အသက် ၁၆ နှစ်အရွယ်သာ ရှိသေးသည့် ဆယ်ကျော်သက် အဆိုကျော် ဂျက်စတင်ဘီဘာ၏ အကြောင်းကို မှတ်တမ်းဇာတ်ကားအဖြစ် ဒါရိုက်တာဂျွန်ချူးက ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ မှတ်တမ်း ဇာတ်ကားအဖြစ် ရိုက်ကူးသွားမည့် ထိုဇာတ်ကားကို ဂျက်စတင်ဘီဘာ၏ ပရိသတ်များအတွက် ရိုက်ကူးရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။
ထိုမှတ်တမ်း ဇာတ်ကားရိုက်ကူးမည့် အချိန်ကိုမူ ထုတ်ပြန်ကြေညာထားခြင်း မရှိသော်လည်း ၂၀၁၁ ခုနှစ်ဖေ ဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြသရန် စီစဉ်ထားကြောင်း သိရသည်။
"ဂျက်စတင်ဘီဘာရဲ့နောက်ကြောင်းဇာတ်လမ်းကို လူအများက မသိရှိသေးပါဘူး။ ဒီမှတ်တမ်းဇာတ်ကားမှာ လူတွေမသိသေးတဲ့ အကြောင်းအရာတွေကို တင်ဆက်သွားပါမယ်"ဟု ဒါရိုက်တာ ဂျွန်ချူးက သတင်းထုတ်ပြန် ပြောဆိုခဲ့သည်။
ဂျက်စတင်ဘီဘာသည် You Tube မှတစ်ဆင့် အောင်မြင်လာသော ဆယ်ကျော်သက် အဆိုတော်တစ်ဦး ဖြစ်ပြီး ၂၀၀၉ ခုနစ်အတွင်းက ထွက်ရှိထားသော My World အယ်လ်ဘမ် နှင့် ယခုနှစ်အတွင်း ထွက်ရှိထားသော My World 2.0 အယ်လ်ဘမ်တို့မှာ အောင်မြင်မှု ရရှိထားသည်။ ဂျက်စတင်ဘီဘာကို နည်းပညာခေတ်အတွင်း ထွန်းတောက်လာသော အနုပညာရှင် လူငယ်တစ်ဦးအဖြစ် သတ်မှတ်ထားပြီး ဆယ်ကျော်သက် ပရိသတ်များ၏ အားပေးမှုကိုလည်း ရရှိထားခဲ့သူ ဖြစ်ပါသည်။
http://www.news-eleven.com
0 comments:
Post a Comment