Home » » အဆိုတော်မိုးမိုး နှလုံးသွေးကြောပိတ် ဝေဒနာကြောင့် အနုပညာလုပ်ငန်းအချို့ ရပ်နားခဲ့ရ

အဆိုတော်မိုးမိုး နှလုံးသွေးကြောပိတ် ဝေဒနာကြောင့် အနုပညာလုပ်ငန်းအချို့ ရပ်နားခဲ့ရ

Written By မောင်စေတနာ on Wednesday, August 18, 2010 | 10:23:00 PM

အဆိုတော် မိုးမိုးသည် နှလုံးသွေးကြောပိတ် ဝေဒနာ ဖြစ်ပွားမှုကြောင့် အနုပညာလုပ်ငန်း အချို့အား ရပ်နားခဲ့ရကြောင်း အဆိုတော်မိုးမိုး က ပြောပါသည်။

"ဆာတိုရီနဲ့ ရိုက်ဖို့ ပြောထားတဲ့ ဇာတ်ကားတစ်ကား၊ နေပြည်တော်မှာ ဆိုမယ့်စတိတ်ရှိုးနဲ့ စင်ကာပူ ခရီးစဉ်တစ်ခုကို နှလုံးရောဂါကြောင့် ဖျက်လိုက်ရပါတယ်။ ဇူလိုင်လ ၂၃ ရက်နေ့မှာ ဆေးရုံက ပြန်ဆင်းလာပါတယ်။ သြဂုတ်လ ၁၆ နေ့ကစပြီး ဆေးရုံသုံးရက် ပြန်တက်ရပါမယ်။ ဒီတစ်ခါ ပြန်ဆင်းလာရင်တော့ အနုပညာလှုပ်ရှားမှုတွေကို ပုံမှန်ပြန်လုပ် နိုင်ပါပြီ"ဟု မိုးမိုးက ပြောကြားခဲ့ သည်။


မိုးမိုးသည် လတ်တလောတွင် သီချင်းရေးသားခြင်း၊ သီဆိုခြင်းတို့ ကို ခေတ္တရပ်နားထားပြီး နေအိမ်တွင် အနားယူလျက် ရှိနေကြောင်း သိရှိရသည်။ မိုးမိုးသည် သြဂုတ်လ ၁၈ ရက်နေ့ နောက်ပိုင်း ပထမဆုံးအနု ပညာလှုပ်ရှားမှု အဖြစ် ဒါရိုက်တာ မောင်မျိုးမင်း ရိုက်ကူးမည့် ဗီဒီယို ဇာတ်ကားတွင် စိုင်းစိုင်းခမ်းလှိုင်နှင့် အတူ ပါဝင်သွားမည်ဟု သိရှိရပါသည်။

http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။