Home » »ှလူကုန်ကူးမှု အများဆုံး ဖြစ်ပွားရာ ဒေသ များမှာရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ရန်ကုန်တိုင်း ဖြစ်ဟုဆို

ှလူကုန်ကူးမှု အများဆုံး ဖြစ်ပွားရာ ဒေသ များမှာရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ရန်ကုန်တိုင်း ဖြစ်ဟုဆို

Written By မောင်စေတနာ on Friday, August 13, 2010 | 4:54:00 AM



မြန်မာနိုင်ငံ တစ်ဝန်း လူကုန်ကူးမှု ဖြစ်ပွားသော မှုခင်း များကို ငါးနှစ်တာ စီမံကိန်း လေ့လာ တွေ့ရှိချက်များ အရ ဖြစ်ပွားမှု အများဆုံး ဒေသ များမှာ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ရန်ကုန်တိုင်း တို့ ပါဝင်ကြောင်း ယနေ့ ကျင်းပသော လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟို အစည်း အဝေးတွင် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ ငါးနှစ် စီမံကိန်း အရ ၂၀၀၆ မှ ၂၀၁၀ အထိ ကာလအား စိစစ် လေ့လာ ကြည့်ရာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ၌ ၂၅၃ မှု နှင့် ရန်ကုန်တိုင်း၌ ၇၃ မှု အထိ ဖြစ်ပွား ခဲ့ကြောင်း လေ့လာ သိရှိ ရသည်။


ထို့အပြင် လူကုန်ကူးမှု အဖြစ် အများဆုံးမှာ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ရန်ကုန်တိုင်းတို့ ဖြစ်ကြောင်း သိရှိ ရသည်။ “ရန်ကုန်မှာ လူကုန်ကူးမှု ဖြစ်တဲ့ မြို့နယ်ေ တွမှာ အားလုံးကို Target (ပစ်မှတ်) ထားရမယ် မဟုတ်ပါဘူး။ မြို့နယ် အားလုံး မဟုတ်ပါဘူး။ အထူး သဖြင့် ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ လှိုင်သာယာ၊ သန်လျင်၊ မြောက်ဥက္ကလာပ၊ ဒဂုံဆိပ်ကမ်း စတဲ့ ဆယ်မြို့နယ် လောက်ပဲ ပစ်မှတ် ထားရမှာပါ”ဟု လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ ဒုတိယ ရဲမှူးကြီး ရာလျှံမုန်းက ဆိုသည်။

ပြီးခဲ့သည့် နှစ်များအတွင်း လူကုန်ကူးမှု ဖြစ်ပွားမှုများ အရ ရှမ်းပြည်နယ် (မြောက်ပိုင်း) သည် ဖြစ်ပွားမှု အများဆုံး ဖြစ်ရခြင်းမှာ နယ်မြေ ဒေသ အရ နှင့် တစ်ဖက် တရုတ် နိုင်ငံ နှင့် ဆက်စပ်မှု ရှိခြင်းကြောင့် ဖြစ်သည်။ လူကုန်ကူးမှု တရားခံများ ဖမ်းဆီးမှု အရလည်း ရန်ကုန်တိုင်း တွင် လှိုင်သာယာ မြို့နယ်မှ ၃၄ ဦး၊ သန်လျင်မှ ၂၃ ဦး၊ မြောက်ဥက္ကလာ ၂၀ ဦး၊ ဒဂုံဆိပ်ကမ်းမှ ၁၉ ဦး စသည့် မြို့နယ် အလိုက် ဖြစ်ပြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ တရားခံ ဖမ်းဆီး ရမိ မှုမှာ ၅၁ ဦး၊ ကွတ်ခိုင် ၃၇ ဦး၊ သီပေါ ၁၅ ဦး၊ နမ့်ခမ်း ၁၄ ဦး စသည်ဖြင့် စာရင်း ဇယားများ အရ သိရကြောင်း 7 Day News ဂျာနယ်တွင် ဖော်ပြ ထားသည်။

http://www.htwd.info/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။