Home » » အမှတ်တရ စာပေဟောပြောပွဲ နေ့လေး .....

အမှတ်တရ စာပေဟောပြောပွဲ နေ့လေး .....

Written By မောင်စေတနာ on Tuesday, December 28, 2010 | 12:18:00 AM



26.12.2010 တနင်္ဂနွေနေ့ လေးမှာ KL-SM ကုန်တိုက်မှာ
ကျင်းပတဲ့ စာပေဟောပြောပွဲ ကိုသွားရောက် ခဲ့ပါတယ်။

ကျွန်တော်တို့လို့ အဝေးရောက်နေသော မြန်မာများ အတွက်
ဒီလို စာပေဟောပြောပွဲ အစီအစဉ်လေးဟာ အရမ်းကို တန်ဖိုး
ရှိပါတယ်။

အရင်က စာပေဟောပြောပွဲလေးတွေ တစ်နှစ် တစ်ခါ ရှိပေမဲ့
တစ်ခါမှ မသွားခဲ့ရပါဘူး။ ကျွန်တော် အဝေးရောက်နေတာရယ်
အလုပ် မအားတာရယ် ကြောင့်ပါ။

ဒီနှစ် ဒီတစ်ခါတော့ ရအောင် သွားမယ်လို့ စိတ်ထဲက ဆုံးဖြတ်
ပြီး စာပေဟောပြောပွဲ ရှိရာ နေရာလေးသို့ ရောက်အောင် သွား
ခဲ့ပါတယ်။

ဒါနဲ့ ဖုန်းဆက်ပြီး ကိုအုပ်ကြီး ကို စာပေဟောပြောပွဲ လက်မှတ်ဝယ်
ပေးဖို့ ဖုန်းဆက် လိုက်ပါတယ်။ ကျွန်တော် ရောက်တာနဲ့ အစီအစဉ်
မစသေးပါဘူး။




ဆရာဟိန်းလတ် ၊ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ဆရာမ ခင်ခင်ထူး

နေ့လည် 1 နာရီ ထိုးတာနဲ့ စာပေဟောပြောပွဲ အစီအစဉ်လေးက
စတင်ပါပြီ။ ပထမဆုံး ဆရာမ ခင်ခင်ထူး စတင် ဟောပြောပါတယ်။
ဆရာမ က " ကျေးတောသူ " ခေါင်းစဉ်နဲ့ တောဓလေ့များ တောသူ
တောင်သားများ အကြောင်း နဲ့ ဆရာမရဲ့ဘဝအကြောင်း အရာလေး
တွေကို ဟောပြောပါတယ်။ အရမ်းကိုကောင်းတဲ့အတွက် ကျွန်တော်
မြန်မာပြည်ကိုတောင် သတိရ သွားခဲ့ပါတယ်။

ဆရာမ ခင်ခင်ထူး ဟောပြောပီးတာနဲ့ နောက်ထပ် ဆရာ မောင်စိန်ဝင်း
(ပုတီးကုန်း) စတင် ဟောပြောပါတယ်။ ဆရာ မောင်စိန်ဝင်း က သုတ
ရသ များအကြောင်း ကဗျာ အလင်္ကာ များအကြောင်း ကို ဟောပြောသွား
ခဲ့ပါတယ်။ ဆရာရဲ့ ဟောပြောချက်လေး တွေဟာာ ကျွန်တော့် အတွက်
အရမ်းကိုပဲ သုတ ရသ ရရှိ စေပါတယ်။

ဆရာမောင်စိန်ဝင်း ပြီးတာနဲ့ ဟောပြောပွဲ အစီအစဉ်များကို ၁၀ မီနစ်
ခဏလေး ရပ်နားပြီး ပြန်စပါတယ်။ နောက်ဆုံးအလှည့်က ဆရာဟိန်းလတ်
ပါ။ ဆရာက အနောက်နိုင်ငံ များ အကြောင်း နိုဘယ်ဆုရ စာရေးဆရာများ
အကြောင်း စသည့်များကို ဗဟုသုတ ဖြစ်ဖွယ်များကို ဟောပြောပါတယ်။



ဆရာရဲ့ ဟောပြောချက်များဟာ ကျွန်တော်အတွက်တော့ မသိသေးတာ
တွေ သိခွင့်ရခဲ့တဲ့ အတွက် အရမ်းကို သုတများ ရစေပါတယ်။

ဆရာရဲ့ ဟောပြောချက်များ ပီးဆုံးသွားတာနဲ့ ကံစမ်းမဲ အစီအစဉ်များ ကြော်ငြာ
ပါတယ်။ စာပေဟောပြောပွဲ နေ့လေးမှာ အရမ်းကိုပျော်စရာ ကောင်းပြီး ဗဟုသုတ
များလည်း ရရှိစေပါတယ်။

စာဖတ်သူ သူငယ်ချင်း မိတ်ဆွေများကိုလည်း နောက်နှစ်တွေမှာ လာရောက်
နားထောင် လေ့လာကြဖို့ တိုက်တွန်း ပါတယ် ခင်ဗျား ။ ဒီနေ့လေးမှာ အားပေး
တက်ရောက် ကြတဲ့ မြန်မာတွေ များပါတယ်။ ခန်းမကြီး တစ်ခုလုံးပြည့်နေတာပဲ
ဆရာ ဆရာမတွေကို အားပေးကြတဲ့ လက်ခုပ် သံတွေနဲ့ အတူ အခုလို အဝေး
ရောက် မြန်မာများ စုစုစည်းစည်း ပြုလုပ်နေတာ လေးတွေက တကယ်ကို ဝမ်း
သာ ကြည်နူးစရာ လေးတွေပါ။

စကားကောင်း နေတာနဲ့ အချိန်လည်း နောက်ကျနေပြီ။
ည ၇ နာရီတောင် ထိုးတော့မယ်။ ဒါနဲ့ ဝါသနာတူ ဘလာ့ကာများဖြစ်ကြတဲ့ ကိုဇော် ၊
ကိုအုပ်ကြီး ၊ မခိုင်နုငယ် တိုနဲ့ အတူ အမှတ်တရ ဓာတ်ပုံရိုက်ပြီး အိမ်ပြန်ခဲ့ပါတယ်။
ဓာတ်ပုံ ဆရာကတော့ သိတယ်နော် .... မသိရင် ပြောပြမယ် ကိုဇော် ပါ ခင်ဗျား
ဒီနေ့လေးကို အမှတ်တရ ဘလော့ပိုစ့်လေး ရေးမယ် စိတ်ကူးရင်း .....
အတွေးများနဲ့ .........

တတ်တာနော် .......
ကျွန်တော် အိမ်ပြန်နေပြီ ..... ဗျို့ ......

စာဖတ်သူ ချစ်မိတ်ဆွေ များအား ခင်မင် လေးစား လျှက်

ေ န ေ ဇာ် လ င်း

Share this article :

2 comments:

သူရ said...

လာချင်လာပါတယ် သူငယ်ချင်းရေ
ငါက ထိုင်းမှာဆိုတော့ လာလို့မရလို့ပါ။
အဲလို စာပေဟောပြောပွဲတွေကို
စိတ်ဝင်စားပါတယ်။

အခုလို ပြောပြပေးတဲ့အတွက်
ကျေးဇူးပါကွာ......

phyothuya said...

လာဖတ်သွားပါတယ် သူငယ်ချင်းရေ

မလာနိုင်လို့ တောင်းပန်ပါတယ်နော်...

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။