Home » » မိမိရဲ့ စိတ်ကို ထိန်းချုပ်ခြင်း ( စိတ်အလို မလိုက်ဖို့ )

မိမိရဲ့ စိတ်ကို ထိန်းချုပ်ခြင်း ( စိတ်အလို မလိုက်ဖို့ )

Written By မောင်စေတနာ on Monday, April 25, 2011 | 7:50:00 PM



စိတ် အ လို မ လိုက် ဖို့ ........


ဒီနေ့ ကျွန်တော့်ရဲ့ သူငယ်ချင်း တစ်ယောက်က သူ့အကြောင်းကို ကျွန်တော့်ကို ရင်ဖွင့် လာပါတယ်။

ငါ ... မလေးကို ရောက်နေတာ ၃ နှစ်ရှိပြီကွ။ အိမ်ကိုလည်း ပိုက်ဆံ မပို့နိုင်ဘူး ပြီးတော့ ငါ့လစာ လည်း မကျန်ဘူး ဖြစ်နေတယ်။ လကုန်ရင် ငါ့မှာ သုံးစရာမရှိလို့ သူများဆီကနေ ပြန်ချေးနေရတယ်ကွ ... ငါ ဘာဆက်လုပ်ရလဲ ...

ဘယ်လိုနေရင် ငါ့အတွက် အဆင်ပြေနိုင်မလဲ ?မင်းက ငါ့ရဲ့ သူငယ်ချင်း ကောင်းတစ်ယောက် အနေနဲ့ ငါ့ကို ပြောပြပေးပါကွာ။

သူက ကျွန်တော်ရဲ့ သူငယ်ချင်း ပါ။ သူက ကျွန်တော့်ကို တိုင်ပင်လာတော့ သူ နားလည်အောင် ကျွန်တော် ပြောပြလိုက်ပါတယ်။

လူဆိုတာ စိတ်က ဦးဆောင်နေတာ ဖြစ်တယ်။ စိတ်ထဲက ရည်ရွယ်ချက်လေး အရင်ဆုံးဆုံးဖြတ်ချက်ချပြီး လုပ်ဆောင်နေတာပဲ သူငယ်ချင်း ....

တစ်ခုခုကို လုပ်ချင်တယ် ဖြစ်ချင်တယ် လိုချင်တယ် ဆိုရင်ဖြစ်အောင် လုပ်တတ်ပြီး စိတ်အလိုကိုအမြဲလိုက်နေမယ် ဆိုရင်ကိုယ့်ရဲ့စိတ်ထဲမှာ အတွေးတွေ စိတ်ကူးတွေနဲ့အမြဲရှင်သန်နေမှာပါ။

ဘာကြောင့်လဲဆိုတော့ လိုချင်တဲ့ စိတ်များတယ်။ ဖြစ်ချင်စိတ်လုပ်ချင်တဲ့ ဆန္ဒတွေကြောင့်ပါ။ဒါတွေဟာ ကောင်းလားဆိုးလား ဆိုတာ မင်းရဲ့သူငယ်ချင်းကောင်း တစ်ယောက် အနေနဲ့ အနည်းငယ် ပြောပြချင်ပါတယ်။

လူဆိုတာဖြစ်ချင်တာတွေ လုပ်ချင်တာတွေ အရမ်းကိုများပါတယ်။ ဒါတွေ အကုန်လုံး ဆန္ဒပြည့်ဝတယ် ဆိုတာ တစ်ယောက်မှ မရှိဘူး ... ဘာလို့လဲ ဆိုတော့ တစ်ခုပြီးရင် တစ်ခုက ဖြစ်ချင်တာတွေ ပေါ်နေလို့ပါပဲ ...

" လူ့အလို နတ်မလိုက်နိုင် " ဆိုတဲ့စကားတောင်မှ ရှိနေတာပဲ ... မဟုတ်ဘူးလား? သူငယ်ချင်း ...

သူငယ်ချင်းရဲ့ ဆန္ဒကို အကုန်လုံးလျှော့ခိုင်းနေတာ မဟုတ်ဘူး .... ဥပမာ ၁ ကနေ ၁၀ ထိရှိတယ်။ အဲဒီထဲ ဘယ်ဂဏန်းကို လိုအပ်လဲ ? ငါ ပြောချင်တာက မလိုအပ်ပဲ မသုံးစေချင် မကုန်စေချင်လို့ ...

ဘာလုပ်ရင်ဘာဖြစ်မှာလဲ ဆိုတာ သူငယ်ချင်း ပင်ကိုယ် ဦးနှောက်နဲ့ စဉ်းစားရတယ်။ ဆုံးဖြတ်တတ်ရမယ် သူငယ်ချင်း ......

မလိုအပ်တဲ့ အရာတွေကို မလုပ်ရဘူး အကျိုးမရှိဘူး သူငယ်ချင်း ...

မင်း ... စိတ်အလိုပဲ ကိုယ်ကလိုက်ပြီး လုပ်ချင်တာ လျှောက်လုပ်နေရင် ဘယ်တော့မှ သူငယ်ချင်းရဲ့ လိုရာစိတ်ကူးတွေဆန္ဒ ပြည့်ဝမှာ မဟုတ်ပါဘူး။ သူငယ်ချင်း ....

ပစ္စည်းတစ်ခုဝယ်မယ် ဆိုပါစို့ ....

ဒီပစ္စည်းတစ်ခုဟာ တကယ်လိုအပ်လား တကယ်ရော အသုံးဝင်လားမဖြစ်မနေလို အပ်ရင်တော့ ၀ယ်ရမှာပေါ့ ။

ဒါပေမယ့် တစ်ခုပြီးတစ်ခုတော့ စိတ်အလိုလိုက်ပြီး မဝယ်ပါနဲ့ မသုံးပါနဲ့ မလုပ်ပါနဲ့လို့ အကြံပေးချင်ပါတယ် ... သူငယ်ချင်း ....

ငွေဆိုတာကရှာရ ခက်သလောက် သုံးရင်တော့ ??????? သူငယ်ချင်း သိတဲ့အတိုင်းပဲလေ ...

လိုအပ်တဲ့ အသုံး မလိုအပ်ရင် အဖြုန်း ဆိုတဲ့ စကားလေးကို လက်ကိုင်ထားရင် သူငယ်ချင်း နားလည်မှာပါ။

ဒါကြောင့် စိတ်အလိုကို မလိုက်ပဲ ဘယ်အရာမဆို စဉ်းစား ချင့်ချိန်ပြီး ချွေတာ စုဆောင်း ပြီး အဆင်ပြေအောင် နေထိုင်နိုင်ပါစေ သူငယ်ချင်း ....

မလေးမြေ အဝေး တစ်နေရာမှာ အဆင်ပြေ အောင်မြင်ပါစေ။

သူငယ်ချင်း

နေဇော်လင်း

Share this article :

5 comments:

မင်းမင်း said...

ဒီစာလေးကို ဖတ်လိုက်ရတော့ အရမ်းကို
ကျွန်တော် နေတာ လုပ်တာတွေ မှားနေမှန်း
သိရပါတယ် ....

အခုလို ပြောပြ ရေးပေးတဲ့အတွက် ကျေးဇူးတင်
ပါတယ် ဗျာ...

နောက်လည်း စာပေအကျိုးကို ဆက်လက်
ရေးသားနိုင်ပါစေဗျာ.......

ခင်မင်လျှက်

..............

ရှမ်းလေး said...

စာအရေးအသားကောင်းတဲ့ ညီလေးကို လေစားလျှက်ပါ နောင်လဲ ဆက်လက်အားပေးနေမှာပါ ညီ ဒီထက်မကစာတွေရေးနိုင်ပါစေ ခင်မင်တဲ့ ရှမ်းလေး

ရှမ်းလေး said...

စာအရေးအသားကောင်းတဲ့ညီလေးနေဇော် ဒီထက်ပိုအောင်မြင်ပါစေ အမြဲတမ်းအားပေးနေမှာပါ ခင်တဲ့ ရှမ်းလေး ...

Anonymous said...

စာအရေးကောင်းတဲ့ညီလေးဒီထက်ပိုအောင်မြင်ပါစေ မလေးမြေကမြန်မာတွေကို တတ်နိုင်တဲ့ဖက်ကကုညီနေတဲ့ ညီလေး နေဇော် ဒီထက်မကစာတွေရေးနိုင်ပါစေ ခင်တဲ့ တောင်ပေါ်က ရှမ်းလေး .........

မြိတ်နိုး said...

ဟုတ်ကဲ့ ... ကျေးဇူးတင်ပါတယ် မောင်လေးရေ
မမတို့လည်း အဲလိုတွေ ဖြစ်နေတာ အသိပေးလို့
ဝမ်းသာပါတယ် နော်

ခင်မင်လျှက်

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။