Home » » " စကာၤပူ အိမ်ဖေါ် (သို့) အိမ်ထောင် "

" စကာင်္ပူ အိမ်ဖေါ် (သို့) အိမ်ထောင် "

Written By မောင်စေတနာ on Thursday, August 26, 2010 | 2:03:00 PM


photo; http://www.hongkonglogue.com/

ဒီနေ့ "မင်းချစ်ဦး" တင်တဲ့ blog ကိုဖတ်ပြီး ရေးချင်စိတ်ပေါက်တာနဲ့ ရေးလိုက်တာပါ။
FF ကသူငယ်ချင်းတွေ အားလုံးလဲ မသိသေးရင် သော်၎င်း လုပ်ဖို့စဉ်းစားရင်သော်၎င်း
အတွက်ပေါ့။ ဆရာကြီး လုပ်တာတော့ မဟုတ်ပါဘူး သူငယ်ချင်း အားလုံးနဲ့ share
လုပ်တဲ့ သဘောပါ "စလုံး" အကြောင်း အားလုံး မသိပေမယ့် ကိုယ်တွေ့လေး ပြောပြ
တာကျန်ခဲ့တဲ့ တစ်နှစ်လောက်က ဖြစ်ခဲ့တာပါ ......

သေဘာၤသီး က စကာၤပူ မွာ နေတာမဟုတ်ပါဘူး။ ကိုယ့် အလုပ်က တစ်ပါတ် တစ်ကြိမ်
နှစ်ကြိမ်လောက်တော့ ရောက်ဖြစ်တယ် တစ်နေ့ ရောက်တုန်း ရန်ကုန် အမျိုးတစ်ယောက်
စီက ဖုံးဆက်ပြီး အကူညီတောင်းလာတယ် ........

သူ့ အမျိုးသားရဲ့ အမျိုး ကောင်မလေးတစ်ယောက် စကာင်္ပူ မှာ အိမ်ဖေါ်လုပ်ရင်း ဒုက္ခရောက်
နေလို့ ကူညီဖို့ ကောင်မလေးနေတဲ့ အိမ်လိပ်စာ ဖုံးနံပါတ်တွေပေးတယ် သူတို့ပြောပြသလောက်
တော့ ကောင်မလေးက အလုပ်မလုပ်ချင်တော့ လို့ ပြန်ချင်နေတာ .... သူ့ သူဌေးက နှစ်မပြည့်
လို့ လေယဉ်လက်မှတ်ဖိုး မပေးနိုင်ကြောင်းနဲ့ ရန်ကုန် က အေးဂျင့်ကလည်း ပြေးပြီဆိုတာတွေရယ်



သဘောင်္သီး အနေနဲ့လေယဉ် လက်မှတ်ဘိုးဆိုက်ပေးထားပြီး ကောင်မလေး ပြန်နိုင်အောင်
ကူညီခိုင်းပါတယ်အင်း .... ပထမ တော. ဇတ်လမ်းလေးက လေယဉ်လက်မှတ်ဘိုးပေးလိုက်
ပြီးပြီ တွက်ထားလေ ...

ဒါနဲ့ ချက်ချင်းဘဲ သဘောင်္သီး လဲ သူ့ အစ်ကို အတုလုပ်ပြီး ဖုံးလှမ်းဆက် လိုက်ပါတယ်
အင်း ... ခပ်တိုတိုပဲ ပြောကြပါစို့ ကောင်မလေး ရဲ့ သူဌေးကတော် နဲ့တွေ့ပြီး ကောင်းမလေး
မကောင်းကြောင်းတွေကို "စလုံး" တရုတ်တွေရဲ့ အင်္ဂလိပ် လေသံနဲ.ပြောလိုက်တာများ
လက်ပံပင် ဇယက် ကျလား အောက်မေ့ ရတယ် ဘယ်လောက်ပြောလဲဆိုတော့ ဖုန်းပါ
ဘက်ထရီ ဒေါင်း သွားတဲ့ အထိပြောတာဗျာ .....

အဲ ..... အဲဒိနေ.က ဖုံးလဲကောင်းကောင်း အားမသွင်းထားတာလဲပါတာပေါ. သူငယ်ချင်း ဖုံးနဲ.
ဆက်ပြောရပါတယ် အဲ.ဒိကျမှ..... ဇတ်လမ်းတွေက ပိုရှုပ်လာရော ....ကောင်မလေး က သူတို့
အိမ်က ဖုန်းနဲ့ မလေးရှား က သူ့ကောင်လေးစီ ဖုံးခိုးဆက်လို့ bill တွေတက်ကြောင်း သူတို့ တွေ
က ကောင်မလေးကို ကောင်းစွာထားသော်လည်း ကောင်မလေး က မကောင်းကြောင်း .....
တစ်ခွန်း မကျန်ပြန်ပြောကြောင်း

အင်း ....... အားလုံးတောင်မမှတ်မိတော့ပါဘူးသဘောင်္သီး စကားနဲနဲဖြတ် ပြောပါရစေ။
သူပြောတာတွေ နားထောင်ရင်းနဲ့ စိတ်ထဲက ကိုယ့် ဘာသာ စဉ်းစားနေတာ ဟိုကောင်မလေး
ကတော့ ဖြူလား မဲလား မမြင်ဖူးသေးဘူး ဒီဟာကြီး အသံ ကြားရတာနဲ့ တင် ပြန်ပြောတောင်
နဲသေးတယ်လို့ နားထောင်ရင်း တွေးမိတယ် ........

သူပြောချင်တာတွေပြောလို့ ၀ တော့ မှ ကောင်မလေးနဲ့ ဖုံးပြောခွင့်တောင်းလို့ရတယ် ....
ဒါတောင်ချွင်းချက် အနေနဲ့ သူနားလည်အောင် အင်္ဂလိပ်လိုပြောတဲ့ ဒီတော့ မှ ကောင်မလေး
အသံစကြားဖူးတယ်။ ကောင်မလေး က သူ.အခက်ခဲတွေကို အင်္ဂလိပ် လိုပဲပြောရရှာတာ တော်
သေးတယ် ကောင်မလေး က အင်္ဂလိပ် လိုကောင်းကောင်းပြောနိုင်တယ် ......

နားထောင်ရင်းနဲ့ သူ့ရဲ့ အရည်ချင်းကိုတော့ ချီးကျုးမိသေးတယ်ကောင်မလေး ပြောပြတာတော့
သူ့ ကောင်လေး ဆီ ဖုန်းဆက်တာ ဟုတ်ကြောင်း သူအိမ်ကိုတော့ ဒီအကြောင်း ထိမ်ချန်ပေးဖို့
ပြောပါတယ်။ ပြီးတော့ ကောင်မလေးလဲ ပြောရတာအားမရတော့ .....

မြန်မာ လိုပဲဆက်ပြောပြတယ် ........
သူ့ကို လုံးဝ အပြင်ထွက်ခွင့် မပေးကြောင်း သူ့ရဲ့ဖုန်းကိုလဲ အပြင်နဲ့ ဆက်သွယ် မရအောင်သိမ်း
ထားကြောင်း အိမ်အလုပ်တင် မကပဲ သူတို့ရဲ့ စီးပွားရေးအလုပ် တွေလဲဝိုင်းလုပ်ပေးရကြောင်း
တစ်ခါလည်း မီးဖိုချောင် မှာ စကားများကြရင်းသူ့ကို ဆီပူနဲ့ပက်ကြောင်း အဓိက ကတော့လုံးဝ
အပြင်ထွက်ခွင့် မရတာပဲ့ပေါ့ .........

ပြောနေတုံးပဲ သူ့လက်ထဲကဖုန်းကို လုယူပြီး သူ့ဘက်ကမှန်ကြောင်း တွေကိုဆက်ပြောနေသေး
တာ သည်းခံနားထောင်ပြီး ဘာပဲဖြစ်ဖြစ် ကောင်မလေး အတွက် တောင်းပန်ကြောင်း ဒီလောက်
မကောင်းရင်လဲ အိမ်ပဲ ပြန်ပို့ပေးပါလို့ သူ့စကားကိုပဲထောက်ပြီးပြန်ပြောရင်း သူ့ဖုန်းဖိုးနဲ့
လေယာဉ်လက်မှတ်ဖိုး လဲ ပေးမယ့် အကြောင်းကို မက်လုံး ပေးရပါတယ် ....

ဒါတောင်တော်တော်ပြောယူရပါတယ် သူဘက်ကလဲ လက်ခံတယ်ပေါ့ နောက်ပြီး မကြာခင်
ပိုက်ဆံပို့ပေးမယ့် အကြောင်းပြောပြီး တစ်ရက် ပြီးသွားခဲ့တယ် သဘောင်္သီး လဲ ပို့ ပေးမယ်
သာပြောတာ ဘယ်လိုပေးရမှန်းမသိဘူး ကိုယ်ကိုတိုင် တောင် စလုံး ရောက်ရင် ကိုယ့်အလုပ်
နဲ့ကိုယ် ဘယ်မှသွားနိုင်တာမဟုတ်ဘူး .......

ရှိတဲ့သူငယ်ချင်းတွေကိုလဲ အပူမပေးချင်နဲ့ နောက်ဆုံးအကြံရတာ သဘောင်္သီး တို. ဆီကိုလာ
နေကျ supplier ကို ပဲ အပူကတ်ရတော့ တာ့ပဲ ဒီလူက အရင်က ရဲအရာရှိဟောင်း ဆိုတော့
ပိုအဆင်ပြေသွားတယ် သူကိုပဲ လေယဉ်လက်မှတ်ဖိုးနဲ့ ဖုန်းဘေဖိုး အားလုံးပေါင်း ဒေါ်လာ
၈၀၀ ပို့ခိုင်းရတယ် အိမ်ရှင် ကိုလဲ နားချခိုင်းလိုက်တယ် .....

ပိုက်ဆံလဲ ပို့ ပြီးရော အဆက်သွယ် ပြတ်ပြန်ရော ကောင်မလေး အိမ်ရှင် က အပြင်သွားရင်
တံခါးတွေအကုန် သော့ခတ် တယ်လီဖုန်းတွေ အကုန်ဖြုတ်ပြီး ကောင်မလေး ကို အိမ်ထဲ
ပိတ်ထားခဲ့တယ် ....

ကဲ .... မီးလောင်ရင် ဘယ်လိုလုပ်မလဲ နောက်တော့ ကောင်မလေး က သူ့တို့ ဘေးခန်းက
ဘ၀ တူအင်ဒို မလေး ဆီကနေ ဖုံးဌားပြီး sms နဲ့ အကျိုးအကြောင်းပို့မှ အဆက်သွယ်ပြန်ရတယ်
အဲဒီ ကြားထဲမှာ နှစ်ပါတ်လောက်ကြာသွားတယ် ရေးရင်အများကြီးကျန်သေးတယ် ရှည်မှာစိုးလို့
ဖြတ်ခဲ့တာ နောက်ဆုံး ကောင်မလေး ကလဲ အလုပ်မလုပ်ပဲ သပိတ်မှောက်တာ .....

ဒါလဲ ပြန်မပို့သေးပဲ ရသလောက် အချိန်ဆွဲရင်းက တစ်နေ့ .... သူအိမ်ရှင်က ဖြစ်ချင်တော့
ကောင်မလေး က အိမ်က ၀ရန်တာ ပေါ်တက်ထိုင်ပြီးနေတာ ကနေ စပြီးစကား ထပ်များကြပြီး
သူ့ကို ရဲတိုင်မယ် ဆိုပြီး ရဲစခမ်းခေါ် သွားပါလေရော သူစိတ်ထင် သူပိုင်ပြီ တွက်ထားတယ်
ထင်ပါတယ်။

ရဲစခန်းလဲရောက်ရော ကောင်မလေး စောင့်နေတဲ့ အကွက်ထဲရောက်ရော ကောင်မလေး က
သူ ပြသနာအားလုံး ကို ရဲကို ဖွင့်ပြောတော့ ရဲက အိမ်ရှင်ကို အိမ်ပြန်ပို့ပေးဖို့ တွန်းအားပေးတော့
တာပေါ့ အင်း ...... ရေးရတာ ရှည်နေပြီထင်တယ်ဖြတ်တော့မယ် ........

အဲ့ဒီမှာ အလုပ် အရမ်းလုပ်တဲ့ စလုံး ရဲ ကို ကျေးဇူးတင်ရမှာပဲ နေ.တိုင်း သူတို.အိမ်ကို ဖုန်းဆက်
ပြီးမေးတော့တာပေါ့ ။ ကောင်မလေး ကိုပြန်ပို့ပြီးမပြီး နောက်ဆုံးတော့သူ့အိမ်ရှင် သူ့အတတ်
သူ ဆူးပြီး ပြန်ပို့ ပေးရတော့တယ်။ ဇတ်လမ်း လေးကတော့ ဒါပါပဲ .........

ဒါပေမယ့် ........
သူ့ကို ဘယ်လို ဖိနှိပ် ချုပ်ချယ်တာတွေ သဘောင်္သီး နဲ့ သူ့အိမ်ရှင်နဲ့အခြေတင် ပြောရတာတွေ
ချန်ထားခဲ့တာ အများကြီး သဘောင်္သီး ပေးချင်တဲ့ message ကတော့သူငယ်ချင်း တို့တွေ ဒီအ
လုပ် လုပ်မယ် စိတ်ကူးရင် စဉ်းစားကြဖို့ပါ။ အဲဒီ သဘောင်္သီး ကူညီလိုက်တဲ့ ကောင်မလေး က
သဘောင်္သီး ရွာပြန်တော့ လေဆိပ်မှာ လာတွေ့ပြီး ကျေးဇူးတင် စကားပြောပါတယ်။

သဘောင်္သီး လဲ အဲဒီ ကျမှ မရွှေချောကို မြင်ဖူးတယ် ကောင်မလေး က စလုံး ကိုမလာခင် ရန်ကုန်
က နာမည်ကြီး ကုမဏီ တစ်ခုမှာ လုပ်ခဲဖူးတာရယ် ဘွဲ့ရပြီးဆိုတာ ရယ်ကို ထပ်သိရတော့
သဘောင်္သီး တော်တော် စိတ်မကောင်းဖြစ်မိပါတယ်။ သုက သူ့ မိဘ က တားနေတဲ့ ကြားကနေ
ထွက်သွားတာတဲ့ သူ့အဖေ လုပ်သူ ကပြောပြရှာတယ်။

တိုးတက်ကြီးပွားချင်တာ စွန့်စားလုပ်ကိုင်ချင်တာတွေတော့ သဘောင်္သီး တို.က အားပေးပါတယ်
ဒါပေမယ့် နိုင်ငံရပ်ခြားမှာ ထွက်ပြီးလုပ်တဲ့ ခါကျတော့ယောက်ကျားလေး နဲ့ မိန်းကလေး ဆိုတဲ့
လိင်ကွဲပြားမှူ တွေက နေရာဒေသတွေပေါ်မူတည်ပြီး အခက်အခဲတွေ ဒုက္ခတွေအများကြီးဖြစ်လာ
တတ်ပါတယ်။

အဲဒါတွေအားလုံးကို မထွက်လာမီ ကထဲက ကြိုတင်စဉ်းစားထားဖို့လိုအပ်ပါတယ် တစ်ချို့ဘ၀ပျက်
သွားကြတာတွေလဲ သဘောင်္သီး တို့ ပတ်ဝန်းကျင်မှာမြင်တွေ့ နေရပါတယ် ဘယ်သူကိုမှ အဲဒီလို
မမြင်မတွေ့ချင်ပါဘူး ဟိုးတလော ကလဲ UAE မှာမြန်မာမလေး တစ်ယောက် နိုင်ငံခြားသားတစ်
ယောက်နဲ့ချစ်ကြိုက်ပြီး အဲဒီလူ ကပဲ ရက်ရက်စက်စက်သတ်ပြီး ရေနုတ်မြောင်းထဲ ပစ်ချခဲ့ တာ
ဖတ်မိလိုက်ပါသေးတယ်။

စဉ်းစားကြပါလို့ပဲ ထပ်ပြောချင်တယ်။ခက်တာက ဟုတ်ပါပြီ ကိုသဘောင်္သီး ရယ်
မြန်မာပြည်မှာပဲ နေပြီးလုပ်ကိုင် စားသောက်ချင်ပါတယ် ဘယ်နေရာမှာ ဘာတွေ
လုပ်ပြီး တိုးတက်ကြီးပွားမှာလဲလို့ မေးလာကြရင် တော့ အဟီး သဘောင်္သီး လဲ
အဲဒီ မေးခွန်းကို ထုတ်ပြီး နိုင်ငံခြား ကိုထွက်လာတာ ခုထိပဲ ဆိုပါ တော့
သူငယ်ချင်းတို့ရယ် ..........

သူငယ်ချင်း တို့ အားလုံး တိုးတက်ကြီး ပွားနိုင်ကြ ပါစေ။

သေဘာၤသီး
http://forverfriends.ning.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။