Home » » သရုပ်ဆောင်ဖွေးဖွေး မလေးရှားနိုင်ငံသို့ ဒုတိယအကြိမ် အလည်အပတ် ခရီးသွားရောက်

သရုပ်ဆောင်ဖွေးဖွေး မလေးရှားနိုင်ငံသို့ ဒုတိယအကြိမ် အလည်အပတ် ခရီးသွားရောက်

Written By မောင်စေတနာ on Friday, September 17, 2010 | 4:07:00 PM



ဖွေးဖွေးသည် မလေးရှားနိုင်ငံသို့ ဒုတိယအကြိမ် အလည်အပတ် ခရီးသွားရောက်ခဲ့ရာမှာ စက်တင်ဘာလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး အနုပညာလုပ်ငန်းများ ပုံမှန်အတိုင်း လုပ်ကိုင်လျက်ရှိသည်ဟု သိရသည်။

"ဖွေး အခုတစ်ခေါက် သွားတာကလည်း အလည်သက်သက်ပါပဲ။ ဖွေး မေမေရယ်၊ အန်တီရယ်၊ ဒီဇိုင်နာ မသက်နှင်းအေးတို့လည်း ပါပါတယ်။ ဟိုမှာရှိတဲ့ ဖွေးရဲ့အဒေါ်က လေကြောင်းလိုင်းကလေ။ လေယာဉ်လက်မှတ်ခ တွေ သက်သာနေတယ်ဆိုတာနဲ့ပဲ သွားဖြစ်သွားတာ။ပထမတစ်ခေါက်တုန်း က မရောက်ဖြစ်ခဲ့တဲ့နေရာတွေရော၊ ရောက်ပြီးသားနေရာတွေကိုပါ စုံအောင် သွားဖြစ်တယ်။





ရှော့ပင်းလည်း ထွက်ဖြစ်ပါတယ်။ ဟိုမှာက တချို့ဟာ တွေက တော်တော်လေး ဈေးသက်သာတယ်။ အဲဒါကြောင့် နည်းနည်းပါးပါး ၀ယ်ဖြစ်တယ်။ အဓိကတော့ စားသောက်ဆိုင်တွေမှာ လျှောက်စားဖြစ်တယ်"ဟု ဖွေးဖွေးက ပြောပြခဲ့သည်။

ဖွေးဖွေးသည် စက်တင်ဘာလအတွင်း "လက်ပံ" ဇာတ်ကား၏ ကျန်ရှိနေသော ဇာတ်ဝင်ခန်းအချို့အား ရိုက်ကူးရန်ရှိပြီး ဒါရိုက်တာဝိုင်းနှင့် ဗီဒီယိုတစ်ကား ထပ်မံရိုက်ကူးရန် စီစဉ်ထားသည်ဟု သိရှိရသည်။

http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။