Home » » နန်းဆုရတီစိုး နှင့် လတ်တလော စိတ်ကြိုက်ဖက်ရှင်

နန်းဆုရတီစိုး နှင့် လတ်တလော စိတ်ကြိုက်ဖက်ရှင်

Written By မောင်စေတနာ on Sunday, October 3, 2010 | 10:26:00 PM

ယခုတစ်ပတ် လတ်တလော စိတ်ကြိုက်ဖက်ရှင် ကဏ္ဍတွင် ပါဝင်ရန် ရွေးချယ်ထားသူက သရုပ်ဆောင် မော်ဒယ်လ် နန်းဆုရတီစိုးပင် ဖြစ်သည်။ နန်းဆုရွေးချယ် ၀တ်ဆင်ခဲ့သည့် သူမ၏စိတ်ကြိုက် ဖက်ရှင်မှာ "ပထမ၀တ်စုံကတော့ ဂါဝန်အတို အဖြူရောင်လေးပါ။ ဒီဂါဝန်လေးက လူငယ်ဆန်ဆန်လှပပြီး ပွဲတက်မယ်ဆိုရင်လည်း အဆင်ပြေစေမယ့် ပုံစံလေးပါ။ ဂါဝန် အတိုလွင့်လွင့်လေးကိုမှ သစ်ရွက်အစိမ်းရင်ထိုး ကလေးက တစ်မျိုးဆန်း စေပါတယ်။ အဲဒီဂါဝန်လေးက aroma (zulu studio) က တီထွင်ဖန်တီး ပေးထားပါတယ်။ ဖိနပ်ကိုတော့ ပွဲတက်ဝတ်စုံ ရွေးချယ်ထားတာဖြစ်တာကြောင့် လေဒီရှူး အဖြူရောင်လေးကို ရွေးပြီးစီးထားပါတယ်။ ဖိနပ်ဒေါက်လေးက ဖန်ဒေါက်လေးဆိုတော့ အမြင်ပိုဆန်းတယ်လို့ နန်းဆုထင်တယ်လေ။ မိတ်ကပ်နဲ့ accessories တွေကိုတော့ aroma က ပဲပံ့ပိုးပေးထားတာပါ။


မိတ်ကပ်ကို လူငယ်ဆန်စေတဲ့ ပန်းရောင်ခပ်များများလေး ပြင်ထားပါတယ်။ မိတ်ကပ်ကို ပန်းရောင်များများပြင်ပြီး ဆံပင်ကိုတော့ အလိပ်အကောက်အကြီးကြီးတွေနဲ့ ဆက်ထားပါတယ်။ ၀တ်စုံတစ်စုံလုံးနဲ့ ပြင်ဆင်ခြယ်သမှုကို ပြောရရင်တော့ ကိုရီးယားမင်းသမီး လေးတွေရဲ့ ပွဲတက်ဝတ်စုံပုံစံလေးကို အခြေခံပြီး ပြင်ထား တယ်လို့ ပြောလို့ရပါတယ်။ accessories တွေကိုတော့ စိန်ပါတဲ့ ကျောက်မျက်ရတနာလေးတွေကိုတွဲဖက်ဝတ် ဆင်ထားပါတယ်။ ပထမ၀တ်စုံကိုခြုံကြည့်မယ်ဆိုရင် ပွဲတက်ဝတ်စုံပုံစံဝ တ်ဆင်မှုလို့ ပြောလို့ရပါတယ်"ဟု ပထမ၀တ်စုံရွေးချယ်မှုနှင့် ပတ်သက်၍ပြောပြခဲ့သည်။




ဒုတိယ၀တ်စုံနှင့်ပတ်သက်၍ "ဒုတိယ၀တ်စုံ လေးကတော့ လူငယ်ဆန်တဲ့ ပေါ့ပေါ့ပါးပါးဝတ်စုံ လေးပါ။ အခုခေတ်စားနေတဲ့ ဆွဲသားတီရှပ်အရှည် ဒီဇိုင်းလေးကို စတော့ကင်မ၀တ်ဘဲ တစ်ထပ်တည်းပဲ ၀တ်ဆင်ထားပါတယ်။ ၀တ်စုံရဲ့အရောင်ကိုတော့ နန်းဆုကပန်းရောင် ကြိုက်တဲ့အပြင် မျက်နှာမိတ်ကပ်နဲ့ လိုက်ဖက်တာကြောင့် ပန်းရောင်လေးရွေး ပြီးဝတ်ဆင်ထားတာပါ။ ဒီဝတ်စုံလေးမှာ အဓိကထင်ရှားစေတာက ရွှေရောင်ကြယ်သီးတန်းလေးတွေပါ။ အဲဒါလေးတွေက ကိုရီးယား မှာခေတ်စားတဲ့ဝတ်စုံဒီဇိုင်းလေးတွေပါ။ ဒီဝတ်စုံနဲ့ လိုက်ဖက်တဲ့ဖိနပ်ကိုတော့ အဖြူရောင်လေးပဲစီးဖြစ်ပါတယ်။



ဝတ်စုံနဲ့လိုက်တဲ့ နက်ခ်တိုင်အနက်လေးကို စီးဖြစ်တယ်။ ပိုပြီးထင်းသွားတာပေါ့လေ။ accessories တွေကိုတော့ ဖန်စီလေးတွေပဲ ၀တ်ထားတာပါ။ မိတ်ကပ်ကတော့ ပန်းရောင်လေးပဲ လိမ်းထားတာက ၀တ်စုံနဲ့လိုက်နေတာကြောင့် ဒီအတိုင်းပဲ ဆက်လိမ်းဖြစ်ပါတယ်။ ဒီဝတ်စုံလေးကတော့ လူငယ်တွေရှိုးပွဲသွားတာပဲ ဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးဝတ်လို့ရတဲ့ ဒီဇိုင်းခပ်လန်းလန်းလေးအဖြစ် ရွေးပြီးဝတ်ဆင်ဖြစ်တာပါ။ ဒီ တစ်စုံကိုလည်း aroma (zulu studio) ကပံ့ပိုးပေးတာပါ"ဟု နန်းဆုရတီစိုးက ဆက်လက်ပြောပြခဲ့သည်။

သူမ၏ဖက်ရှင် ဒီဇိုင်းစိတ်ကူးများနှင့် ပတ်သက်၍"နန်းဆုကလူငယ်တစ်ယောက်ဖြစ်တဲ့အတွက် လူငယ်ဆန်တဲ့ဒီဇိုင်းလေးတွေကို ၀တ်ဆင်ရတာကြိုက်တယ်။ ဒါကြောင့် အဲဒီလို ဒီဇိုင်းလေးတွေ ၀တ်ဖြစ်တယ်။ လောလောဆယ်ကတော့ ဂါဝန်အတိုလွင့်လွင့်လေးတွေကို ကြိုက်နေတယ်။ အရောင်ကတော့ပန်းရောင်တို့၊ ခရမ်းရောင်တို့၊ အဖြူရောင်တို့ကို အ၀တ်များနေတယ်။ ဆံပင်ကတော့ အခုလောလောဆယ် ရှေ့အတိချထားတဲ့ ပုံစံလေးလုပ်ထားတာလေ။ ပြန်ညှပ်ဖို့ စဉ်းစားနေပေမယ့် လောလောဆယ်ကတော့ ညှပ်ဖြစ်ဦးမယ် မထင်ဘူး။ ဖိနပ်ကိုတော့ ဒေါက်အမြင့်ပါတဲ့ လေဒီရှူးလေးတွေ အ၀တ်များတယ်"ဟု ဆက်လက်ပြောပြခဲ့သည်။

လတ်တလော စိတ်ကြိုက်ဖက်ရှင် ကဏ္ဍအတွက် ပွဲတက် ၀တ်စုံဖက်ရှင်နှင့် လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးဖက်ရှင်တို့အား ရွေးချယ်ဝတ်ဆင်ခဲ့သည့် နန်းဆုရတီစိုး၏ စိတ်ကြိုက်ဖက်ရှင်အား ကျေနပ်လိမ့်မည်ဟု. . .

http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။