Home » » စင်္ကာပူရဲ့ တစ္ဆေကြီးပွဲတော် ရောက်ပြီနော် ဒါလေးတွေ သတိထားကြရအောင် ....

စင်္ကာပူရဲ့ တစ္ဆေကြီးပွဲတော် ရောက်ပြီနော် ဒါလေးတွေ သတိထားကြရအောင် ....

Written By မောင်စေတနာ on Friday, August 13, 2010 | 3:11:00 PM


p h o t o ; http://www.tropicalisland.de/singapore.html

* Posted by
KaeKae0 on
August 11, 2010 at 9:12pm

သူငယ်ချင်းတို့ကို ဒီတစ်ခေါက်မျှဝေချင်တာကတော့ တစ္ဆေကြီးပွဲတော်နဲ့ပတ်သက်နဲ့
ဗဟုသုတလေးတွေနဲ့ ထိုပွဲတော်ကာလအတွင်းမှာ သတိထားစေချင်တဲ့ အချက်လေးတွေပါ။

စလုံးမှာ ရောက်နေတာ နှစ်နဲ့ချီပြီးကြာနေပြီဖြစ်တဲ့ သူငယ်ချင်းတွေအနေနဲ့တော့ နှစ်စဉ် ၈လ
ပိုင်းမှာ စင်္ကာပူတရုတ်လူမျိုးတွေ ထုံးတမ်းစဉ်လာအရပြုလုပ်ကြတဲ့ တစ္ဆေကြီးပွဲတော်ဆိုတာ
ကို သတိထားမိကြပါလိမ့်မယ်။

ထိုပွဲတော်မှာ သူတို့တွေ ဘာတွေလုပ်ကြတာလဲ၊ အဓိကရည်ရွယ်ချက်ကဘာလဲ ဆိုတာကို
တစ်ချို့ သူငယ်ချင်းတွေအနေနဲ့ ကြားဖူးနားဝတော့ရှိ ချင်ရှိကြမယ်ထင်တယ်။ ထိုပွဲတော်နဲ့
ပတ်သက်ပြီး စိတ်ဝင်စားကြလိမ့်မယ်လို့ ထင်လို့  စုဆည်းရသမျှလေးတွေကို ဝေမျှလိုက်
တယ်နော်။





တစ္ဆေတွေဟာ တစ်နှစ်ပတ်လုံး ငရဲပြည်မှာ ငရဲခံကြလို့  ထို လွတ်လပ်ခွင့် အချိန်ရောက်ပြီ
ဆိုတာနဲ့ လူ့ ပြည်မှာရှိတဲ့ သူတို့ဆိုင်ရာ ဆွေမျိုးများဆီကို အပြေးအလွှားလာရောက်ကြသတဲ့။

လူ့ ပြည်က ဆွေမျိုးများကလည်း အစဉ်အလာရှိခဲ့အတိုင်း ကွယ်လွန်ကြပြီးဖြစ်တဲ့ မိမိတို့ရဲ့ ဆွေ
မျိုးတွေကို ရည်စူးပြီးသစ်သီးတွေ၊ မုန့်တွေ၊ အရက်တွေ၊ ရေနွေးတွေနဲ့ ပူဇော်ပသကြတယ်။

ရွှေစက္ကူငွေစက္ကူများ ကို ကွယ်လွန်ပြီးဆွေမျိုးများ တမလွန်ဘ၀မှာ အလိုရှိရာအသုံးပြုနိုင်ဖို့ 
ကို ရည်ရွယ်ပြီးမီးရှို့ ပေးကြသေးတယ်။ဒါတွေကတော့ ယေဘူယျအားဖြင့် သူငယ်ချင်းတို့လည်း
သိပြီးသားဖြစ်ချင်ဖြစ်နေမှာနော်။

အဓိကပြောချင်တာကတော့ အဲ့ဒီကာလမှာ သတိထားစရာအချက်လေးတွေပါ။

ဒို့ တစ်တွေက ဗုဒ္ဓဘာသာတွေဆိုပေမယ့် သူများနိုင်ငံမှာရောက်နေတော့ သူတို့နိုင်ငံမှာ ပြု
လုပ်လေ့ရှိတဲ့ ဓလေ့ထုံးစံတွေကို မယုံချင်နေလို့ရပေမယ့် တစ်ချို့ အပိုင်းတွေမှာ လိုက်နာစရာ
တွေ သတိပြုစရာတွေကိုလည်း လစ်လျူမရှုသင့်ဘူးလို့ထင်တယ် - နော်။

ကဲ..... တစ္ဆေကြီးပွဲတော်ကာလမှာ ဘာတွေရှောင်ကြဉ်ရမလဲဆိုတာ လေ့လာကြည့်ရအောင်

၁။ အိပ်ယာ ကုတင်ဦးပိုင်းမှာ ချူ၊ ခေါင်းလောင်းကလေးများ ချိတ်ဆွဲမထားပါနဲ့ တဲ့-
လေတိုက်လို့ ထွက်ပေါ်လာတဲ့ခေါင်းလောင်းသံက တစ္ဆေတွေကို ဖိတ်ခေါ်သလိုဖြစ်တတ်ပါသတဲ့။

၂။ ထိုကာလအတွင်း ခြေသလုံးမွှေးများကို မနှုတ်ပါနဲ့ တဲ့- ခြေသလုံးမွှေးတစ်မွှေးက တစ္ဆေ၃ကောင်
ကို နိုင်ပါသတဲ့- ဒါ့ကြောင့်ခြေသလုံးမွှေးပေါတဲ့သူအနားဆိုရင် တစ္ဆေတွေက မကပ်ရဲလို့ပါတဲ့။

၃။ ညအချိန်ပိုင်းမှာ အ၀တ်များကို ချိတ်လှမ်းခြင်းမပြုပါနဲ့တဲ့- တစ္ဆေတွေက
ချိတ်ထားတဲ့ အ၀တ်တွေကိုမြင်လို့  ကြိုက်သွားရင် ယူဝတ်ပြီး လျှောက်သွား
တတ်လို့ပါတဲ့- နောက်ပြီး သူတို့ရဲ့ အနံ့အသက်တွေချန်ရစ်ခဲ့တတ်တယ်တဲ့။

၎။ ညအချိန်မတော်မှာ နာမည်ကို အကျယ်ကြီးအော်မခေါ်ပါနဲ့တဲ့- တစ္ဆေတွေဟာ
ထိုနာမည်ကိုမှတ်သားထားတတ်လို့ပါတဲ့။

၅။ ညအချိန်မှာ ဟိုကြည့်ဒီကြည့် လျှောက်မကြည့်ပါနဲ့တဲ့။ ဘာလို့လဲဆိုတော့
တစ္ဆေတွေက ခြောက်လှန့်တတ်လို့ပါတဲ့။

၆။ ညတစ်ညလုံး အိပ်ရေးပျက်မခံသင့်ပါဘူးတဲ့- လူတွေရဲ့ ကံဟာ ညအချိန်မှာ အားနည်းတတ်ပေမဲ့
တစ္ဆေများရဲ့ ကံကမြင့်တတ်တာကြောင့် ခြောက်လှန့်ခြင်း၊ ပူးကပ်ခြင်းများ ဖြစ်တတ်လို့ပါတဲ့။

၇။ နံရံများအား မှီကပ်ခြင်းကို ရှောင်ကြဉ်ပါတဲ့- တစ္ဆေများဟာ နံရံမှာကပ်ပြီးအနားယူရတတ်ကြ
လို့ပါတဲ့နံရံကအေးတယ်မို့လား- ထိုအချိန်မှာ အလွယ်တကူ သရဲပူးခြင်းများ ဖြစ်နိုင်လို့ပါတဲ့။

၈။ ညအချိန် လမ်းပေါ်မှာ မိမိအမည်(သို့) အသံတစ်စုံတရာပေးမှုကို ပြန်လည်မထူးပါနဲ့တဲ့
ထိုသို့ ကြားခဲ့ရင်လည်း ခေါ်တဲ့သူ အသံပြုတဲ့သူက တစ္ဆေများဖြစ်တတ်လို့ပါတဲ့။

၉။ ထိုကာလမှာ မိမိကို တခြားသူတယောက်ယောက်မှ ပုခုံးပုတ်ခြင်း
ပုခုံးဖက်ခြင်းများကို လက်မခံသင့်ပါဘူးတဲ့အကြောင်းကတော့ လူရဲ့
ခံန္ဒာကိုယ်ရဲ့ အပိုင်း ၃ပိုင်းမှာ ကံမြင့်စေတဲ့ မီးတောက် ၃ခုရှိနေလို့ပါတဲ့။
ငယ်ထိပ်နဲ့ ပုခုံး၂ ဖက်တို့မှာ ကံကြမာရဲ့ မီးတောက်များရှိနေပါတယ်တဲ့။
တကယ်လို့ တစ်ဦးတစ်ယောက်ကလာရောက်ထိတွေ့ လျှင်ထိုမီးတောက်
များကို ငြိမ်းစေနိုင်လို့ပါတဲ့။ အဲ ငြိမ်းသွားခဲ့ရင်တော့တစ္ဆေများမှကိုယ့်ကို
ခြောက်လှန့်ခြင်း၊ ပူးကပ်ခြင်းများပြုလုပ်နိုင်လို့ပါတဲ့။

၁၀။ အိပ်ယာဝင်ချိန်မှာ ဖိနပ်များကို ကုတင်ဆီသို့  ဦးတည်ပြီး မထားသင့်ပါဘူးတဲ့- တစ္ဆေတွေက
ဖိနပ်ဦးတည်ရာမှာ လူသားတွေရှိနေတတ်တာ သိရင် သူတို့လည်း တူတူ ၀င်အိပ်တတ်လို့ပါတဲ့။

၁၁။ အစားစားချိန် ထမင်းပန်းကန်အလယ်မှာ တူ၊ ဇွန်း ခက်ရင်းများကို စိုက်မထားပါနဲ့တဲ့- ထိုပုံစံက
တစ္ဆေများကို ဖိတ်ခေါ်တဲ့ပုံစံဖြစ်လို့ သူတို့လည်း တူတူလာစားတတ်လို့ပါတဲ့။

၁၂။ ညအချိန်မှာ ဓါတ်ပုံရိုက်ခြင်းကို ရှောင်ကြဉ်ပါတဲ့- တစ္ဆေများကိုပါ ရိုက်မိသွားပြီး
ထိုပုံနှင့်အတူ မိမိအိမ်သို့ လိုက်ပါနိုင်လို့ပါတဲ့။

၁၃။ တစ္ဆေများကို တင်မြှောက် ပူဇော်ထားတဲ့ အစားအသောက်များကို မထီမဲ့မြင်ပြုခြင်
ခိုးယူခြင်းများ ပြုလုပ်ခြင်းကို အထူးဆင်ခြင်ရပါမယ်တဲ့- ထိုသို့ ပြုမှုမိပါက နားမလည်နိုင်
သော၊ ဖြေရှင်းမရနိုင်သောမလိုလားအပ်တဲ့ ကံဆိုးမှုများနဲ့ ကြုံတွေ့ တတ်လို့ပါတဲ့။

ကဲ - သူငယ်ချင်းတို့ ရေ တစ္ဆေကြီးကန်တော့ပွဲကာလမှာ သတိထားစရာအချက်
ကလေးတွေကတော့ ဒို့ သိသလောက်တော့ ဒီလောက်ပါပဲကွယ်။ စိတ်ဝင်စားသော
တခြားသူငယ်ချင်းများကို လက်တို့ပြီးတော့ပြောပြလိုက်အုန်းနော်။

သြော် - သူငယ်ချင်းတို့ အနေနဲ့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး တစ်ခြား သိထားတဲ့
ဗဟုသုတလေးဘာလေးများ ရှိသေးရင်လည်း ပြောပြပေးသွားပါအုန်းလို့ ။

(မိမိသိခဲ့ရသမျှ ဗဟုသုတများကို ဝေမျှခြင်းဖြစ်ပါသည်။ အမှားအယွင်းတစ်စုံတစ်ရာ ပါခဲ့ပါက နားလည်ခွင့်လွှတ်ပေးစေချင်ပါသည်။)

ကျေးဇူးအထူးတင်လျှက်
ခင်မင်လေးစားမှုများစွာဖြင့်
ကဲကဲ0
http://myanmarinsingapore.com မှ မျှဝေပါသည်။
Share this article :

1 comments:

HW said...

ကျွန်တော်တို့ မကာအိုမှာလည်း တစ္ဆေကြီးပွဲတော်ရှိတယ်ခင်ဗျ အခုအတိုင်းသာဆို ကျွန်တော့်အလုပ်နဲ့ တော့တွေကြပြီခင်ဗျ ကျွန်တော်က ညစောင့်လုံခြုံရေးလေ ညဘက်ဟိုကြည့်ဒီကြည့်မလုပ်ပဲဘယ်နေလို့ ရမှာလည်းခင်ဗျ နောက်ပြီးညဘက်အိပ်ရေးလည်းအပျက်ခံရသေးတာ တတ်နိုင်ဘူး ကျွန်တော်တော့ ခြေသလုံးမွှေး ၃၊၄ပင်လောက်နှုပ်ပြီး အိပ်ထဲဆောင်ထားလိုက်မယ် တော်သေးရဲ့ကျန်ကျန်ဖန်ဖန် ခြေသလုံးမွှေးမှကြောက်ရတယ်လို့ 

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။