Home » » မ တူ ညီ တဲ့ ဆုံ မှတ် လေး ........

မ တူ ညီ တဲ့ ဆုံ မှတ် လေး ........

Written By မောင်စေတနာ on Sunday, October 3, 2010 | 10:55:00 PM




တူ ညီ တဲ့ဆုံ မှတ် လေး


ပျော်ရွှင်ဖွယ်
ငါ့မနက်ခင်းတွေကို
အလွှမ်းတွေနဲ့
ဖန်ဆင်းသွားတဲ့
ချစ်သူရေ ....

တကယ်ဆို
ကိုယ်နဲ့မင်းက
ကမ္ဘာမြေရဲ့
တစ်မိုးအောက်က
မဆုံနိုင်တော့တဲ့
မျဉ်းပြိုင် နှစ်ကြောင်း ပေါ့ ...

စိတ်ကူးတွေကို
အသက်ဝင်ဖို့အတွက်
ကံကြမ္မာဟာကိုယ့်
ဘက်မှာ မရှိနေခဲ့ဘူး ...



မေ့မရတဲ့နေ့ရက်တွေ
အချိန်တွေ မီနစ်တွေကို
ချစ်သူ သိစေချင်လိုက်တာ
အလွှမ်းတွေသာ
ငွေရည်ဖွဲ့ပြီး
မိုးအဖြစ်ရွှာမယ် ဆိုရင်

မင်းဖြစ်သန်းမဲ့
နေ့ရက်တွေတိုင်းဟာ
အရမ်းအေးလွန်းတဲ့
မိုးရာသီ လေး
ဖြစ်နေတော့မှာ

ကြည်ဖြူစွာကျရှံးခဲ့လို့
နာကျင်စရာတွေ
ရှိနေခဲ့ရင်လည်း
မင်းအပေါ် မမုန်းရက်ခဲ့ဘူး

ရုန်းထွက်ဖို့ ခက်ခဲတဲ့
အဲဒီ သံယောဇဉ်ကွန်ယက်
တစ်ခုထဲကို ငါကိုယ်တိုင်
ကျေကျေနပ်နပ်နဲ့

တိုး ဝင် သက် ဆင်း ခဲ့ တာ ပဲ

ဒါတွေဟာ
ဘာပဲဖြစ်ဖြစ်
ကိုယ့်အတွက်
တစ်သက်လုံး
အမှတ် တရ ပေါ့
ချစ်သူ လေးရယ် .....

ချစ် ခြင်း များ စွာ ဖြင့်

Share this article :

1 comments:

မိုးမိုး said...

ကဗျာလေးကို အားပေးပါတယ်
ရှင် ...

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။