Home » » အကယ်ဒမီ စိုးမြတ်နန္ဒာနှင့် တွေ့ဆုံခြင်း အခုချိန်မှာတော့ အရွယ်နဲ့ လိုက်ဖက်တာမျိုးကို သရုပ်ဆောင်ဖြစ်တယ်

အကယ်ဒမီ စိုးမြတ်နန္ဒာနှင့် တွေ့ဆုံခြင်း အခုချိန်မှာတော့ အရွယ်နဲ့ လိုက်ဖက်တာမျိုးကို သရုပ်ဆောင်ဖြစ်တယ်

Written By မောင်စေတနာ on Saturday, September 4, 2010 | 2:02:00 PM



အနုပညာလောထဲကို စတင်ခြေချချိန်ကတည်းက ပရိသတ်ရဲ့ အားပေးချစ်ခင်မှုတွေရရှိခဲ့သူ စိုးမြတ်နန္ဒာက သရုပ်ဆောင်မှုအပိုင်းမှာလည်း အချိန်တိုအတွင်း အကယ်ဒမီဆုရရှိခဲ့တဲ့အထိ မှတ်ကျောက်တင်နိုင်ခဲ့သူပါ။ ဒီနေ့ချိန်ခါမှာလည်း အသက်အရွယ် အပိုင်းအခြားအရ ဇာတ်လမ်းတွေမှာ ဇာတ်ကောင်စရိုက်ကို သူနဲ့လိုက်ဖက်တာမျိုးဖြစ်အောင် ရွေးချယ်ပြီး ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူလို့ ပရိသတ်က အသိအမှတ်ပြုကြရတဲ့အတွက် အကယ်ဒမီစိုးမြတ်နန္ဒာနဲ့ တွေ့ဆုံမေးမြန်း ဖြစ်တာကို ဖော်ပြပေးလိုက်ပါတယ် . . . .

မေး-လတ်တလော အနုပညာလှုပ်ရှားမှုတွေက

ဖြေ- ဒါရိုက်တာ ကိုနေပိုင်နဲ့ ဗီဒီယို တစ်ကားရိုက်နေပါတယ်။

မေး- အခုနောက်ပိုင်း ဇာတ်ကားတွေပိုရိုက် ဖြစ်နေသလိုပဲ။

ဖြေ- ရိုက်ကူးရေးတွေ ဆက်တိုက်ရှိ နေသလို ရိုက်ထားတဲ့ကားတွေလည်း ဆက်တိုက်ထွက်နေပါတယ်။ ကိုယ်ကဒီလောကထဲမှာ ကျင်လည်နေတာဆိုတော့ ဇာတ်ကားရိုက်တာ ပျက်မသွားဘူးပေါ့။


မေး- အသက်အရွယ်ပိုင်းအရ ဇာတ်ကောင်ရွေး ချယ်ရမှုကရော ဘယ်လိုရှိလဲ။

ဖြေ- ဇာတ်ကောင်စရိုက်ကတော့ ရွေးချယ်ရတယ်။ ကိုယ့်ပုံစံနဲ့ ကိုယ်လုပ်နေတဲ့ အက်ရှင်ပိုင်းနဲ့ အံဝင်ခွင်ကျ ဖြစ်၊ မဖြစ်ကိုတော့ သေချာကြည့်တယ်။ ကျန်တာတော့ အဆင်ပြေတာ ကို ရွေးရတာပေါ့။

မေး- အခုနောက်ပိုင်းဒရာမာကားတွေ အရိုက် များတယ်နော်။

ဖြေ- ဒါဒါက ဒရာမာဘက်ကို ပိုပြီး အားသန်တယ်။ ဟဲဗီးဒရာမာတွေ ရိုက်ရတာ ကြိုက်တယ်။ နောက်ပြီး ကိုယ့်ပုံစံနဲ့ကလည်း တက္ကသိုလ် ကျောင်းသူဇာတ်ရုပ်တွေ၊ ဖန်စီပိုင်း တွေနဲ့ မလိုက်တော့ဘူးလားလို့ ကိုယ့် ကိုယ်ကိုယ် စဉ်းစားပြီး မလုပ်ဖြစ်တာပါ။ ကျန်တာတော့ ဘာကြောင့်မှ မဟုတ်ပါဘူး။

မေး- ဇာတ်ကောင်စရိုက်နဲ့ အသက်အရွယ်ပိုင်း ကိုချိန်ဆပြီး ဇာတ်လမ်းရွေးတဲ့အခါ ကိုယ်သရုပ်ဆောင်ရမယ့် ဇာတ်နည်းသွားတာမျိုးရှိလား။

ဖြေ- ဒါဒါကို လာငှားတဲ့သူတွေက ဇာတ်လမ်းနဲ့ ဇာတ်ကောင်စရိုက်အရ ဒါဒါနဲ့လိုက်ဖက်လို့သာ လာငှားကြတာပါ။ ဇာတ်က ဖန်စီဇာတ်လမ်းမျိုးဆိုရင်လည်း ဒါဒါကိုလာမငှားကြပါဘူး။

မေး- အရင်ဖန်စီပိုင်းတွေမှာ သရုပ်ဆောင်များခဲ့တာကနေ ဒရာမာလိုင်းတွေ အရိုက်များတော့ အခက်အခဲတွေရှိမလား။

ဖြေ- ငယ်ငယ်တုန်းကတော့ ဖန်စီတွေ အများကြီးရိုက်ခဲ့တယ်။ အခုချိန်မှာ တော့ အရွယ်နဲ့လိုက်ဖက်တာမျိုးကို သရုပ်ဆောင်ဖြစ်တယ်။ ပရိသတ် အမြင်ကတော့ တစ်မျိုးဖြစ်ချင်ဖြစ်မှာ ပေါ့။ဒါဒါကတော့ တစ်နည်းအားဖြင့် ပရိသတ်က အမြင်မရိုးသွားဘူးလို့ ထင်တယ်။ ဒီထက်ကြီးလာရင်လည်း အဲဒီအသက်အရွယ်နဲ့ လိုက်တဲ့ ဇာတ်မျိုးကို သရုပ်ဆောင်မှာပဲ။

မေး- တကယ့်ဘ၀မှာ ခံစားရတဲ့ လောကဓံတရား တွေကသရုပ်ဆောင်ရတဲ့ ကာရိုက်တာပိုင်းမှာရော ဘယ်လိုတွန်းအားမျိုးဖြစ်စေလဲ။

ဖြေ- အဲဒီလိုမျိုးတော့ မရှိပါဘူး။ ငယ်ငယ်တုန်းကတော့ ဇာတ်ကောင် အတိုင်း ခံစားမှုဝင်အောင် လုပ်ရ တယ်။ အခုနောက်ပိုင်းကျတော့ အရင်ထက် ပိုပြီးလွယ်သွားတာပေါ့။ အချိန်တိုင်းသာ ရင်ဘတ်ထဲထည့်ပြီး သရုပ်ဆောင်ရရင် ရူးသွားမှာပေါ့။ အခုချိန်မှာ တကယ့် အစစ်နဲ့တူအောင် ရယ်တတ်၊ ငိုတတ်နေပြီဆိုတော့ ခံစားမှုအစစ်အမှန်ဝင်မှ ရိုက်လို့ရတဲ့ အနေအထားမျိုးမရှိတော့ သလိုလက်တွေ့ဘ၀ရဲ့ ခံစားရမှုတွေ နဲ့ သရုပ်ဆောင်တာမျိုးလည်း မရှိပါဘူး။ ဇာတ်ကားထဲမှာကလေးနဲ့ ပတ်သက်တဲ့ အခန်းမျိုးတွေ ပါလာရင်တော့ အပြင်ကနဲ့ ချိန်လို့ရတာပေါ့။

မေး- အမေနေရာက သရုပ်ဆောင်တော့ သိပ်မလိုက်သေးဘူးလို့ ဝေဖန်ကြတယ်နော်။

ဖြေ- အမေခန်းက နှစ်ကား၊ သုံးကားလောက် သရုပ်ဆောင်ထားတယ်။ ငယ်ငယ်တုန်းကလည်း ကိုသားကြီး အတင်းရိုက်ခိုင်းလို့ အမေခန်းရိုက်ဖို့ လုပ်သေးတယ်။ ဒါပေမယ့် မလိုက်တာကြောင့် မရိုက်ဖြစ်ခဲ့ဖူး။ အရမ်း ၀လာတုန်းကတော့ လာငှားလို့ ရိုက်ဖူးတယ်။ ဒါပေမယ့်မျက်နှာက ကလေးမျက်နှာဖြစ်နေတယ် မလိုက် ဖူးဆိုပြီး နောက်မရိုက်ဖြစ်တော့ဘူး။

မေး- အနုပညာရှင် တစ်ယောက်အနေနဲ့ အလှအပနဲ့ အနုပညာ အရည်အသွေးပိုင်း ဘယ်ဟာကို ပိုပြီးအလေးထားဖြစ်လဲ။

ဖြေ- အလှအပနဲ့ အနုပညာအရည် အသွေးက ဆက်စပ်နေတာပဲလေ။ လှဖို့လည်းလိုသလို ကိုယ့်ရှိတဲ့အလှကိုလည်း ထိန်းသိမ်းသင့်ပါတယ်။ အိုင်တင်ပိုင်းတွေကိုတော့ အပြင်က လက်တွေ့ဘ၀တွေကို လေ့လာရသလို ဇာတ်ကားတွေလည်း ကြည့်ရတာပေါ့။

http://www.news-eleven.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။