Home » » မွေးနေ့ လိုက်ဖ်ရှိုး ရောင်းရငွေအား ပြေတီဦး ဖောင်ဒေးရှင်းအဖြစ် ပညာသင်ထောက်ပံ့ကြေး လှူဒါန်းသွားမည်။

မွေးနေ့ လိုက်ဖ်ရှိုး ရောင်းရငွေအား ပြေတီဦး ဖောင်ဒေးရှင်းအဖြစ် ပညာသင်ထောက်ပံ့ကြေး လှူဒါန်းသွားမည်။

Written By မောင်စေတနာ on Thursday, September 2, 2010 | 2:31:00 PM



ပြေတီဦး၏ မွေးနေ့လိုက်ဖ်ရှိုး ရောင်းရငွေသိန်းတစ်ရာအား ပြေတီဦးဖောင်ဒေးရှင်းအဖြစ် တည်ထောင်၍ ပညာသင် ထောက်ပံ့ကြေးများ ရွေးချယ်လှူဒါန်းသွားရန် စီစဉ်ထားသည် ဟု သတင်းရရှိသည်။

"ကျွန်တော့် မွေးနေ့ပွဲလေး လုပ်ကတည်းကလည်း အလှူအတွက် ရည်ရွယ်ပြီးလုပ်ဖြစ်တာပါ။ နောင် ရေရှည်အလှူကလေးအဖြစ် ဖြစ်တည်သွားအောင်လို့ ဖောင်ဒေးရှင်းလေး တစ်ခုတည်ထောင်မယ်။ တက္က သိုလ်ဆက်တက်ဖို့ အခက်အခဲဖြစ်နေတဲ့သူကို ရွေးချယ်ပြီး လစဉ်ငွေကြေး ထောက်ပံ့ပေးသွားမယ်။ ကျွန်တော် တစ်ကားရိုက်ပြီးတိုင်းလည်း အဲဒီကားရတဲ့ဝင်ငွေထဲက တစ်သိန်းတတ် နိုင်ရင် တစ်သိန်း၊ နှစ်သိန်းတတ်နိုင်ရင်နှစ်သိန်း ထပ်ဖြည့်လှူဒါန်းသွားမှာ ပါ"ဟု ပြေတီဦးက ပြောပြခဲ့သည်။


ပြေတီဦးဖောင်ဒေးရှင်းအနေဖြင့် ကနဦး မတည်ငွေကျပ်သိန်းတစ်ရာအား ဘဏ်သို့ အပ်နှံထားပြီး ရုပ်ရှင်ဗီဒီယို ဇာတ်ကားရိုက်ကူးရငွေများမှ တတ်နိုင်သမျှထပ်ဖြည့် လှူဒါန်းသွားမည်ဟု သိရသည်။

ပညာသင် ထောက်ပံ့ကြေးငွေ လျှောက်ထားလိုသူများ အနေဖြင့်ယခု နှစ်ပညာသင်နှစ်မှစ၍ လျှောက်ထားနိုင်မည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးဆေးတက္ကသိုလ် အမှတ်ရရှိပြီး ဆက်လက် ပညာသင်ကြားရန် အခက်အခဲရှိသူများအား လစဉ်ပညာသင်စရိတ် ထောက်ပံ့ပေးသွားမည်ဟု သိရသည်။

http://www.news-eleven.com
Share this article :

1 comments:

khin nyein chan said...

စိတ်ထားမြင့်မြတ်တဲ့ ကိုပြေတီဦး ယခုထက် အဆပေါင်းများစွာ အောင်မြင်ပါစေ

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။