့သော ဆရာများ ဆရာမများ

ကျွန်တော်ဖြတ်သန်းနေသော အချိန်မှာ ကူညီပေးခဲ့သော တွေ့ရ ခင်မင်ရသော
မိတ်ဆွေများ သူငယ်ချင်း များကို အထူးကျေးဇူးတင်ပါတယ် ခင်ဗျား။

တကယ်တော့ လူတစ်ယောက်ဖြစ်ဖို့ ဆိုတာ မလွယ်ပါဘူးလို့ ကျွန်တော်
ထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတာ လူဆိုတာ တစ်ယောက်တည်း ရှင်သန်
လို့မှ မရတာလေ ဒီတော့ ကိုယ့်ရဲ့ မိဘ တွေ ဆရာသမား တွေ နောက် ...

သူငယ်ချင်း မိတ်ဆွေတွေနဲ့ ဘဝတစ်ခုကို လူတိုင်းလူတိုင်း စတင်ရတာပဲ
ဒါကြောင့် ဘဝတစ်လျှောက်လုံးမှာ မိဘကျေးဇူးတွေ ဆရာသမား မိတ်ဆွေ
တွေရဲ့ ကျေးဇူးတွေကို မမေ့သင့်ပါဘူး .....

အထူးသဖြင့် မိဘတွေရဲ့ ဆရာသမားတွေရဲ့ကျေးဇူးတွေကို ဘယ်တော့မှ
မေ့လို့မရဘူး။ လူတစ်ယောက် ဖြစ်ဖို့ဆိုတာ လက်ဦးဆရာ မိနှင့်ဖတဲ့ ဒီစကား
လေးလိုပါပဲ ပထမဆုံး မိဘနှစ်ပါး ဟာ ကျေးဇူးရှင်ပါပဲဗျာ ....

ဒီတော့ ကိုယ့်ရဲ့ ဘဝ ရှင်သန်နေတဲ့ အချိန်လေးမှာ မိဘရဲ့ ကျေးဇူး
ဆရာသမားတွေရဲ့ ကျေးဇူးနဲ့ မိမိရဲ့ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ ကျေးဇူးရှိ
သူတွေကို မမေ့ပဲ ကိုယ်တတ်နိုင်လောက် ပြန်လည် ဆပ်ကြပါလို့ ကျွန်တော်
ပြောကြားလိုပါတယ်ခင်ဗျား ။

ဒီနေ့လေးမှာ ကျွန်တော်ကို မွေးနေ့ဆုတောင်းပေးသော ကျွန်တော်ရဲ့မိတ်ဆွေ
သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ် ခင်ဗျာ ... ညမှ စားစရာတွေ သောက်
စရာတွေ အဝကျွေးမှာနော် ဆိုက်ကို ညကြရင် အလည်လာကြဦးနော် .......

ကျေးဇူးတင်ပါတယ်ခင်ဗျား ... အခုတော့ ဘုန်းကြီးကျောင်း ကိုလည်းသွားရဦးမယ်။
သူငယ်ချင်းတွေကို နေ့လည် ၂ နာရီဆို k l က ရွှေတောင်ဆိုင်မှာ ကျွေးရဦးမယ်။
အွန်လိုင်းက ခင်မင်ရတဲ့ သူတွေကို ညမှကျွေးမယ်နော် ... အခု ကိတ်မုန့်တွေနဲ့
စားစရာတွေ ထွက်ဝယ်လိုက်ဦးမယ် ဗျာ။ ကျွန်တော် ပြန်လာမှ ကျွေးမှာနော် ။

တတ်တာနော် ....

Photobucket

Share this article :

10 comments:

ဇော်ဇော် said...

ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ

သူငယ်ချင်းရေ ....

မိဘနဲ့ သူငယ်ချင်းတွေအပေါ်မှာ

ကျေးဇူးသိတတ်သော သူတစ်ယောက်

ဖြစ်ပါစေနော်


ခင်မင်လျှက်

နီလာ said...

Happy Birthday!

မလာနိုင်တာ နားလည်ပေးနော်

ညမှလာစားမယ်

သဒ္ဓါလှိုင်း said...

ံHappy Birthday...ပါ..
ပျော်ရွှင်ဖွယ်မွေးနေ့များစွာကိုဖြတ်သန်းနိုင်ပါစေ.။

ဇင်မင်း said...

Happy Bi rt hd ay! နော် သူငယ်ချင်းရေ

ဒိနေ့လာမလို့ပါ အလုပ်နားတာ မရလို့

တောင်းပန်ပါတယ် နော် သူငယ်ချင်းလေးရေ

ညမှ လာစားမယ်နော်

ငြိမ်းချမ်း said...

ကိုနေဇော်လင်း မွေးနေ့မှစ၍ နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်စွာနေနိုင်ပါစေ။ယနေ့မှ စ၍ နှစ်တစ်ရာတိုင်အောင် ကျန်းမာပျော်ရွှင်သော ဘဝကိုပိုင် ဆိုင်ပြီး ချစ်သော မိသားစု ၊ခင်မင်ရတဲ့ သူငယ်ချင်းများ ခြံရံပြီး ရည်ရွယ်ထားတဲ့ ဘဝလက်တွဲ ဖော်နဲ့ ပျော် စရာဘဝ ခရီးကို ထာဝရ လျှောက်လှမ်း နိုင်ပါစေလို့ ညီ ဆုတောင်းလိုက်ပါတယ်။

...အလင်းစက်များ said...

HAPPY BIRTHDAY......!

CAN I DRINK BEER? HE! HE!

မေပယ်လ် said...

ပျော်ရွှင်ဖွယ်မွေးနေ့လေး
ဖြစ်ပါစေညီရေ
ထပ်ကွန့်ဆုတောင်းပေးခဲ့တယ်

ကိုဇော် said...

Happy Birthday ပါ....

ရဲထွန်းဇော် said...

အလုပ်မအားလို့ မလာနိုင်တာ ဆော်ရီးနော်ညီ...

Anonymous said...

Happy Birthday NZL wishing to you all the best...

ှမွေးနေ့မှသည် နောင်မွေးနေ့တိုင်းမှာ ပျော်ရွင်ချမ်းမြေ့ပါစေ...
ခင်တဲ့...
မလွင်

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။