Home » » ထင်ရှားသော ဗုဒ္ဓရုပ်ပွားတော်နှင့် စေတီပုထိုးများတွင် ဂေါပကအဖြစ်တာဝန်ယူထားသူများ၏ အသက်အရွယ်ကို ကန့်သတ်သွားရန်

ထင်ရှားသော ဗုဒ္ဓရုပ်ပွားတော်နှင့် စေတီပုထိုးများတွင် ဂေါပကအဖြစ်တာဝန်ယူထားသူများ၏ အသက်အရွယ်ကို ကန့်သတ်သွားရန်

Written By မောင်စေတနာ on Friday, September 3, 2010 | 1:58:00 PM

မြန်မာနိုင်ငံရှိ ထင်ရှားသော ဗုဒ္ဓ ရုပ်ပွားတော်နှင့် စေတီပုထိုးများတွင် ဂေါပကအဖွဲ့ဝင် အဖြစ် တာဝန်ယူ လုပ်ကိုင်နေသော လူကြီးများ၏ အသက်အရွယ်ကို ကန့်သတ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

ထင်ရှားသော ဗုဒ္ဓရုပ်ပွားတော်နှင့် စေတီပုထိုးများ၏ ဂေါပကအဖွဲ့ဝင် လူကြီးများမှာ စေတီပုထိုးများတွင် တာဝန်ထမ်းဆောင်သည့် သက်တမ်း ကြာမြင့်လာသည့်နှင့်အမျှ နောက်ဆက်တွဲ ပြဿနာများ၊ တိုင်ကြားစာများနှင့် ရှုပ်ထွေး မှုများ ရှိလာသောကြောင့် အသက်အရွယ် ကန့်သတ်မှုများ ပြုလုပ်ရန် နိုင်ငံတော် သံဃာမဟာနာယက အဖွဲ့မှ ရည်ညွှန်းစာဖြင့် သြ၀ါဒပေးခဲ့ကြောင်း သိရှိရသည်။

ဂေါပကအဖွဲ့ဝင် လူကြီးများအား အသက်အရွယ် ကန့်သတ်ပေးပါရန် အကြောင်းကြားစာအရ ဂေါပကလူကြီး၏ အသက်ကို အငယ်ဆုံး ၅၀ နှစ်မှ အကြီးဆုံး ၇၀ နှစ်အထိသာ ခွင့်ပြုရန် ဖြစ်ကြောင်း၊ သို့သော် ဂေါပကလူကြီး၏ အသက်မှာ ၇၀ နှစ် ကျော်သွားသော်လည်း ကျန်းမာရေး ကောင်းမွန်သဖြင့် လုပ်ငန်းများကို တာဝန်ယူ လုပ်ကိုင်နိုင်သူများအား သက်ဆိုင်ရာ ဒေသအာဏာပိုင် အဖွဲ့နှင့် သာသနာရေး ၀န်ကြီးဌာနမှ ခွင့်ပြုလျှင် နောက်ထပ် ၅ နှစ်ထက် မပိုသော သက်တမ်းတိုး၍ ဆက်လက်ခန့်အပ် လုပ်ကိုင်ခွင့် ပေးရန်ရှိကြောင်း သိရှိရသည်။


အသက် ၇၅ နှစ်ထက် ကျော်လွန်သွားသော်လည်း ဂေါပကလူကြီးအဖြစ် ဆက်လက်ခန့်အပ်လိုပါက ဂေါပကအဖွဲ့၏ လုပ်ငန်းတာဝန်များကို ၀င်ရောက် စွက်ဖက်မှု မပြုသော၊ ဂေါပကလူကြီးအဖြစ် အထောက်အပံ့နှင့် အခွင့်အရေး မယူလိုကြောင်း ဆန္ဒရှိသူကိုသာ အကြံပေးအဖြစ် ခန့်အပ်ထားရန်တို့ ဖြစ်ကြောင်း သိရှိရသည်။

ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ''ဂေါပကအဖွဲ့ လူကြီးတွေရဲ့ အသက်အရွယ်ကို ကန့်သတ်ပေးဖို့ ညွှန်ကြားချက် စာမိတ္တူ ဒီရက်ပိုင်းအတွင်းမှာ ဦးတို့ဆီကို ရောက်လာပါတယ်''ဟု ပြောပြခဲ့သည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။