Home » » Ganting Hlghtland သို့အလည်တစ်ခေါက် .... (25.12.2010)

Ganting Hlghtland သို့အလည်တစ်ခေါက် .... (25.12.2010)

Written By မောင်စေတနာ on Monday, December 27, 2010 | 11:29:00 AM



25.12.2010 ခရစ်စ္စမတ်နေ့လေးမှာ မလေးရှားရှိ Ganting Hlghtland
( ဂန်တန်းဟိုက်လန်း ) တောင်ပေါ်လေးသို့ သွားဖို့အတွက် သောကြာနေ့
ညနေကတည်းက သူငယ်ချင်းတွေ အစ်မတွေဆီ ညအိပ်သွားဖို့ အတွက်

ညနေ 6 နာရီထိုးတာနဲ့ အိမ်ကနေ ထွက်လိုက်တယ်။ KL ကိုရောက်တော့
တရုတ်တန်း နောက်မှာရှိတဲ့ ဆူဘန်းကား U 81 ကိုစီးလိုက်တယ်။ ဆူးဘန်း
ကို ရောက်တော့ ည ၉ နာရီ ထိုးနေပြီ။ ဒါနဲ့ သူငယ်ချင်းတွေ စောင့်နေတဲ့

အေးသုခ မြန်မာဆိုင် ကိုခဏ ဝင်ထိုင်လိုက်တော့ ကို ကင်းကောင်
ကိုကျော်ထူး ၊ ကိုမိုးအောင်ရင် တို့ကို တွေ့လိုက်ရတယ် ဆိုင်ထဲမှာပေါ့။
သူတို့က 25 ရက်စနေ့နေ့ နေ့လည်မှာ အငြိမ့်ကဖို့ အတွက် မလေးရှားကို
ရောက်နေတယ် ဆိုတာ သိလိုက်ရတယ်။





ဒါနဲ့ သူငယ်ချင်း တစ်ယောက်ကို ဓာတ်ပုံရိုက်ခိုင်းတယ်။(မယုံမှာ စိုးလို့)

ည 10:30 ခွဲတာနဲ့ သူငယ်ချင်းတွေ အစ်မတွေဆီ သွားအိပ်ပြီး မနက်
7:30 ထိုးတာနဲ့ ကားက စထွက်မယ်ပြောတာနဲ့ ကားဂိတ် ကားစောင့်
တဲ့ နေရာကို ပြေးရတာပေါ့ ။

ကားပေါ်တက်စောင့်ရင်း လူစုံတော့ ကားထွက်ပါတယ်။ Ganting Hlght
Land အထိ ၂ နာရီလောက် ကားစီးလိုက်ရပါတယ်။ ဟိုရောက်တော့
ဒီနေ့က ခရစ်စ္စမတ်နေ့လေးမို့ လူတွေက များလိုက်တာ။


အပေါ်ကို တက်ဖို့အတွက် တန်းစီ စောင့်နေရတဲ့သူတွေ


ကြည့်ပါလား အပေါ်တက်ဖို့ တော်တော် တန်းစီရဦးမှာ


ဒါလေးက တန်းစီ နေရင်း ရိုက်ထားလိုက်တာ


စောင့်ရင်း စောင့်ရင်း နီးလာပီနော် ... အပေါ်ကိုတက်ရတော့မယ်။


ကျွန်တော်တို့ အလှည့်ရောက်ပြီနော် လိုက်မယ်ဆိုရင် မြန်မြန်တက်ဗျာ



တောင်ပေါ်တက်နေပြီဗျာ .... အရမ်းစီးလို့ ကောင်းတယ် ....


ဒီလို မစီးချင်ဘူးလား ..... ကြောက်စရာ မကောင်းပါဘူးဗျာ ....


ကြိုးလေးတွေနဲ့ ဒီလို လုပ်ထားပါတယ်။


5 မီနစ်လောက်တော့ စီးရတယ်။ အပေါ်ကိုရောက်ပီ။ လန်းကြမယ်နော်



ပုံလေးကို ဒီလို လုပ်ထားတယ်။


နှင်းတောင် အိမ်လေး .... ချမ်းလွန်းလို့ အရမ်းပဲ ....


ဒါလေး စီးဖို့ လက်မှတ်ဝယ်ပြီး စောင့်နေရတယ်ဗျာ ....


ဒါက သရဲအိမ်ကြီး အဝင်တစ်နေရာပေါ့ .....


ညီမလေးက ဒါလေးစီးချင်လို့တဲ့ စောင့်နေရတယ်ဗျာ ...


အပေါ်ကနေ ရိုက်ထားတဲ့ ရဲတိုက် ပုံစုံလေးပါ။ အစောင့်တွေလည်း ရှိတယ်နော်။


ဒါက KLCC ပုံတူလုပ်ထားပါတယ်။


အောက်က လှေလေးနော် ... စီးချင်ဘူးလား ....


အောက်က သွားနေတဲ့ သူတွေ .......


လှတယ်နော် ... တွေ့ရာ ရိုက်ထားလိုက်တာပါ။


စီးချင်တဲ့ နေရာက များလို့ အချိန်ကလည်း ရှိတော့ဘူး ....


အောက်က ကစားကွင်း နေရာလေးပါ။


ဒီနေရာမှာပဲ တစ်နေ့လုံး ရောက်တာနဲ့ အချိန်ကုန်သွားတယ်။

ဒီလောက်ပဲ ရိုက်လာခဲ့တယ်။
သူငယ်ချင်း မိတ်ဆွေများ သွားချင်ရင်တော့ http://www.rwgenting.com/
ဒီနေရာမှာ လေ့လာ နိုင်ပါတယ် ခင်ဗျား။ ပျော်စရာတော့ ကောင်းတယ်။
ပိုက်ပိုက်သာများများ ယူသွား အဲဒီမှာက ဈေးကြီးတယ်နော် ။
တောင်ပေါ်ဆိုတော့လေ ။

နောက်မှ သွားဖြစ်တဲ့နေရာလေးတွေကို ထပ်တင်ပေးမယ်နော်။ အဲဒီနေ့က ညနေ
၆ နာရီထိုးတာနဲ့ ပြန်ခဲ့ရပါတယ်ဗျာ။ ခရစ်စ္စမတ်နေ့လေးမို့ အမှတ်တရ သွားဖြစ်တာပါ။
အားလုံးတောင် စုံအောင် မသွားရပါဘူးဗျာ။ လူတွေက များလည်းများ တစ်ခုခုစီးချင်ရင်
တန်းစီ စောင့်နေရတာနဲ့ ၅ ခုလောက်ပဲ စီးခဲ့ရတယ်။ အချိန်က မရှိတော့လို့ ...

နောက်တစ်ခါ ထပ်သွားမှ အခုစာဖတ်နေတဲ့ သူငယ်ချင်း ကိုခေါ်မယ်နော်။
အခုတော့ ဒီလောက်လေးပဲ ကျေ နပ် နိုင် ပါ လို့ သာ ... ပြောကြားရင်း

ခင် မင် လေး စား လျှက်

နေဇော်လင်း

25.12.2010



Share this article :

4 comments:

မိုးယံ said...

သွားနိုင်သူတွေ သွားကြပါ သွားကြပါ..

သွားနိုင်ခွင့်မရှိလို့ ..ငေးရတယ် မောရတယ်..ဟေ့

ဇော်ဇော် said...

ပျော်စရာ ကောင်းလိုက်တယ် သူငယ်ချင်းလေးရေ ....

နောက်တစ်ခါသွားရင် တော့ ခေါ်နော်
အလည် လိုက်မယ်နော် .....

ခင်မင်လျှက်

ဇင်ဇင် said...

သူငယ်ချင်း အဲဒီနေရာလေးက
ဘယ်နားမှာလဲ

ဇင်လည်း သွားလည်ချင်တယ်
သူငယ်ချင်း လိုက်ပို့နော်
..............

Anonymous said...

Genting မြင်ကွင်းတွေကတော့ အလွတ်တောင်ရနေပါပြီ။
ဓါတ်ပုံတွေကြည့်ပြီး Genting ခရီးစဉ်တွေကို ပြန်လွမ်းသွားတယ်။
စကားမစပ်.. ၅ခုလောက်ပဲစီးပြီး ညမအိပ်ဘူးဆိုတော့ မတန်ဘူးကွ။
အေးဆေးနေပြီး ညဘက်တောင်ပေါ်အရသာကို တဝခံစားပစ်မှ တန်တာ။

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။