Home » » ဒိုမိန်းပြောင်းခြင်း ( အသိပေးခြင်း )

ဒိုမိန်းပြောင်းခြင်း ( အသိပေးခြင်း )

Written By မောင်စေတနာ on Tuesday, December 21, 2010 | 8:53:00 PM



အဟမ်း .... အဟမ်း ... ( လူကြီးစတိုင်ဖြင့် )

ဒီနေ့ ကျွန်တော်ရဲ့ ဆိုက်လေးကို http://www.nayzawlin1.com/
ဒိုမိန်းပြောင်းလိုက်ပြီဗျာ။ ဒီလ 15 ရက်နေ့ကတည်းဗျာ ပြောင်းမယ်
လို့ ကြေညာထားတာ မအားတာနဲ့ အလုပ်တွေ မလုပ်ဖြစ်ဘူး .......

ပြီးတော့ အခု ဒိုမိန်းကို အစ်မတစ်ယောက်လို ခင်တဲ့ မမ အိမ်လွမ်းသူ
က ဝယ်ပေး တာပါ။ မမ အိမ်လွမ်းသူ ကလည်း အလုပ်တွေ များနေတဲ့
ကျွန်တော်နဲ့တောင် လိုင်းပေါ်သိပ်မတွေ့ဘူး ဖြစ်နေရော ဒါနဲ့ပဲလွဲနေတာ။

ပြီးတော့ ကျွန်တော်က ဘလော့ပဲ ရေးနေတာ ဒိုမိန်း ပြောင်းတာ
ချိတ်တာလည်း သိပ်နားမလည်ပါဘူးဗျာ။ ဒီတော့ မမ အိမ်လွမ်းသူ ကပဲ
" မောင်လေး နားမလည်ရင် မမလျှောက်ကလိကြည့်မယ် တဲ့ .......
( အားကိုးရတယ်နော် )

အခုလည်း မမ အိမ်လွမ်းသူ ဒိုမိန်းကိစ္စများကို သူကိုယ်တိုင်ပဲ မအားတဲ့
ကြားကနေလုပ်ပေးလို့ အခုဆို မြန်မာ ကစာဖတ်ချင်တဲ့သူတွေ အဆင်ပြေ
သွားပြီလေ။ ကျော်စရာ ခွစရာမလို တော့ဘူးပေါ့ ........



ကျွန်တော် ဆိုက်ကလည်း ဘက်စုံဖြစ်အောင် ကြိုးစားနေပါတယ် ခင်ဗျား
အဝေးရောက် မြန်မာတွေအတွက် အကောင်းဆုံး ဖြစ်အောင် ထိုင်း ၊ မလေးရှား
စင်္ကာပူ ၊ ဒူဘိုင်း သတင်းတွေနဲ့ ကောင်းနိုးရာရာလေးတွေ မျှဝေပေးနေတာပါ။

အခုလို ဒိုမိန်း ဝယ်ပေးသော မမ အိမ်လွမ်းသူ အား
ကျေးဇူး အထူးတင်ပါတယ်။ ခင်ဗျား ကျွန်တော်လည်း အရင်ထက် ပိုပြီး
ကြီုးစားသွားမှာ ဖြစ်ပါတယ်။

တစ်ခါတည်း ကြေညာလိုက်ပါ့မယ်ခင်ဗျား။

http://www.nayzawlin1.com/
ဒီဆိုက်လေးမှာက သတင်းများနှင့် ဗဟုသုတ
များကို လေ့လာနိုင်ပါတယ်။

http://nayzawlin2.blogspot.com/
ဒီဆိုက်လေးမှာက ကျွန်တော်ရေးထားတဲ့
မတတ်တစ်ခေါက် ရေးထားတဲ့ စာတွေ ဖတ်နိုင်ပါတယ်။

http://nayzawlin3.blogspot.com/

ဒီနေရာလေးမှာ အခုမှ စတင် ပြုလုပ်နေပြီး
website လေးတွေကို ကျွန်တော်သိသမျှ လမ်းညွှန်ပေးတဲ့
ဆိုက်လေးတစ်ခု အဖြစ် လေ့လာနိုင်ပါတယ်ခင်ဗျား။

နောက် ပြောတစ်ခု ပြောချင်တာက

21.12.2010 နေ့ အင်္ဂါနေ့မှ စ၍ ကျွန်တော်အကောင့်မှာ ရှိနေသော
သူငယ်ချင်း မိတ်ဆွေ များကို မေးထဲက ဖတ်နိုင်ရန် အတွက် ကျွန်တော်
ဆိုက်မှာ တင်တဲ့ post တွေကို မေးထဲသို့ ပို့ပေး သွားမှာ ဖြစ်ပါတယ်။

ဆိုက်တွင် တင်နေသော post များကို စာဖတ်သူ မိတ်ဆွေများထဲ မှ
မိမိရဲ့ မေးထဲကို ပို့စေချင်ပါက nayzawlin1@gmail.com သို့ ဆက်သွယ်နိုင်
ပါတယ်ခင်ဗျား။

အခုလို ကျွန်တော် ဆိုက်လေးအတွက် ဒိုမိန်း ဝယ်ပေးသော
မမ အိမ်လွမ်းသူ နှင့် အားပေးကြသော စာဖတ်သူ မိတ်ဆွေ သူငယ်ချင်းများ
ကို အထူး ကျေးဇူးတင်ပါတယ် လို့ ပြောကြားလိုပါတယ် ခင်ဗျား .....

ခင်မင်စွာဖြင့်

နေဇော်လင်း

Share this article :

5 comments:

ကိုဇော် said...

ကောင်းတယ် ညီရေ...
ဝမ်းသာပါတယ်။
ပိုမိုး အောင်မြင်ပါစေ။

မိုးယံ said...

အဲလိုကျတော့ လန်းတာပေါ့ ညီရယ်.

phyothuya said...

တကယ်လန်းလာလို့ အားပေး
ပါတယ်ဗျာ ....

Anonymous said...

ရှပ်ပြာမောင်လေးရေ။

ဘယ်က အိမ်လွမ်းသူ လဲနော်။ သတိထားဦး။ ဆိုက်မှား နေတယ်။။ ဟား ဟား။။။ ခုလို အဆင်ပြေသွား တော့ အတိုင်းထက်လွန် ပျော်ရွှင်ပါတယ်. နှောင်နှစ်များလည်း ဒီလိုဘဲပေါ့။ အဟဲ

naylinnhtun said...

ကြိုဆိုပါတယ် မြန်မာပြည်က လူတွေအတွက် အဆင်အပြေဆုံးပေါ့
ဝမ်းသာတယ် ညီရေ
လှိုင်ဘွား(သီချင်းအိမ်)

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။