Home » » နှင်းဆီအဖွဲ့သားများ ၂၀၁၁ နှစ်ဆန်းပိုင်းတွင် မလေးရှားနှင့် စင်ကာပူတို့တွင် သွားရောက် ဖျော်ဖြေမည်။

နှင်းဆီအဖွဲ့သားများ ၂၀၁၁ နှစ်ဆန်းပိုင်းတွင် မလေးရှားနှင့် စင်ကာပူတို့တွင် သွားရောက် ဖျော်ဖြေမည်။

Written By မောင်စေတနာ on Wednesday, November 24, 2010 | 7:48:00 PM



နှင်းဆီအဖွဲ့သားများ ၂၀၁၁ နှစ်ဆန်းပိုင်းတွင် မလေးရှားနှင့် စင်ကာပူတို့တွင် သွားရောက်ဖျော်ဖြေမည်။

နှင်းဆီအဖွဲ့သားများ ၂၀၁၁ နှစ်ဆန်းပိုင်းတွင် မလေးရှားနှင့် စင်ကာပူတို့သို့ ဖျော်ဖြေပွဲများသွားရောက် ဖျော်ဖြေရန် လက်ခံထားပြီး ဖေဖော်ဝါရီလတွင် မလေးရှားနှင့်မတ်လတွင် စင်ကာပူတို့ လက်ခံထားခြင်းဖြစ်သည် ဟု သိရှိရသည်။

"ကျွန်တော်တို့နောက်နှစ် နှစ်ဆန်းပိုင်းမှာ ပြည်ပဖျော်ဖြေရေးနှစ်ပွဲ လက်ခံထားပါတယ်။ ကျွန်တော်တို့ နှင်းဆီအဖွဲ့သားတွေ အားလုံးအားနိုင်တဲ့ ရက်မျိုးလေးကို ရွေးချယ်ပြီးသွား ဖို့စီစဉ်ဖြစ်တာပါ။ ပြက်လုံးပိုင်းက တော့သွားမယ့်နိုင်ငံ၊ သွားမယ့်အချိန် ကိုလိုက်ပြီး current ဖြစ်တာကိုရွေးချယ်သွားမှာပါ"ဟု ရဲလေးက ပြောပြခဲ့သည်။



မလေးရှားနှင့် စင်ကာပူသို့ သွား ရောက်မည့်နှင်းဆီအဖွဲ့သားများတွင် ဒါရိုက်တာမောင်မျိုးမင်း ဦးဆောင်၍ မင်းသမီးမိုးယုစံ၊ ဖူးစုံ၊ မေကဗျာ၊ ဂျင်းနီ၊ လူရွှင်တော်နေတိုး၊ ကျော်ကျော်ဗို၊ ရဲလေး၊ ထွန်းထွန်း၊ မိုးမိုး တို့ပါဝင်မည်ဟု သိရသည်။ ပြည်ပ ဖျော်ဖြေရေးခရီးစဉ်များအတွက် ဖျော်ဖြေရေးလက်မှတ်များအား နှစ်ဆန်းပိုင်းတွင် စတင်ရောင်းချရန် စီစဉ်လျက်ရှိပြီး ဖျော်ဖြေရေးသီးသန့်ဖြစ်ကာ ရိုက်ကူးရေးအစီအစဉ် ပါရှိမည်မဟုတ်ကြောင်း သိရှိရသည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။