Home » » နိုင်ငံရပ်ခြားပညာတော်သင်သွားသူများ သက်ဆိုင်ရာ ကျောင်းများ၏ပြဌာန်းချက်များကိုကြိုတင်လေ့လာသင့်

နိုင်ငံရပ်ခြားပညာတော်သင်သွားသူများ သက်ဆိုင်ရာ ကျောင်းများ၏ပြဌာန်းချက်များကိုကြိုတင်လေ့လာသင့်

Written By မောင်စေတနာ on Tuesday, December 14, 2010 | 10:56:00 AM



နိုင်ငံရပ်ခြား ပညာတော်သင်သွားရောက်မည့် လူငယ်များအနေဖြင့်
ဘာသာရပ်ဆိုင်ရာ အသိပညာဗဟုသုတများ၊ကျွမ်းကျင်မှုများအပြင်
သက်ဆိုင်ရာကျောင်းများ၏ စည်းမျဉ်းစည်းကမ်းများ၊ ပြဌာန်း ချက်

များကို ကြိုတင်လေ့လာသင့်သလို ဥပဒေဆိုင်ရာ အခြေခံအချက်
အလက်များကိုလည်း သိရှိထားရန် လိုအပ်ကြောင်း၊ Education
Provider များ၊ ဥပဒေပညာရှင်များ၏ ပြောကြားချက်များအရသိ
ရသည်။

ပြည်ပမှာ ကျောင်းသွားတက်ကြမယ့် ကျောင်းသားအများစုက သူ
တို့တက်ရမယ့်ကျောင်းတွေရဲ့ ဘာသာရပ်ဆိုင်ရာတွေနဲ့ ငွေကြေး
ကုန်ကျမှုဆိုင်ရာ အချက်အလက် တွေလောက်ကိုပဲ အဓိကလေ့
လာကြ တာများတယ်ဗျ။



ကျွန်တော်တို့အနေနဲ့အကြံပြုလိုတာက အထက်ကအချက်အလက်
တွေအပြင် ကိုယ်တက်ရောက်မယ့်ကျောင်းရဲ့ ပြဌာန်းထားတဲ့ စည်း
မျဉ်းစည်းကမ်းတွေကိုလည်း လေ့လာထားဖို့လို အပ်တယ်လို့မြင်ပါ
တယ်။

ဥပမာ-အကြောင်းအမျိုးမျိုးကြောင့် ငွေသွင်းပြီးမှ ကျောင်းမတက်ဖြစ်
ရင် သွင်းထားတဲ့ငွေကြေးက အားလုံးပြန်ရမှာလား၊ ဒါမှမဟုတ် ဘယ်
လောက်ပမာဏအထိ ပြန်ရမှာလဲဆိုတာတွေကိုလည်း သိထားသင့်
ပါတယ်။

စာမေးပွဲကျခဲ့ရင်ရော ဘယ်လိုလုပ်ရမှာလဲဆိုတာတွေကအစ သိထား
သင့်တယ်လို့ထင်ပါတယ်။ ကျောင်းသားတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေ
ကိုလည်း သိထားဖို့လိုသလို၊ ဆုံးရှုံးနိုင်မှုတွေတွေ့ကြုံရနိုင်တဲ့ အခက်
အခဲလေးတွေကိုလည်း ကြိုတင်လေ့လာသိရှိထားဖို့လိုအပ်ပါတယ်။

ကျွန်တော်တို့ဆီက ကျောင်းသားအများစုက နိုင်ငံခြားကျောင်းသွား
တက်ရရင်ကို နတ်ရေကန်ထဲပစ်ချလိုက်တယ်လို့ ထင်နေကြတာ။
တစ်ဖက်နိုင်ငံရောက်မှ ဘာသာစကား၊ ကျောင်းတွေရဲ့ဆရာ/တပည့်
ဆက်ဆံရေး၊ ကျောင်းပြင်ပလူမှုဘ၀ကို နဖူးတွေ့ဒူးတွေ့တွေ့ကြရတာ၊

ကြိုတင်ပြင်ဆင်ရနိုင်တဲ့ဟာတွေကို အချိန်မပေးချင်တာနဲ့ မဖြစ်သင့်တာ
တွေဖြစ်ကုန်ရော။ နောက်တစ်ခုကကျောင်းပြီးရင် အလုပ်တန်းရမယ်ထင်
နေကြတာ၊ တစ်ချို့သူတွေရဲ့မစားရ ၀ခမန်းပြောတာတွေကို နားယောင်
ရင် မကြုံသင့်တာတွေကြုံရရော ဒါတွေမဖြစ်အောင် ကျောင်းသွားတက်
မယ်ဆိုရင်

ကြိုတင်လေ့လာထားသင့်တယ်လို့ထင်ပါတယ်” ဟုTip Top Education မှ
တာဝန်ရှိသူတစ်ဦးက ၎င်း၏ အမြင်ကို သုံးသပ်ပြောကြားသည်။
Bizlaw Consult မှ တာဝန်ရှိ သူတစ်ဦးကလည်း

““ကျောင်းသွား တက်မယ့်လူငယ်တွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ဆောင်ရ
ရှောင်ရမယ့် ဥပဒေဗဟုသုတတွေကို လည်း အခြေခံလောက်ပဲဖြစ်ဖြစ် သိထားသင့်
တယ်။ ဒီလိုသိရှိနိုင်မယ့် Workshop တွေကိုလည်း ကျွန်တော်တို့တွေ အခါအားလျော်
စွာ ပြုလုပ်ပေးသင့်တယ်” ဟု ၎င်း၏အမြင်ကို သုံးသပ်ပြောကြားခဲ့သည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။