Home » » ထိုင်းနိုင်ငံတွင် ရှပ်ဝါ ၁၀၀၀ ကျော် အစိုးရကို ဆန့်ကျင်ဆန္ဒပြ ........

ထိုင်းနိုင်ငံတွင် ရှပ်ဝါ ၁၀၀၀ ကျော် အစိုးရကို ဆန့်ကျင်ဆန္ဒပြ ........

Written By မောင်စေတနာ on Tuesday, November 30, 2010 | 5:55:00 PM



ထိုင်းအစိုးရအဖွဲ့၏ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ပြင်ဆင်မည့် အဆိုပြုမှုကြောင့် ရှပ်ဝါပါတီဝင် ၁၀၀၀ ကျော်သည် လွှတ်တော်အပြင်ဘက်တွင် နိုဝင်ဘာ ၂၃ ရက်နေ့က စုဝေး ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။

ရှပ်ဝါများသည် ၎င်းတို့၏ အမှတ်အသားဖြစ်သည့် အ၀ါရောင်ကို စွန့်လွှတ်ပြီး အရောင်စုံအင်္ကျီများကို ၀တ်ဆင်ပြီး စုဝေးဆန္ဒပြခဲ့ကြသည်။ အဆိုပါ လှုပ်ရှားမှုကို ခေါင်းဆောင်သူများက ပြည်လုံးကျွတ် ဆန္ဒခံယူမှု မလုပ်ဘဲ လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြောင်းလဲရန် ကြိုးစားခြင်းဖြင့် ထိုင်းဝန်ကြီးချုပ် အဘ်ဟီးဆစ် သည် ၎င်းကိုထောက်ခံသူများကို သစ္စာဖောက်ခဲ့သည်ဟု စွပ်စွဲ ပြောဆိုခဲ့သည်။


PAD ဟု ခေါ်ဆိုသည့် ရှပ်ဝါ ပါတီသည် ၂၀၀၈ ခုနှစ်က ၀န်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရသည့် အဘ်ဟီးဆစ်နှင့် ရင်းနှီးသည့် ဆက်နွယ်မှုမျိုး ရှိသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မည့် အဆိုပြုချက်ကြောင့် ဆက်ဆံရေး ပျက်ပြားလာခဲ့သည်။

''ယနေ့အခါမှာတော့ အဘ်ဟီးဆစ်ရဲ့ အရောင် အစစ်အမှန်ကို တွေ့မြင်ရပါပြီ။ သူဟာ ရုပ်ရည်ချောပြီး စကားပြောကောင်းသူ တစ်ယောက်သာဖြစ်ပြီး လူထုအတွက် ဘယ်တော့မှ ကောင်းခဲ့တဲ့သူ မဟုတ်ပါဘူး။ သူ့ကို ထောက်ခံတဲ့သူတွေအတွက် အမှန်တရားကို သိလာရတဲ့ အချိန်ပါပဲ''ဟု ရှပ်ဝါလှုပ်ရှားမှု ခေါင်းဆောင် Sondhi Limthongkul က လူထုကို ပြောကြားခဲ့သည်။

ရွေးကောက်ပွဲများတွင် ပါတီငယ်များကို အကျိုးဖြစ်ထွန်းစေနိုင်ပြီး လွှတ်တော်တွင် နေရာများစွာ ရနိုင်မည့် အခြေခံဥပဒေ ပြင်ဆင်ရန် အဆိုပြုချက်များကြောင့် ၀န်ကြီးချုပ် အဘ်ဟီးဆစ်ကို ထောက်ခံသည့် ရှပ်ဝါများက ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။