အပိုင်း ၂
ဒီနေ့ လပြည့်နေ့လေးမို့ လမင်းကြီးက သာယာ
လျှက် ရှိပါတယ်။ ကောင်းကင် ပေါ်က မှိတ်တုတ်
မှိတ်တုတ် လင်းလက်နေတဲ့ ကြယ်လေးတွေကို
ကြည့်ရင်းရှေ့ဆက်ရမဲ့ ကျွန်တော်ရဲ့ အကြောင်း
လေးကို တွေးတောနေခိုက် .....
ဟိတ် ....
နေဇော်
ဟာ့ ...
ဇင်မာ
ငါလန့်သွားတာပဲဟ ...
နင်လန့်အောင်
ငါစလိုက်တာ
ဟီးဟီး ...
အင်းပါ အင်းပါ ...
ဒီနေ့ လပြည့်နေ့လေးမို့ လမင်းကြီးက သာယာ
လျှက် ရှိပါတယ်။ ကောင်းကင် ပေါ်က မှိတ်တုတ်
မှိတ်တုတ် လင်းလက်နေတဲ့ ကြယ်လေးတွေကို
ကြည့်ရင်းရှေ့ဆက်ရမဲ့ ကျွန်တော်ရဲ့ အကြောင်း
လေးကို တွေးတောနေခိုက် .....
ဟိတ် ....
နေဇော်
ဟာ့ ...
ဇင်မာ
ငါလန့်သွားတာပဲဟ ...
နင်လန့်အောင်
ငါစလိုက်တာ
ဟီးဟီး ...
အင်းပါ အင်းပါ ...
နင် မအိပ်သေးဘူးလား
ဘာတွေ တွေးနေတာလဲ
နေဇော်
နင်ရော မအိပ်သေးဘူးလား
ဟင့်အင်း ...
ငါ အိပ်မပျော်ဘူး
နေဇော်
ငါလည်း အိပ်မပျော်ဘူး
အတူတူပဲနော် ..... ဒါဆို
ငါ နင့်အကြောင်းတွေးနေလို့
နေဇော်
ဟ ဟ
ဟုတ်လား ဇင်မာ
ဘာတွေ တွေးနေတာလဲ
နင်က ...
ငါလေ
နင်နဲ့ ခွဲရတော့မှာ ဆိုတော့ ငါစဉ်းစားနေတာ
နင်မရှိရင် ငါ အရမ်းပျင်းနေမှာ နေမှာ ပဲလို့
အင်းလေ
ငါလည်း အတူတူပဲလေ ...
နေဇော်
နင်ငါ့ကို ကတိပေးရမယ်နော်
နင် ငါ့ကို မမေ့ပါဘူးလို့
အင်းပါ .. ငါကတိပေးပါတယ်
ဒါဆို နင်ငါ့ကို ကျိန်ပြရမယ်နော်
နင်ကလေ ငယ်ငယ်ကတုန်းကလိုပဲ သိလား
ဒါပဲ ... တစ်ခုခု ပြောလိုက်ရင်သိလား
မရဘူး မရဘူး
ကျိန်ပြရမယ်နော် ....
အင်းပါ ...
နင် နားထောင်နော်
ကျွန်တော် ငယ်ငယ်လေးကတည်းက အရမ်းခင်ပြီး ကျွန်တော့်
အပေါ်မှာ အရမ်းကောင်းတဲ့ ကျွန်တော့် သူငယ်ချင်းလေး ဇင်မာ
ကို ကျွန်တော် ဘယ်ကိုပဲ ရောက်ရောက် လုံးဝမမေ့ပါဘူး ....
တကယ်လို့ ကျွန်တော် မေ့နေပါက အဆိုးတစ်ခုခု ကျွန်တော်
မှာဖြစ်ပါစေ ....
ကဲ .... ရပြီလား
သူငယ်ချင်း ...
အင်း ..... ရပြီ
ဒါကြောင့် ငါခင်နေရတာ
နင်ကလေ ငါ့စကားကို နားထောင်တယ်။
အင်းလေး
နားထောင်ရတာပေါ့နင်က
ငါ့ရဲ့ သူငယ်ချင်းလေ ...
နောက်ပြီး နင်က ဆရာမကြီးလေ
ဟိဟိ ...
နေဇော်
နင်မနောက်နဲ့ဟ ...
အင်း
မနောက်တော့ဘူး
ဟုတ်ပီလား ...
နေဇော်
ငါ သွားအိပ်တော့မယ်နော်
ငါ အိပ်ချင်နေပြီ။
နင်လည်း အိပ်တော့နော်
ဟုတ်ပါပြီဗျာ...
ဂွတ်နိုက်နော်
နေဇော် ...
အင်း .....
ဇင်မာ
ဇင်မာ အိပ်ကိုပြန်သွားတော့ ကျွန်တော့် အဖေက အိပ်ဖို့
လှမ်းခေါ်တာနဲ့ ကျွန်တော်လည်း အိပ်ရာဝင်လိုက်တယ်။
စိတ်ထဲက အိပ်ချင်စိတ် သိပ်မရှိ တော်တော်နဲ့ လည်း
အိပ်မပျော်ပါ။ ဇင်မာ အကြောင်းကိုပဲ တွေးနေမိတယ်။
သူနဲ့ကျွန်တော် သူငယ်ချင်းတွေ ဆိုပေမဲ့ တစ်ယောက်နဲ့
တစ်ယောက် အရင်းနှီးဆုံး သံယောဇဉ်နဲ့ ကျွန်တော် ခင်
နေမိတာပါ။ ကျွန်တော့်ရင်ထဲက သူ့ကို အရင်း နှီး ဆုံး
သံယောဇဉ် တစ်ခုလို့ သတ်မှတ်ထားတာပါ။သူ့အကြောင်း
တွေ တွေးရင်းနဲ့ ကျွန်တော် အိပ်ပျော်သွားတယ်။
အပိုင်း ၃ သို့ ဆက်လက်ဖတ်ရှုပါရန်
အပိုင်း ( ၁ ) ကို ဖတ်ချင်တယ်ဆိုရင်
ဒီမှာနော်
ချစ် ခြင်း အား ဖြင့်
8:56 pm
28.8.2010
8:56 pm
28.8.2010
2 comments:
ကောင်းပါ၏ သို့ သော် အပိုင်းတခုတစ်ခုက အရမ်းတိုနေသလားလို့  ဖတ်ရတာ ဟဲဟဲ (ကိုဇော်ပြောထားလို့ ဟိုစကားမသုံးတော့ဘူး)
ရိုးရိုးပဲပြောမယ် ဖတ်ရတာအားမရဘူးဗျာ
ဖတ်ရတာ ဖီလင်တစ်မျိုးလေးပဲ
ဒါမျိုးလေးလဲ ရေးတတ်ပါလားဟ
သားသားရ..:P
အားပေးနေတယ်
နောက်တစ်ပိုင်းလာထား
Post a Comment