Home » » တ ကယ် ပဲ လား ........

တ ကယ် ပဲ လား ........

Written By မောင်စေတနာ on Thursday, August 26, 2010 | 10:35:00 AM



တကယ်ပဲလား


မင်းနဲ့ငါ
ဖြတ်လျှောက်ခွင့်
မရှိဘူး
ဆိုပေမယ့်

ဒီ .........

တံတားမှာ
သံယောဇဉ်
လက်ကျန်တွေ
အများကြီးပဲနေမှာပေါ့

တစ်ယောက်
တစ်ဘက်ဆီပါပဲ
လှည့်ကြည်ရုံလေး
ဆိုပေမယ့်



ကြောချင်းကပ်
လမ်းခွဲခဲ့တာမှ
မဟုတ်တာ
စာရေးဆရာ

တာရာမင်းဝေ
ပြောသလို
သံယောဇဉ်ဆိုတာ
အရောဝင်လို့

မကောင်းတဲ့
ခွေးကလေးတစ်ကောင်
ပါလို့ သိရက်နဲ့

ငါက ........

လှိုက်လှိုက်လှဲလှဲ
ကြိုဆိုနေမိတယ်
ဘာပဲဖြစ်ဖြစ်လေ .....

ငါ့ရဲ့ .....
ဘယ်ဘက်ရင်အုံမှာ
မင်းအမြဲတမ်းရှိနေဖို့က
အရေးကြီးတယ်
မင်းနဲ့ ပက်သက်ပြီး
အသက်ရှုသံတွေ
မရပ်သရွေ့ပေါ့ ......

လေးစားစွာဖြင့်
မောင်သူရ (ကုန်းမြင့်မြေ)

ညီငယ် သူရ ရေးထားသော ကဗျာလေးပါ။
Share this article :

1 comments:

ဆောင်းနှင်းရွက် said...

သံယောဇဉ် ဆိုတာ အရောဝင်လို့
မကောင်းတဲ့ ခွေးတစ်ကောင် တဲ့ ...
အဟင့် .. >>>

တာရာမင်းဝေ ကလည်း
ရက်စက်ပါ့ ..

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။