Home » » 2010 သြဂုတ်လ အတွက် ဗေဒင် ဟောစတမ်း

2010 သြဂုတ်လ အတွက် ဗေဒင် ဟောစတမ်း

Written By နေဇော်လင်း1 on Thursday, August 5, 2010 | 1:38:00 PM


2010 သြဂုတ်လအတွက် ဟောစတမ်း ဆရာမျိုးဟန်ကို (မလေးရှား-ကေအယ်)



Photobucket



၁။ တနင်္ဂနွေသားသမီးများ


ဒီလတွေမှာ လိုချင်တာတွေ မရသေးဘူး။ မလိုချင်တာတွေ မရလာလိမ့်မည်။ အလုပ်အကိုင်တွေ အဆင်ပြေနေပေမဲ့ အလုပ်အတွက်နဲ့ စိတ်ညစ်နေရမည်။ အပြောင်းအလဲ တစ်ခုခုဖြစ်မည်။ ငွေကြေးအတွက်နဲ့ စိတ်ညစ်နေရမည်။ ရုက်တစ်ရက် ငွေကုန်ကျမှုများ ရှိပါသည်။ ဒီလတွေထဲ အနည်းငယ် စိတ်ညစ်နေရမည်။ ငွေကြေးများကုန်ကျမှု များနေမည်။ ခရီးကိစ္စများ အဆင်ပြေမည်။ အချစ်ရေးမှာ ချစ်သူနဲ့အဆင်ပြေနေပေမဲ့ စကားပြောဆိုမှုများ အဆင်မပြေပဲ ဖြစ်နေမည်။ အိမ်ထောင်ရေးမှာ အဆင်ပြေမဲ့အချိန်လေးပါ။ဒီလအတွင်း ကျန်းမာရေးမှာ ဦးခေါင်းပိုင်း ကျန်းမာရေးညံနေမည်။
ယတြာ = ကံကောင်းစေရန်အတွက် ဘုရားတွင် မိမိမွေးနေတွင် ပန်းကန်ပြား တစ်ချပ်ပေါ်တွင် ဖယောင်းတိုင် ၁ တိုင်ထွန်း၍ လိုရာဆုတောင်းပါ။
အကျိုးပေးသောဂဏန်း ။ ။ 2 1 3 7


၂။ တနင်္လာ သားသမီးအတွက်


ဒီလအတွင်း မိမိဖြစ်ချင်တာတွေ မျှော်လင့်တာတွေ တွေ့ရလိမ့်မယ်။ နေရာသစ် ရရှိမည်။ အလုပ်အကိုင်များတွင် အထက်လူကြီးနဲ့ ပက်သက်ပြီး အခက်ကြုံနေရမည်။ ငွေဝင်မည့် လမ်းစပေါ်မည်။ ငွေကြေးကိစ္စများတွေမှာ အဆင်ပြေနေမည်။ ငွေရဖို့ သေချာနေပြီ ငွေဝင်နေမည်။ ခရီး ယာယီတွေသွားမယ် ဆိုရင် မိမိရဲ့ အဖော်နဲ့ သွားပါ အကျိုးရှိပါသည်။အချစ်ရေးမှာ ဆွတ်ပျံ့ဖွယ်ရာ အချစ် ဇတ်လမ်းလေး တွေ့ရမည်။အိမ်ထောင်ရေးမှာ အခုအချိန်မှာ အတွဲညီနေမဲ့ အချိန်လေးပါပဲ။ ကျန်းမာရေး သင့်တင့်လေးပါ ခါးနာ ဒူးနာ ဖြစ်နေမည်။
ယတြာ = ဘုရားတွင် ပန်း အနီရောင် ၇ ပွင့်တင်လှူ၍ လိုရာဆုတောင်းပါ။
အကျိုးပေးသောဂဏန်း ။ ။ 1 7 1 6


၃။ အင်္ဂါသားသမီးအတွက်


ဒီလတွေမှာ မိမိရည်ရွယ်နေသာ စိတ်ကူးများ အသေးအဖွဲ့ ကိစ္စလေးတွေ အရင်ပြည့်မှာပါ။ အလုပ်ကိစ္စများ ရှိနေပါက အမြန်ဆုံး သွားတွေ့လိုက်ပါ။ အဆင်ပြေမဲ့ အချိန်လေးပါပဲ။ စီးပွားရေးမှာပုံမှန် လေးပါ။ ငွေကြေးကတော့ တဖြည်းဖြည်း ပြည့်စုံလာမဲ့ အချိန်လေးပါ။ အဆင်ပြေလာမည်။ ခရီးသွားတွေကတော့ အဆင်ပြေပါသည်။အချစ်ရေးမှာ နီးမလိုလိုနဲ့ ဝေးနေရမည်။အိမ်ထောင်ရေးမှာကတော့ စကားများနေရမဲ့ အချိန်လေးပါပဲ။ ကျန်းမာရေးမှာ ခေါင်းမူး ၊ ခေါင်းကိုက် ဖြစ်နေမည်။
ယတြာ = ဆင်းရဲ့သောသူ တစ်ယောက်ကို ဆပ်ပြာလှူ၍ကံကောင်းလာစေရန်အတွက် ဆုတောင်းလိုက်ပါ။
အကျိုးပေးသော ဂဏန်း ။ ။ 3 9 4 0




၎။ ဗုဒ္ဓ္ဓဟူးသားသမီးအတွက်


ဒီလအတွင်း ဆန္ဒတွေဟာ မပြည့်စုံသေးပါဘူး။ အထက်လူကြီးတွေနဲ့လည်း သိပ်ပြီးအဆင်မပြေသေးပါဘူး။ သွားမတွေ့ သင့်ပါ။ ဒီလအတွင်းမှာ စိတ်ညစ်ပြီး အလုပ်လုပ်နေရမည်။စီးပွားရေးမှာ ခဏလေးတော့ စောင့်ရဦးမည်။ ငွေကြေးကိစ္စများကတော့ ချက်ချင်းလိုတဲ့ ငွေကိုချက်ချင်း ရှာလို့ မရဘူးနော်။ သဘောက ခဏစောင့်ရဦးမှာပါ။ စိတ်နှစ်ခွ ကိုယ်နှစ်ခွ ဖြစ်နေမည်။ သူတစ်ပါးအတွက်နဲ့ ရုတ်တစ်ရက် ငွေကုန်ကျမှုများ ရှိပါသည်။ ခရီးတွေက ရုတ်တစ်ရက်သွားလာခြင်း ရှောင်ပါ။ သူတစ်ပါးကိစ္စတွေနဲ့ အလုပ်ရှပ်နေမည်။ အချစ်ရေးမှာ အဆင်ပြေနေမည်။ အိမ်ထောင်ရေးကတော့ ခဏယာယီခွဲခွာ နေရမည်။ ကျန်းမာရေးမှာ အိပ်ရေးပျက်မည်။ ဗိုက်နာ ဗိုက်အောင့် ဖြစ်မည်။
ယတြာ = မိမိနေအိမ်တွင် သန့်ရှင်းရေးလုပ်ပါ။ ကံကောင်းလာစေရန်အတွက် ဆုတောင်းပါ။
အကျိုးပေးသောဂဏန်း ။ ။ 1 3 8 1


၅။ကြာသပတေးသားသမီးများ


ဒီလအတွင်းမှာ စိတ်မောလူမော ဖြစ်နေရမည့် အချိန်လေးပါ။ အလုပ်အကိုင်များ ပုံမှန်လေးပါပဲ ပြုလုပ်နေရမည်။ အထက်လူကြီးနဲ့ ပြောဆိုပါက အဆင်မပြေသေးပါဘူး။ ငွေကြေးကိစ္စများ ငွေကတော့ ရစရာတွေ ဘယ်မှာနေမှန်းမသိပေမဲ့ ဒီလထဲမှာ ကုန်စရာတွေက အများကြီးပါ။ မိမိမျှော်မှန်းနေသော ကိစ္စများ အဆင်မပြေသေးပါ။ ခရီးတွေကတော့ အခု အချိန်မှာ မသွားတာ ကောင်းပါတယ်ဗျာ။သူတစ်ပါးကိစ္စများမှာလည်း ပါဝင်ကူညီရမည်။ မိမိရဲ့ သုံးနေသော ပစ္စည်းများ ပျောက်ရှတာတို့ ပျက်တာတို့ ဖြစ်မည်။အချစ်ရေးမှာ အဆင်ပြေဖို့ မရှိသေးပါဘူးဗျာ။ အိမ်ထောင်ရေး မှာရန်များနေရမည်။ ကျန်းမာရေးမှာ ဗိုက်နာ ဗိုက်အောင့် ဖြစ်မည်။
ယတြာ = ပန်းသီး ၃ လုံးကိုအိမ်ဘုရားတွင် တင်လှူ၍ ကံကောင်းလာစေရန် အတွက်ဆုတောင်းယူပါ။
အကျိုးပေးသောဂဏန်း ။ ။ 2 3 1 0


၆။ သောကြာသားသမီးများ


ဒီလအတွင်း မိမိရဲ့ စိတ်ကူးလေးတွေဟာ အချိန်တွေ အရမ်းကြာမှ ဆန္ဒလေးတွေ ပြည့်စုံလာမယ်။ အလုပ်အတွက်နဲ့ စီးပွားရေးအတွက်နဲ့ ပုံမှန်လေးပြုလုပ်သင့်တဲ့အချိန်လေးပါပဲ။ အထက်လူကြီးတွေနဲ့ စကားပြောဆိုတာတို့ လုပ်ကိုင်တာတို့ အဆင်ပြေပါသည်။ အလုပ်အကိုင်စီးပွားရေး ငွေကြေးကိစ္စများ ပုံမှန်လေးပါပဲ။ တဖြည်းဖြည်း ပြည့်စုံလာမှာပါ။ စိတ်မညစ်ပါနဲ့။ခရီးကိစ္စများ သွားလာမှုများ သွားလိုက်ပါ။ အဆင်ပြေပါသည်။အချစ်ရေးမှာ ရည်ရွှယ်နေပေမဲ့ အဆင်မပြေပါဘူး။အိမ်ထောင်ရေးမှာတော့လိုက်ဖက်ညီနေပါတယ်။ ယခုလကျန်းမာရေးမှာ အိပ်ရေးပျက်တာတို့ စိတ်ပင်ပန်း တာတို့ဖြစ်နေမည်။
ယတြာ=ပန်းကန်ပြားတစ်ချပ်တွင် ပန်းပွင့် ၉ ပွင့်ထည့်၍ အိမ်ဘုရားတွင် တင်လှူ၍ ကံကောင်းလာစေရန် အတွက်ဆုတောင်းယူပါ။ အကျိုးပေးသောဂဏန်း ။ ။ 6 4 7 2


၇။ စနေသားသမီးများ


ဒီလအတွင်းမှာ ရည်ရွှယ်တာလေးတွေ အောင်မြင်နေမည်။ အလုပ်ကိစ္စများ စီးပွားရေးကိစ္စတွေမှာတော့ အဆင်ပြေလာမည်။
အထက်လူကြီးနဲ့ အတူတူပြုလုပ်ဆောင်ရွှက် တာတွေ သိပ်အဆင်မပြေဘူး ဖြစ်နေပါသည်။အလုပ်ထဲ စိတ်မပျော်ပဲ အလုပ်လုပ်နေရမည်။ လူတစ်ခြား စိတ်တစ်ခြား ဖြစ်နေတာပါ။ငွေကြေးကိစ္စတွေမှာ အဆင်မပြေသေးပါဘူးဗျာ မရခင်ကကုန်ကုန်နေလို့ စိတ်ညစ်နေရမည်။ ငွေကတော့ ဝင်လာမှာပါ။ ခရီးကိစ္စများ သွားလာမှု အဆင်မပြေသေးပါဘူး။ ဒီလအတွင်း စနေသားသမီးများ အပြောင်းအလဲ တစ်ခုခုဖြစ်မည်။ အချစ်ရေးကတော့ လွမ်းနေရမည်။အိမ်ထောင်ရေးကတော့ ရန်ဖြစ်နေမည့် အချိန်လေးပါ။ အခုလ ကျန်းမာရေး အနေနဲ့ ဦးခေါင်းပိုင်း ကျန်းမာရေးညံ့မည်။ ခေါင်းမူးတာတို့ ဖြစ်မည်။
ယတြာ = အုန်းညွန့် ၃ ညွန့်ကို စနေနေ့ နံနက် ၉ နာ၇ီ ၄၅ မီနစ်တွင် မိမိရဲ့အိမ်ဘုရားတွင် တင်လှူရင်း လိုရာဆုတောင်းယူပါ။ ကံကောင်းလာမည်။
အကျိုးပေးသော ဂဏန်း ။ ။ 5 6 5 6


http://www.myohanko.br.ms


E-mail; myohankonew@gmail.com


Ph; 016- 606 1917 , 017- 226 0715



စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ ........


1. {57+33+7+55+21} 2. {55+59+10+33+16} 3. {38+63+21+2+39} 4.
{40+56+12+26+13}5. { 44+24+16+24+23+23} 6.{50+ 43+4+26+64}
7.{10+33+22+60+56}

Share this article :

1 comments:

ကိုကိုးအိမ် said...

အိုး... ဗေဒင်ကမှန်လိုက်တာ.. လေးစားသွားပြီဗျာ

ခင်မင်လျှက်
ကိုကိုးအိမ်

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။