Home » » ATM ကပ် သူ ခိုး တဲ့ .....

ATM ကပ် သူ ခိုး တဲ့ .....

Written By မောင်စေတနာ on Thursday, September 16, 2010 | 4:42:00 AM


photo ; google
ဒီသူခိုးက နည်းနည်းအဆင့်မြင့်တယ်။ စိတ်ကူးကောင်းကောင်းနဲ့ကို ခိုးတာပါ။
အောက်က attachment ဖိုင်ကို ဗျူးကြည့်လိုက်ပါ။

1- ATM ကတ် ထုတ်မဲ့နေရာကိုသူခိုးက၀င်ရောက်လာတယ်။

2- သူက ဖလင်( ဓတ်မှန်ရိုက်တဲ့ ဖလင်ပေါ့) အဲဒါကို ကတ်ကြေးနဲ့ ဖြတ်ခေါက်ပြီး
ATM ဘောက်ထဲကိုထည့် ကော်နဲ့ ကပ်လိုက်ပါတယ်။ ဖလင်က အမဲရောက်ဆိုတော့
အပေါက်ထဲမှာ ထည့်ထားရင်မသိနိုင်ဘူးလေ။

3- အဲဒီနောက် အပြင်တစ်နေရာမှာ သူက မရောင်မလည်နဲ့စောင့်နေပါရော

4- အဲဒီအချိန်မှာ ပိုက်ဆံထုတ်မဲ့သူရောက်လာပါတယ်။ သူက သူ့ရဲ့ကဒ်ကို ATM
ဘောက်ဇ် ထဲ တည့်လိုက်ပါတယ်။


5- ပြီးတော့ သူ့ရဲ့ ကုတ်တွေ ၇ိုက်ထည့်တာပေါ့။ ဒါပေမဲ့ စက်က မတုန်မလှုပ်ပေါ့။
ကပ်ထဲမှာတစ်ခုခုဖြစ်နေပြီဆိုတာ သိတော့ စက်ကထုတ်မပေးဘူး။ ပိုဆိုးတာက အဲဒီ
ATM ကဒ်ကိုလဲ စက်က ပြန်ထုတ်ဖို့ မလုပ်နိုင်ဖြစ်နေတယ်။

6-အဲဒီအချိန်မှာ သူခိုးက ၀င်လာတယ်။ သူလဲ ပိုက်ဆံထုတ်မလိုဘာလိုလိုနဲ့ပေါ့။
တကယ်ပိုက်ဆံထုတ်မဲ့သူက ကဒ်ကိုရော ပိုက်ဆံရောထုတ် မရတာကိုမြင်တော့
သူက ကူညီဟန်ဆောင်ပါတယ်။ ကဒ်ထွက်လာအောင် ဟိုလုပ် ဒီလုပ်ပေါ့။

အဲဒီလိုလုပ်ရင်းနဲ့ ကဒ်ပိုင်ရှင်က ရိုက်ထားတဲ့ ကုတ်တွေကို တတ်နိုင်သလောက်
မသိမသာ သူလိုက်မှတ်ထားတယ်။ ဒါပေမဲ့ ဘယ်လိုမှ လုပ်လို့မရဘူးဖြစ်နေတယ်။
နောက်ဆုံးမှာ တကယ်ထုတ်မဲ့သူက စိတ်ပျက်ပြီး သူ့ကဒ်ကိုထားခဲ့ပြီး ကပ်တစ်ခု
အစားထိုးလုပ်ဖို့ ထွက်သွားပါတော့တယ်။

အဲဒီအချိန်မှာ သူခိုးလဲ ကဒ်ပိုင်ရှင်နဲ့အတူပြန်လိုက်ထွက်သွားတယ် စိတ်ပျက်
ဟန်ဆောင်ပြီးတော့ပေါ့။

7- နောက်ခဏအကြာမှာတော့ သူခိုးကပြန်လှည့်လာပြီးတော့ ATM မှာ ခေါက်
ထည့်ပြီးကော်နဲ့ကပ်ထားတာကို သူပြန်ခွါထုတ်ယူလိုက်ပါတယ်။

( ပုံကို အတက်ခ်ျ ဖိုင်တွင်ကြည့်ပါ) ပြီးတော့ ကဒ်ကို ပြန်ထည့်ပြီး ခုနက သူမှတ်
မိထားတဲ့ ကုဒ်တွေကို သူကြိုးစား၇ိုက်ထည့်ကြည့်ပါတယ်။

အချိန် နည်းနည်းယူလိုက်ယုံနဲ့ ကဒ်ပိုင်ရှင် ထည့်ထားတဲ့ ပိုက်ဆံ
အားလုံးကို သူရသွားပါတော့တယ်။

ဘဏ်မှသတိပေးချက် ........
ဘဏ်တွေကတော့ အဲဒီလိုခိုးမခံရလေအောင် ဒီလိုအကြံပေးပါတယ်။

1 .ကဒ်ထုတ်မ၇တော့ရင် enter သို့မဟုတ် cancel ကိုနှိပ်ပြီးထုတ်ယူပါ။
မရရင်ရင် ကဒ်ထည့်တဲ့အပေါက်ကို သေသေချာချာကြည့်ပါ။
ကော်နဲ့ကပ် ထားတဲ့ တိတ်ကိုမြင်အောင်ကြည့်ပါ။

2 .ဒါမှမဟုတ်၇င် ဘဏ်ကို ချက်ချင်း အကြောင်းကြားပါ။
ကဒ်ကို ဒီအတိုင်းပစ်မထားပါနဲ့။

သူခိုး ရန်မှ ကင်းဝေး ကြပါစေ ....

မှက်ချက်။ tomorrowopen@gmail.com ပို့လာတဲ့မေးမှ ပြန်လည် မျှဝေ ပါသည်။

Share this article :

2 comments:

ကိုဇော် said...

မျိုးစုံကို ကြံဖန်နေကြတော့တာကိုး...
ကျေးဇူးပဲ ညီရေ..

ခိုင်နုငယ် said...

ကျေးဇူးပဲ မောင်လေး
ဒါမျိုးတွေလည်း ရှိတာပဲနှော်။

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။