Home » » 2010,OCTOBER လအတွက် ဗေဒင် ဟောစတမ်း ....

2010,OCTOBER လအတွက် ဗေဒင် ဟောစတမ်း ....

Written By မောင်စေတနာ on Saturday, October 2, 2010 | 2:46:00 PM



2010 OCTOBER လအတွက် ဗေဒင် ဟောစတမ်း ....

၁။ တနင်္ဂနွေသားသမီးများ အတွက်

ဒီလတွင်း သင့်ရဲ့ရည်မှန်းချက်တွေ လိုအင်ဆန္ဒတွေ ပြည့်မှာမဟုတ် သေးပါဘူး။ စိတ်အလို မကျတာတွေ စိတ်တိုင်းမကျတာတွေနဲ့ဖြစ်နေမည်။ အလုပ်ကိစ္စများ အတွက်နဲ့ စိတ်ညစ်မှုမရှိသော်လည်း စကားပြောဆိုမှုများနှင့် ပက်သက်၍ စိတ်ညစ်နေရမည်။ ဒီလအတွင်းမှာ သူတစ်ပါးအတွက်နဲ့စိတ်ညစ်နေရမည်။ ယခုလအတွင်း ငွေကြေးများ ရသလောက် ကုန်ကျမှုများနေမည်။ မစုမိသော အချိန်ဖြစ်ပါ သည်။ ဝင်သလောက် ကုန်ကျမှုများ ရှိနေပါသည်။ ခရီးယာယီကိစ္စများ သွားနေရမည်အဆင်ပြေမည်။ ပညာရေးမှာ တိုးတက် သော လမ်းစပေါ်လာမည်။အချစ်ရေးမှာ ချစ်သူရှိသူများ စကားပြောဆို ဆင် ချင်ပါ။ ချစ်သူနှင့်ခွဲရကိန်းရှိပါသည်။ အိမ်ထောင်ရေးမှာ စကားသာ များနေ ပေမဲ့ အခုလအတွင်း အဆင်ပြေပါသည်။ ဒီလအတွင်း ကျန်းမာရေးမှာ မျက်စိအားနည်း ၊ အကြောတက် ဖြစ်မည်။ ယတြာ = ကံကောင်းစေရန်အတွက် အိမ်ဘုရားတွင် အမွှေးတိုင် ၅ တိုင်ကို တနင်္ဂနွေနေ့နံနက် ၉ နာရီ ၄၅ မီနစ်တွင် ကပ်လှူ၍ ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 1 1 7 8

၂။ တနင်္လာ သားသမီးများ အတွက်

ဒီလအတွင်း မိမိဖြစ်ချင်တာတွေ မပြည့်ဝသေးပါဘူး။ လိုချင်တာတွေ များ နေမည် စိတ်ကူးတွေ ရည်ရွှယ်ချက်တွေ ဆုံးဖြတ်ချက်တွေ မပြတ်သားသေးပဲ ဖြစ်နေမည်။ အခုအချိန်မှာ အရာရာကို ပုံမှန်လေး လုပ်သွားပါ။ အလုပ်အကိုင် များတွင် ရုတ်တစ်ရက် ကူညီသူပေါ်လာမည်။ စီးပွားရေးမှာ အထက်လူကြီးများနဲ့ စကားပြောဆိုမှု ကိစ္စများ အဆင်ပြေနေမည်။ ငွေကြေးကိစ္စများတွေမှာ နာမည်ကြီး ထမင်းငတ် ဆိုသလို , သိပ်အဆင်မပြေပဲ ဖြစ်နေမည်။ ရကုန် ဖြစ်နေမည်။ စီးပွားရေးမှာ ပုံမှန်လေး အဆင်ပြေနေသောအချိန်ဖြစ်ပါသည်။ အလုပ်အကိုင် ကိစ္စများ အပြောင်းအလဲ ရှိပါသည်။ ခရီးယာယီများ သွားလာမှုများ အဆင်မပြေပါ။ ပညာရေး ကံကောင်းနေသော အချိန်ဖြစ်ပါသည်။ အချစ်ရေး ချစ်သူနဲ့စကားပြောဆိုမှုများ အဆင်ပြေပါသည်။ အိမ်ထောင်ရေးမှာ ယာယီခဏခွဲခွာရမည်။ယခုလကျန်းမာရေး အိပ်ရေးပျက်ခြင်း ၊ စိတ်ပင်ပန်းဖြစ်မည်။ ယတြာ = ဘုရားတွင် မိမိနှစ်သက်သောမုန့် ၉ မျိုးကို မိမိရဲ့မွေးနေ့ တနင်္လာနေ့ ၉ နာရီ ၄၅ မီနစ်တွင် ကပ်လှူ၍ လိုရာဆုတောင်းလိုက်ပါ။ အဆင်ပြေလာမည်။ ဒီလ အတွက် အကျိုးပေးသောဂဏန်း ။ ။ 4 5 8 5


၃။ အင်္ဂါ သားသမီးများ အတွက်

ယခုလအတွင်း ကံကောင်းနေသော အချိန်လေး ဖြစ်ပါသည်။ မိမိရည်ရွယ်နေသာ စိတ်ကူးများ အဆင်ပြေလာမည်။ စနစ်တကျနဲ့ လုပ်ကိုင် ဆောင်ရွှက်လိုက်ပါ။ စီးပွားရေး လုပ်ငန်းများ တိုးတက်အောင်မြင်မှု ရှိလာမည်။ စမ်တူကိစ္စများ အထက်လူကြီးတွေနဲ့ ပြုလုပ်သော ကိစ္စများတွင် ငြိုငြင်မှုခံရမည်။ သတိထားပါ။ ငွေကြေးကိစ္စများ အဆင်ပြေနေသာအချိန်လေးပါ။ ရအောင်သာ စုပေ တော့ ကူညီသူ ပေါ်မည်။ မိသားစု အိမ်တွင်းရေး ကိစ္စများ ကောင်းသော အပြောင်းအလဲ တစ်ခုခု ဖြစ်ပေါ်မည်။ ပညာရေး မှာ ကြိုးစားအားထုပ်မှု နည်းနေသော အချိန်လေး ဖြစ်ပါသည်။ ခရီးသွားမည့် ကိစ္စများ အဆင်မပြေသေးပါ။ အချစ်ရေးမှာ အဆင်ပြေနေသော ဘဝလေးသို့ ပြသာနာများ ဝင်ရောက် လာမည်။ ဒီလအတွင်း အိမ်ထောင်ရေးမှာ မိသားစု ပျော်ရွှင်နေမဲ့ အချိန်လေးပါပဲ။ ကျန်းမာရေးမှာ ခေါင်းမူး ၊ ခေါင်းကိုက် ဖြစ်မည်။ ယတြာ = သရက်သီး ၃ လုံးကို မိမိနေအိမ်ရှိ ဘုရားတွင်ကပ်လှူ၍ ကံကောင်း လာစေရန်အတွက် ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသော ဂဏန်းများမှာ ။ ။ 5 1 3 0

၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက်

ဒီလအတွင်း လိုရာ ဆန္ဒတွေဟာ နောက်ကျပြီး အဆင်ပြေလာမည်။ အလုပ်အကိုင် ကိစ္စများနဲ့ ပက်သက်လို့ ပုံမှန်လေး အဆင်ပြေနေမည်။ ရုတ်တစ်ရက် ဆိုသလို အလုပ်ကိစ္စနဲ့ စကားအနည်းငယ်များရမည်။ ဒီလအတွင်းမှာ အလုပ်အကိုင် ကိစ္စများ အနည်းငယ် စိတ်ညစ်နေရမည်။ သူတစ်ပါးကိစ္စများကို ကူညီဆောင်ရွှက်ပေးနေရမည်။ စီးပွားရေး ငွေကြေးကိစ္စများကတော့ ကံကောင်းနေသော အချိန်လေးပါ။ အဆင်ပြေနေမည်။ ငွေကြေးကိစ္စများနှင့် စိတ်ပျော်ရမည်။ သူတစ်ပါးအတွက်နဲ့ ရုတ်တစ်ရက် ငွေကုန်ကျမှုများ ရှိပါသည်။ ခရီးကိစ္စများ အဆင်ပြေနေမည်။ အချစ်ရေးမှာ ချစ်သူအသစ် အချစ်အသစ်ကို တွေ့ရမည်။ အိမ်ထောင်ရေးကတော့ အဆင်ပြေပြီး စကားများနေမည်။ ယခုလကျန်းမာရေးမှာ ဗိုက်နာ ၊ ဗိုက်အောင့် ၊ ခါးနာဖြစ်မည်။ ယတြာ = နေအိမ်ဘုရားတွင် မိမိနှစ်သက်သော အဖြုရောင်ပန်း ၉ ပွင့်ကို တင်လှူ၍ ကံကောင်းလာစေရန်အတွက် ဆုတောင်းပါ။ ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 6 1 4 7

၅။ကြာသပတေး သားသမီးများ အတွက်

ဒီလအတွင်းမှာ မိမိလိုချင်သော ဆန္ဒတွေအားလုံး သူများကူညီပေးလို့ အဆင်ပြေလာမည်။ စိတ်မောလူမောနဲ့ လုပ်နေရတဲ့ ကိစ္စများ စိတ်ချမ်း သာမှုများ ရရှိလာမည်။ အလုပ်အကိုင်များ အရင်ထက် လုပ်ကိုင်ဆောင် ရွက်နေရမည်။ အထက်လူကြီးများနဲ့ လုပ်ကိုင်ဆောင်ရွှက်မှုများ အဆင်ပြေမည်။ စီးပွားရေး ငွေကြေးကိစ္စများ ကူညီဆောင်ရွှက်ပေးသူ ပေါ်မည်။ ရုတ်တစ်ရက် ငွေကြေးကိစ္စများ အဆင်ပြေနေမဲ့ အချိန်လေးပါ။ ပညာရေး ဆက်လက်အောင်မြင်မှုများ ရရှိလာမည်။ ခရီးတွေကတော့ သူငယ်ချင်းများ မိတ်ဆွေများနဲ့ သွားရမည်။ သူငယ်ချင်း မိတ်ဆွေများနဲ့ ဆုံတွေ့ရမည်။ အချစ်ရေးမှာ ပျော်ရွှင်သော အချစ်ကို တွေ့ရမည်။အိမ်ထောင်ရေး အဆင်ပြေ ပါသည်။ကျန်းမာရေးမှာ စိတ်ပင်ပန်းနေမည်။ ခါးနာ ၊ မျက်စိအားနည်း ဖြစ်နေမည်။ ယတြာ = စနေနေ့မိမိနေအိမ် ဘုရားတွင် ရွှေရောင် ပန်းကန်ပြားထဲတွင် သင်္ဘောသီး တစ်လုံးတင် လှူ၍ ကံကောင်းလာစေရန် အတွက်ဆုတောင်းယူပါ။ ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 5 3 1 5

၆။ သောကြာသားသမီးများ အတွက်

ဒီလအတွင်းမှာ လိုရာဆန္ဒများ သူ့အလိုလို အဆင်ပြေလာမည်။ ပြည့်စုံ လာမည်။ အဖက်ဖက်က ကံကောင်းလာမည်။ အလုပ်အတွက်နဲ့ စီးပွား ရေးကိစ္စများမှာလည်း အဆင်ပြေလာမဲ့ အချိန်ပါပဲ။အလုပ်အကိုင် ကိစ္စများ စီးပွားရေးကိစ္စများ တွေမှာကူညီပေးသူတွေ အကြံညဏ် ပေးသူတွေ ပေါ်လာမည်။ ငွေကြေးကိစ္စများ ပုံမှန်လေးပါပဲ။ ငွေဝင်မည်။ ရအောင်သာ စုပေတော့ကိစ္စများ ခရီးကိစ္စများ တွေမှာ သူငယ်ချင်းတွေနဲ့ သွားလာမှုများ အဆင်ပြေမည်။ ပညာရေး ရည်ရွှယ်ချက်များ အောင်မြင်လာမည်။ အချစ်ရေးမှာ ကံကောင်းလာမည်။ အချစ်ကို တွေ့ရှိမည်။အိမ်ထောင်ရေးမှာ ရန်စကားများနေရမည်။ ကျန်းမာရေးမှာ လက်နာခြင်း ၊ ဗိုက်နာ ဗိုက်အောင့် အကြောတက်ခြင်း ၊ ခါးနာခြင်းများ ဖြစ်နေမည်။ ယတြာ=အိမ်ဘုရားတွင် ပန်းအဝါရောင် ၄ ပွင့်ကပ်လှူ၍ ကံကောင်းလာစေရန် အတွက် ဆုတောင်းယူပါ။ ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 4 6 4 0

၇။ စနေသားသမီးများ အတွက်

ဒီလအတွင်းမှာ စိတ်ကူးလေးတွေကို ပုံမှန်လေးသာ အသက်သွင်း သင့် ပါတယ်။ ဘာမဆို ပုံမှန်လေး လုပ်ကိုင် ဆောင်ရွှက်သင့်တဲ့ အချိန်လေးပါ။ စီးပွားရေးကိစ္စတွေမှာ အထက်လူကြီးနဲ့ စကားပြောဆို ကိစ္စများတွေမှာ သတိထား ဆက်ဆံပါ။ သိပ်အဆင်မပြေဘူး ဖြစ်နေပါသည်။ ငွေကြေးကိစ္စတွေမှာ ငွေကြေးကိစ္စများကို သေချာလေး လုပ်ကိုင်ဆောင်ရွှက် သင့်ပါတယ်။ ငွေဝင်ဖို့ လမ်းစတွေ ရှိပါသည်။ ရအောင်သာ စုပေတော့ ငွေက တော့ ဝင်လာမှာပါ။ ပညာရေး ကြီုးစားအားထုပ်မှု နည်းနေမည်။ ခရီးကိစ္စများ သွားလာမှုများ အဆင်မပြေသေးပါဘူး။ အချစ်ရေးမှာ စိတ်ညစ်နေရမည်။ မိမိ ချစ်သူနဲ့ ဝေးရမဲ့ အချိန်လေးပါပဲ။ အိမ်ထောင်ရေးမှာ အဆင်ပြေပါသည်။ မိမိအိမ်ထောင်ဖက် ကျန်းမာရေး ညံ့မည်။ အခုလအတွင်း ကျန်းမာရေး စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ၊ ခေါင်းကိုက်ခြင်း ဖြစ်မည်။ ယတြာ = ပုလင်းတစ်လုံးထဲတွင် ရေထည့်၍ ပုလင်းဝတွင် ပန်းအဖြူရောင်တစ်ပွင့် ထိုးစိုက်ကာအိမ်ဘုရားတွင် ကပ်လှူရင်းလိုရာ ဆုတောင်းယူပါ။ ကံကောင်းလာမည်။ ဒီလအတွက် အကျိုးပေးသော ဂဏန်းများ ။ ။ 6 2 2 6

စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ ......

NO. 314 , Block P/B , Jin Cheras Taman Cheras ,56100
Kuala Lumpur Malaysia


http://www.myohanko.br.ms

E-mail; myohankonew@gmail.com

Ph; 016, 606 1917 , 017, 226 0715

1.{57+33+7+55+21+62+1} 2.{55+59+10+33+16+42+45} 3.{38+63+21+2+39+46+51}
4. {40+56+12+26+13+17+61}5.{44+24+16+24+23+23+24+15}6.{50+ 43+4+26+64+57+4}
7.{10+33+22+60+56+46+62}


ကျွန်တော်ရဲ့ ဆိုက်လေးအတွက် မအားတဲ့ကြားမှ ဗေဒင်ဟောစတမ်း များကို အချိန်မီ
ကူညီပေးသော ဆရာ မျိုးဟန်ကို အား အထူး ကျေးဇူးတင်အပ်ပါသည်။


Share this article :

1 comments:

ဇော်ကို said...

ဟောစတမ်းလေး ဖတ်သွားပါတယ်
ကျေးဇူးနော် .......

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။