မသေခင် ချစ် သေလျှင် ပစ် အနှစ် မပါ ကိုယ် ခန္ဓာ
ဘ၀အဆင့်တန်းမြင့်ဖို့ ၀ိပဿနာ ဘာဝနာတရားကို သံဝေဂတင်ပြီး
ကျိုးစားအားထုတ်မှ ခန္ဓာရတဲ့ဆင်းရဲခြင်း ငါ့အလိုမလိုက်မှူ့ မမြဲမှူ့
အစိုးမရမှူ့ တွေဆင်ချင်နိုင်ပြီး ခန္ဓာရတိုင်းဘ၀ကိုရတိုင်း အို-နာ-သေ
အသေမလွတ်ပါလား။
သိမြင်ပြီး ချမ်းသာခြင်း အစစ် အားကိုးရာ အစစ်
မြတ်စွာဘုရား အဆုံးမ တရားတွေကိုကျင့်ကြံရမည်ကိုနားလည်နိုင်စွမ်း
ရပြီး အယူမှား အမှတ်မှားတွေ ပယ်သတ် ကာ သမထ ၀ိပဿနာ
အားထုတ်မှ ချမ်းသာခြင်း အစစ် ရမည် သိမြင်နိုင်ရန် ..
မေတ္တာရှေ့ထား၍ သတိပေးတိုက်တွန်းအပ်ပါတယ်။
ကိုယ့်စိတ် ကိုယ်စစ် ကြည့်ပါ။
ဒီနေ့ ရန်ကုန်က ကျွန်တော်ရဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ညီမ ဝမ်းကွဲ
တစ်ယောက်ဆုံးတယ်ဗျ။ ဖျားပြီတော့ သေသွားတာအမှဲ့ရောင် ဦးနှောက်
မှေးရောင် ရောဂါလို့ ပြောတယ်။အသက်က 18 နှစ်ပဲ ရှိသေးတယ်ဗျာ။
ဒီအရွှယ်လေးဟာ အသက်ငယ်သေးတယ်လို့ဆိုပေမဲ့ လူ့ဘဝ ဆိုတာ
ဘယ်အချိန်မှာ ဘယ်လိုသေဆုံးမယ်။ ဘယ်ရောဂါနဲ့သေဆုံးမယ်ဆိုတာ
ဘယ်နေရာမှာ သေဆုံးမယ်ဆိုတာတွေကို ဘယ်သူမှ မသိကြပါဘူး။
မွေးဖွားခြင်း ရှိနေသမျှ သေဆုံးခြင်းဆိုတာ ရှိနေဦးမှာပါ။
သေဆုံးတာဟာ အသက်ကြီးတာ ငယ်တာ အဆန်းမဟုတ်ပေမဲ့ ဘယ်
အချိန်သေဆုံးမှာလဲ။ ဘယ်သူမှ မသိကြပါဘူး။ မသေခင်အချိန်လေးမှာ
မိမိနောက် ပါမဲ့ ကုလိုလ်ကောင်းမှု လေးတွေ ပြုလုပ်ရင်းနဲ့ လက်ရှိဘဝ
လေးကို တန်ဖိုးရှိရှိနဲ့ အဓိပ္ပာယ်ရှိစွာနဲ့ မမေ့မလျှော့ သတိတရားနဲ့နေ
ထိုင်ကြဖို့ ရည်ရွှယ်၍ တင်ပေးလိုက်ပါတယ် ခင်ဗျား။
အောက်ဖော်ပြပါ ဓာတ်ပုံများကို ကြည့်ရင်း သံဝေဂ တရားယူကြပါ။



























.jpg?width=750)

0 comments:
Post a Comment