Home » » ဘန်ကောက်၊ ဖူးခက်နှင့် စင်ကာပူနိုင်ငံတကာ ခရီးစဉ်များကို Air Bagan မှ ပြေးဆွဲမည်။

ဘန်ကောက်၊ ဖူးခက်နှင့် စင်ကာပူနိုင်ငံတကာ ခရီးစဉ်များကို Air Bagan မှ ပြေးဆွဲမည်။

Written By မောင်စေတနာ on Friday, September 3, 2010 | 2:17:00 PM


photo; http://www.mizzima.com

၂၀၁၀ ပြည့်နှစ် ပွင့်လင်းရာသီ အမီ နိုင်ငံတကာ ခရီးစဉ်များတိုးချဲ့ ပြေးဆွဲနိုင်ရန်အတွက် ရည်ရွယ်ကာ Air Bagan လေကြောင်းလိုင်းမှ ထပ်မံဝယ်ယူထားသည့် လေယာဉ်သစ်များ အောက်တိုဘာလ အတွင်းမြန်မာနိုင်ငံသို့ ရောက်ရှိလာမည် ဖြစ်ကြောင်း နှင့် ဘန်ကောက်၊ ဖူးခက်နှင့် စင်ကာပူ နိုင်ငံတကာ ခရီးစဉ်များကို နိုဝင်ဘာလ တတိယပတ်မှစ၍ ပျံသန်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း Air Bagan လေကြောင်းလိုင်း၏ Marketing Director မစ၀်သန္တာနွဲ့က ပြောပြခဲ့ပါသည်။

Air Bagan လေကြောင်းလိုင်းသည် Air Bus A 320 နှင့် ATR 72-500 လေယာဉ်များအား လာမည့် ပွင့်လင်းရာသီအမီဝယ်ယူရန်စီစဉ်မှု များရှိခဲ့ရာ အောက်တိုဘာလအတွင်း တွင် အဆိုပါလေယာဉ်များ မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။ Air Bus A 320 လေယာဉ်မှာ ခရီးသည် ၁၅၆ဦးဆံ့ပြီး ATR 72-500 လေယာဉ်မှာ ခရီးသည် ၆၀ ကျော်လိုက်ပါ စီးနင်းနိုင်ကြောင်း သိရသည်။


ထိုသို့ လေယာဉ်သစ်များ ၀ယ်ယူမှုနှင့်အတူ နိုင်ငံတကာခရီးစဉ်များ နှင့် ပြည်တွင်းခရီးစဉ်များ အားတိုးချဲ့ ပြေးဆွဲခြင်းများ ပြုလုပ်သွားမည်ဖြစ်ကာ လာမည့်နိုဝင်ဘာ တတိယပတ်မှစ၍ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံ ခရီးစဉ်များအား ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

Air Bagan မှ Fokker နှစ်စင်း၊ ATR-72 နှစ်စင်း၊ ATR-42 နှစ်စင်း နှင့် Air Bus နှစ်စင်း ပိုင်ဆိုင်ထားကြောင်း ၂၀၀၆ ခုနှစ်မှစ၍ ပြည်တွင်း ခရီးစဉ်များအပြင် နိုင်ငံတကာခရီးစဉ်အဖြစ် ဘန်ကောက်နှင့် စင်ကာပူ ခရီးစဉ်များကို တိုးချဲ့ပြေးဆွဲနိုင်ခဲ့သော် လည်း ၂၀၀၇ခုနှစ်နောက်ပိုင်းတွင် အဆိုပါ ခရီးစဉ်များမှာ အကြောင်းကြောင်းကြောင့် ရပ်နားသွားခဲ့သည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။