Home » » အောင်မြင်သော တေးသီချင်းများ နောက်ကွယ်က

အောင်မြင်သော တေးသီချင်းများ နောက်ကွယ်က

Written By မောင်စေတနာ on Wednesday, December 1, 2010 | 9:43:00 PM



အခုတစ်ပတ်မှာတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ အရေး၊ ၀ိုင်းစုခိုင်သိန်းရဲ့ အဆို၊ ဇော်ကိုကိုရဲ့ ရိုက်ချက်တွေနဲ့ အတူ စီးရီးခွေအဖြစ် မထွက်ရှိခင် ဇာတ်ဝင်တေးသီချင်းအဖြစ် တည်ရှိစဉ် ကာလကတည်းက ဆယ်ကျော်သက် မိန်းကလေးများအကြား ၀ဲပျံခဲ့တဲ့ တေးသီချင်းတစ်ပုဒ်ကို ပရိသတ်ကြီးအား တင်ပြပါရစေ။ အဲဒီသီချင်းလေးက ချစ်ခဲ့တာလား၊ ရူးခဲ့တာလား ဆိုတဲ့ တေးသီချင်းလေးဖြစ်ပြီး 'လိပ်ပြာ ၀ှက်တမ်း' ဇာတ်ကားရဲ့ ဇာတ်ဝင် တေးသီချင်းတစ်ပုဒ် ဖြစ်ပါတယ်။

ဇာတ်လမ်းနဲ့အတူ မွေးဖွားခဲ့တဲ့ အဲဒီသီချင်းလေးကို ရေးစပ်ခဲ့သူက စိုင်းစိုင်းခမ်းလှိုင်ပဲ ဖြစ်ပါတယ်။ ရပ်ပ်စာသားတွေနဲ့ ခံစားမှုတွေ အကြားက မိန်းကလေးတစ်ဦးရဲ့အချစ်ကို တင်ပြဖို့အတွက် သူဘယ်လို ချဉ်းကပ်ခဲ့ သလဲဆိုတာကို "ဒီဇာတ်ကားက ကျွန်တော်တို့ လူငယ်တွေချည်းပဲ စုလုပ်ခဲ့တဲ့ ဇာတ်ကား။ အဲဒီလိုရိုက်တုန်းမှာပဲ ဇာတ်ဝင်သီချင်းရေးဖို့ တိုင်ပင်ကြရင်း သားသားကြီး(ဇော်ကိုကို) က ဒီလိုသံစဉ်စတိုင်လ်လေး လုပ်မယ် ဆိုပြီး သူ့ဖုန်းနဲ့ သီချင်းဖွင့်ပြတယ်။

ဒါနဲ့ပဲ ၀ိုင်းစုအခန်း ရိုက်နေတုန်းမှာ တစ်ထိုင်တည်း ချရေးဖြစ်တယ်။ ဇာတ်လမ်းရိုက်နေတဲ့ အချိန်ဆိုတော့ ဒီဇာတ်အိမ်တစ်ခုလုံးက ကျွန်တော့် စိတ်ထဲမှာရှိနေပြီးသားလည်း ဖြစ်တယ်။ ရိုက်ကွင်း နေရာကလည်း EMG စတူဒီယိုမှာ ဖြစ်တဲ့အတွက် သံစဉ်ရှာတဲ့နေရာမှာလည်း လွယ်သွားတယ်။


အားလုံးပြီးတယ်ဆိုရင်ပဲ အသံချိန်ပြီး ၀ိုင်းစုကို ဆိုခိုင်းလိုက်တာ။ မိန်းကလေးသီချင်းဖြစ်တဲ့ အတွက် စကားလုံးကို နူးနူးညံ့ညံ့ လေးတွေ ထည့်တာကလွဲရင် အရမ်းပြောင်းလဲခံစားရတာ မရှိပါဘူး။ ထူးခြားတာကတော့ အဲဒီသီချင်းပုံစံ ကို ကျွန်တော် ပထမဆုံးရေးတာ ဖြစ်သလို၊ Frenzo အနေနဲ့လည်း ဒါ ပထမဆုံး ထုတ်တဲ့ ဒီဗီဒီဇာတ်ကားပါ" လို့ စိုင်းစိုင်းခမ်းလှိုင် က ဆိုပါတယ်။

ဒါ့အပြင် ဒါရိုက်တာဇော်ကိုကို က"လိုချင်တဲ့ပုံစံအတိုင်း အတိအကျ ရပါတယ်။ ကျွန်တော်တို့က ရိုက်ကူးရင်းနဲ့မှ ဒီသီချင်းကို ရေးဖြစ်တာပါ။ အားလုံးပြီးတော့ သူကလာပြတဲ့ အခါ ကျွန်တော်တို့ လိုချင်တာနဲ့ ကွက်တိ ဖြစ်နေတဲ့အတွက် ဘာမှပြင်တာဆင်တာ မလုပ်ဘဲ သုံးဖြစ်တယ်။ အဆိုတော်ကိုလည်း စတည်ကတည်း က ၀ိုင်းစုကိုဆိုခိုင်းမယ်ဆိုပြီး ရည်ရွယ်ထားပြီးသားပါ"လို့ ပြောပြခဲ့ပါတယ်။

"ပထမဆိုဖြစ်တာက "လိပ်ပြာ ၀ှက်တမ်း" ဆိုတဲ့ဇာတ်ကားအတွက် ဆိုတာ။ ညတွင်းချင်း အသံသွင်းခဲ့တာပါ။ ဒီသီချင်းက ၀ိုင်းစုရဲ့ ပထမဆုံး အနှေးသီချင်းဖြစ်တယ်။ အဲဒီအတွက် ကိုစိုင်းက ဘယ်လိုလေးဆို၊ Mood ကို ဘယ်လိုထည့်ဆိုပြီး ပြောပြတဲ့အတိုင်းဆိုပေမယ့် သီချင်းက Mood ထည့်လိုက်ရင် လေက ပြတ်သွားတယ်။ တစ်ပုဒ်လုံးကလည်း အသက်ရှူရမယ့် နေရာနည်းတဲ့ အတွက် Mood နဲ့ လေပြတ်တဲ့ အဖြစ်အပျက်အကြားကို ချိန်ဆပြီးဆို ခဲ့ရတာက အမှတ်တရပါပဲ။ ဒီသီချင်းကို ကြိုက်တဲ့အတွက် စီးရီးလုပ်တော့ ပြန်ထည့်သုံးဖြစ်ခဲ့တာပါ"လို့ ၀ိုင်းစုခိုင်သိန်းက ဆိုပါတယ်။

ဇာတ်ဝင်တေးအတွက် သီဆိုစဉ်က တီးခတ်ပေးခဲ့သူက မိုးမိုးဖြစ် ပြီး 'မက်လောက်စရာ' စီးရီးတွင် ဥက္ကာဦးသာက ပြန်လည် တီးခတ်ပေးခဲ့ကြောင်း သိရှိရသည်။

Share this article :

1 comments:

မေပယ်လ် said...

စီဘောက်ဖြုတ်ထားတာလား
အကိုရောက်ခဲ့တယ်ညီလေးရေ
ပျော်ရွှင်ပါစေ

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။