၂၀၁၁ ၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ မြန်မာနိုင်ငံ စာစစ်အဖွဲ့သို့ စက်တင်ဘာလ ၁၆ ရက်နေ့မှ စတင်ကာ ဖြေဆိုခွင့် လျှောက်လွှာပုံစံ စတင် ၀ယ်ယူ လျှောက်ထားရတော့မည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မြန် မာနိုင်ငံ စာစစ်အဖွဲ့၏ ထုတ်ပြန်ထားရှိချက်ကို စက်တင်ဘာလ ၂ ရက်နေ့၊ နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားချက်အရ သိရှိရပါသည်။
၂၀၁၁ ၌ ပြင်ပမှ တက္ကသိုလ် ၀င်တန်း ၀င်ရောက် ဖြေဆိုမည့်သူများ မဟုတ်သော အခြေခံပညာ ကျောင်းများ၊ ကျောင်းခွဲများနှင့် တွဲဖက်ကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် သူများ၏ စာမေးပွဲ ၀င်ကြေးအတွက် ကျောင်းအုပ်ကြီး များသည် စာမေးပွဲဝင်ကြေး ကျသင့်ငွေသွင်း တံဆိပ်ခေါင်း ၀ယ်ယူပြီး လျှောက်လွှာတစ်စောင်ချင်းတွင် ကပ်၍ စုပေါင်းပြီး မြန်မာနိုင်ငံ စာစစ်အဖွဲ့ရုံးသို့ ၂၀၁၀ ခုနှစ် စက်တင်ဘာ ၁၆ ရက်မှ အောက်တိုဘာ ၂၉ ရက် အတွင်း တင်သွင်းသွားရမည်ဟု ထုတ်ပြန်ချက်အရ သိရှိရသည်။

ပြင်ပမှ လျှောက်ထား တင်သွင်းသူများသည်လည်း မိမိတို့ ဖြေဆိုခွင့် လျှောက်လွှာပုံစံများကို မိမိတို့ အမှန်တကယ် နေထိုင်ရာမြို့နယ် ပညာရေးမှူးရုံးများမှတစ်ဆင့် စက်တင်ဘာ ၁၆ မှ အောက်တိုဘာ ၁၅ ရက်အတွင်း စတင် တင်သွင်းကြရမည် ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာတင်သွင်းရာတွင် ၀ိဇ္ဇာ၊ သိပ္ပံ ဘာသာတွဲများအား အမှတ်စဉ်များအလိုက် မြန်မာနိုင်ငံ စာစစ်အဖွဲ့မှ သတ်မှတ်ပေးထားပြီး ကဒ်ပြားပုံစံဖြင့် တင်သွင်းရန် အရောင်နှစ်မျိုး ခွဲခြားထားသည်ဟု သိရသည်။
ဝင်ခွင့်ပုံစံ ၀ယ်ယူပြီး သူများသည်လည်း သတ်မှတ်ရက်အတွင်း စာစစ်သို့ အချိန်မီ ပေးပို့ရန် လိုအပ်ပြီး အချိန်မီ ပေးပို့နိုင်ခြင်း မရှိပါက စာမေးပွဲဖြေဆိုခွင့် ပြုမည် မဟုတ်ကြောင်း နှင့် ၀င်ခွင့် လျှောက်လွှာပါ ကတ်ပြား၌ ဖော်ပြထားသော ဘာသာတွဲများ အား ပြောင်းလဲဖြေဆိုခွင့် ပြုမည် မဟုတ်ကြောင်း သိရှိရပါသည်။
၂၀၁၀ ခုနှစ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုမူ မတ်လ ၁၀ရက် နေ့က စတင် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
http://www.news-eleven.com/
0 comments:
Post a Comment